နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကွင်းလယ်ဒိုင်ကို ပြင်းပြင်းထန်ထန် စောဒက တက်လို့ ၉ လ ပွဲပယ်ခံရတော့မယ့် ဖွန်ဆီကာ | လီဂူးဝမ်း

လီဂူးဝမ်း ကလပ် လိုင်ယွန် နည်းပြ ပေါ်လို ဖွန်ဆီကာ ကတော့ ကွင်းလယ်ဒိုင် ဖြစ်သူ ဘီနွိုက် မီလော့တ်ကို ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့တာကြောင့် ၉ လ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။

အသက် ၅၂ နှစ် အရွယ် ပေါ်တူဂီ လူမျိုး နည်းပြ ပေါ်လို ဖွန်ဆီကာက ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ဘရတ်စ်ကို အိမ်ကွင်းမှာ ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင် ဘီနွိုက် မီလော့တ်ကို ပြင်းထန်စွာ စောဒတက်ခဲ့ပြီး အနီကတ်ပြ ထုတ်ပယ်ခံရတာ ဖြစ်ပါတယ်။ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ ဘရတ်စ် ဘက်က ပယ်နယ်တီ ရနိုင်တဲ့ အခြေအနေ ရှိခဲ့လို့ ဖွန်ဆီကာက ဒေါသတကြီး တုံ့ပြန်ခဲ့ရာမှာ အနီကတ်ပြခံရတာ ဖြစ်ပါတယ်။ ဒီလို အနီကတ်ပြခံရပြီးနောက် ဖွန်ဆီကာက ကွင်းလယ်ဒိုင် မီလော့တ်ကို မျက်နှာချင်းဆိုင် အော်ဟစ် ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဖွန်ဆီကာက နောက်ထပ် တစ်ကြိမ် ထပ်မံ ရင်ဆိုင် ရန်တွေ့ဖို့ ကြိုးပမ်းခဲ့ပြီး လိုင်ယွန် ကစားသမားတွေက ဟန့်တားခဲ့ရတဲ့ အထိ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ 

ဖွန်ဆီကာက သူ့ရဲ့ အပြုအမူနဲ့ ပတ်သတ်လို့ ပြန်လည် တောင်းပန်ခဲ့ပေမယ့်လည်း ပြင်သစ် ပရော်ဖက်ရှင်နယ် ဘောလုံးလိဂ် (FLP)က ၉ လ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ပြစ်ဒဏ်အရ ဖွန်ဆီကာ အနေနဲ့ အရန်ခုံ အပြင် ဒိုင်လူကြီးတွေ အဝတ်လဲခန်းထဲကို သွားရောက်ခွင့် အပါအဝင် တရားဝင် လုပ်ဆောင်ခွင့် အားလုံးကို နိုဝင်ဘာ ၃၀ ရက်နေ့ အထိ လည်းကောင်း၊ လိုင်ယွန်ရဲ့ အဝတ်လဲခန်း၊ ဘောလုံးကွင်း၊ ဥမင် လိုဏ်ခေါင်းနဲ့ အဲဒီ နေရာတွေကို သွားရောက်နိုင်တဲ့ စင်္ကြန်လမ်း အားလုံးကို သွားရောက်ခွင့် စက်တင်ဘာ ၁၅ ရက်နေ့ အထိ ပိတ်ပင်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖွန်ဆီကာ ကတော့ ပေါ်တို၊ ဘရာဂါ တို့လို ပေါ်တူဂီ ထိပ်သီး ကလပ်တွေ အပြင် ယူကရိန်း ကလပ် ရှက်တာဒိုးနတ်၊ စီးရီးအေ ကလပ် ရိုးမားနဲ့ အေစီမီလန်၊ လီဂူးဝမ်း ကလပ် လိုင်လီနဲ့ လိုင်ယွန် တို့ကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
ဖွန်ဆီကာရဲ့ ပြစ်ဒဏ် အတွက် အယူခံဝင်သွားဖို့ ရှိနေတဲ့ ဖွန်ဆီကာ

လီဂူးဝမ်း ကလပ် ဘက်ကတော့ ဖွန်ဆီကာရဲ့ လုပ်ရပ် အပေါ် စိတ်ပျက်မိပေမယ့်လည်း အယူခံဝင်နိုင်တဲ့ နည်းလမ်းတွေ အားလုံး အတွက် လေ့လာ သုံးသပ်နေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဖွန်ဆီကာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ကမှ လိုင်ယွန် နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပြီးတော့ စုစုပေါင်း ၅ ပွဲသာ ကိုင်တွယ်ရသေးသူ ဖြစ်ပါတယ်။ 

ဖွန်ဆီကာဟာ လိုင်ယွန်ကို ပြိုင်ပွဲစုံ ၆ ပွဲ ကိုင်တွယ်ရာမှာ ၄ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပြီး မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ပွဲစဉ် ပထမအကျော့မှာ FCSB အသင်းကို ၁-၃ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် လိုင်ယွန်က ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ဖို့ အခြေအနေ ကောင်းနေပြီ ဖြစ်ပါတယ်။

ဖွန်ဆီကာ ကတော့ ပေါ်တို၊ ဘရာဂါ တို့လို ပေါ်တူဂီ ထိပ်သီး ကလပ်တွေ အပြင် ယူကရိန်း ကလပ် ရှက်တာဒိုးနတ်၊ စီးရီးအေ ကလပ် ရိုးမားနဲ့ အေစီမီလန်၊ လီဂူးဝမ်း ကလပ် လိုင်လီနဲ့ လိုင်ယွန် တို့ကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်