အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ လာမင်း ယာမယ် ကတော့ Kopa Trophy ကို ရရှိပြီး တစ်နှစ် အကြာမှာပဲ ဘယ်လွန်ဒေါဆုကို ဆွတ်ခူးဖို့ ရေပန်းအစားဆုံး ဖြစ်နေခဲ့ပါတယ်။ လက်ရှိမှာ ဘယ်လွန်ဒေါဆုကို ဆွတ်ခူးဖို့ အတွက် ပီအက်စ်ဂျီ တိုက်စစ်မှူး အူစမန်နီ ဒမ်ဘီလီက အဖြစ်နိုင်ဆုံး ဆိုပေမယ့် ယာမယ် ကလည်း မျှော်လင့် အပြည့် ရှိနေဆဲပါ။
ဒါပေမယ့်လည်း José Ramón de la Morena ရဲ့ Podcast အစီအစဉ်မှာ စပိန် တိုက်စစ် ကြယ်ပွင့်လေး ယာမယ်က သူ့ရဲ့ အသက်မွေးဝမ်းကြောင်း ကာလအတွင်း တစ်ဦးချင်း ဆုတံဆိပ်တွေထက် အသင်းနဲ့ အတူ အရာရာကို အနိုင်ရဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
“ကျွန်တော့် သူငယ်ချင်းတွေကို ပြောထားပါတယ်။ ဘယ်လွန်ဒေါဆု ရဖို့ အိပ်မက် မမက်ထားပါဘူး၊ အောင်နိုင်မှု များစွာ ရဖို့ပဲ အိပ်မက်မက်နေပါတယ်။ လို့ ယာမယ်က ဆိုပါတယ်။ “နောက်ဆုံး မှာတော့ ကျွန်တော်က ဒါကို အောင်မြင်အောင် စွမ်းဆောင်နိုင်တဲ့ ကစားသမား တစ်ယောက်လို့ ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်ပါတယ်။ ဒါကို မအောင်မြင်ရင် ကျွန်တော် မှန်ကန်တဲ့ နည်းလမ်းကို မလုပ်ဆောင်နိုင်လို့ ဒါမှမဟုတ် ကျွန်တော် မလိုချင်လို့ ဖြစ်မှာပါ။ ဒါကြောင့် ကျွန်တော် အောင်မြင်မှုတွေ အများကြီး ရှိဖို့ အိပ်မက် မက်ပြီး အဲဒီ့နေ့ ရောက်ရင် ကျွန်တော် အရမ်း ပျော်မှာပါ။ (အောင်မြင်မှု ရရှိတဲ့ အပေါ် မူတည်ပြီး ဘယ်လွန်ဒေါဆု ရရှိနိုင်မယ် ဆိုလို့ ဆိုလိုခြင်း ဖြစ်)

ယာမယ်ဟာ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီ အတွင်း သူ့ရဲ့ ရင်သပ်ရှုမောဖွယ် စွမ်းဆောင်ရည်တွေနဲ့ အတူ ၁၈ ဂိုးသွင်းကာ ၂၅ ဂိုး ဖန်တီးပြီး ဘာစီလိုနာတို့ ပြည်တွင်း ဖလား ၃ လုံး အောင်မြင်မှု အတွက် အဓိက နေရာ ကနေ ကူညီပေးနိုင်ခဲ့ပါတယ်။
တကယ်တော့ ယာမယ်က ၂၀၂၃-၂၀၂၄ ရာသီ ကမှ ဘာစီလိုနာ စီနီယာ အသင်းကြီး အတွက် အသေအချာ စတင် ကစားပေးခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ယာမယ်က ဘာစီလိုနာနဲ့ ပွဲဦးထွက် ရာသီမှာတင်ပဲ ပွဲပေါင်း ၅၀ အထိ ပါဝင်ကစားခွင့် ရခဲ့ပြီး ၇ ဂိုး သွင်းကာ ၇ ဂိုး ဖန်တီးခဲ့ပါတယ်။ နောက်ရာသီ မှာတော့ ယာမယ်က ပြိုင်ပွဲစုံ ၅၅ ပွဲ အထိ ကစားခွင့် ရခဲ့ပြီး ၁၈ ဂိုး သွင်းကာ ၂၅ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ယာမယ်က ဘာစီလိုနာ အတွက် လာလီဂါ ၃ ပွဲ ကစားပြီးချိန်မှာ ၂ ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးကာ သူ့ရဲ့ စွမ်းဆောင်ရည်တွေက ကောက်ရိုးမီး မဟုတ်ကြောင်း ဆက်လက် သက်သေပြနေဆဲ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါ ဆုပေးပွဲ ကတော့ လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရွှေဘောလုံးဆု အတွက် ရေပန်းအစားဆုံး ဖြစ်နေသူက ပီအက်စ်ဂျီနဲ့ အတူ ချန်ပီယံလိဂ် အပါအဝင် ဖလား ၄ လုံး အောင်မြင်မှု ရခဲ့တဲ့ အူစမန်နီ ဒမ်ဘီလီ ဖြစ်ပါတယ်။ ပြင်သစ်သားဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံ ၄၉ ပွဲ ကစားပြီး ၃၃ ဂိုး သွင်းကာ ၁၃ ဂိုး ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.