နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်တာမိုင်ယာမီနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေတဲ့ မက်ဆီ | မေဂျာလိဂ်

အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကတော့ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီနဲ့ မကြာခင်မှာ သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့တော့ ကောလာဟလ‌တွေ တောက်လျောက် ထွက်ပေါ်နေခဲ့ပေမယ့် အခုတော့ အင်တာမိုင်ယာမီမှာ ဆက်နေရှိနေဖို့ များနေကြောင်း သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၈ နှစ် အရွယ် ဘယ်လွန်ဒေါ ၈ ဆုရှင် မက်ဆီဟာ ၂၀၂၃ ခုနှစ် ဇူလိုင်မှာ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီနဲ့ ၂ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့သူပါ။ မက်ဆီက ဒီနှစ် အကုန်မှာ‌တော့ မိုင်ယာမီ အခြေစိုက် ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာမိုင်ယာမီက စာချုပ် သက်တမ်းတိုးဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး အနည်းဆုံး တစ်နှစ် သက်တမ်းတိုးနိုင်ဖို့ နီးစပ်နေကြောင်း အမေရိကန် မီဒီယာတွေက ဖော်ပြလျက် ရှိပါတယ်။

မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ ကတော့ လက်ရှိမှာ ကွင်းသစ် တည်ဆောက်နေပြီး ၂၀၂၆ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ဒီလို ကွင်းသစ်ကြီး ဖွင့်လှစ်ချိန်မှာ မက်ဆီကို အသင်းမှာ ဆက်ရှိစေဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် မက်ဆီ ကိုယ်တိုင် ကလည်း သူ့ရဲ့ မိသားစုဟာ အမေရိကန်မှာ အသားကျနေပြီ ဖြစ်တာကြောင့် အင်တာမိုင်ယာမီနဲ့ ၂၀၂၈ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးဖွယ် ရှိနေကြောင်းလည်း သိရပါတယ်။

မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီ ကတော့ လက်ရှိမှာ ကွင်းသစ် တည်ဆောက်နေပြီး ၂၀၂၆ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။
အသင်းဟောင်းတွေဆီ ပြန်မသွားဖို့ များနေတဲ့ မက်ဆီ

မက်ဆီရဲ့ ငယ်ဘဝ ကလပ် နယူးဝဲလ်စ် အိုးလ်ဘိုင်းစ်ဟာ ကမ္ဘာ့ဖလား ချန်ပီယံကို ပြန်လည် ခေါ်ယူချင်နေသလို လာလီဂါ ချန်ပီယံ ဘာစီလိုနာ ကလည်း နူးကမ့်ပ် ကွင်းသစ် ဖွင့်ပွဲ အတွက် ပြင်ဆင်နေချိန်မှာ မက်ဆီနဲ့ ပြန်လည် ပူးပေါင်းဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ Athletic ကတော့ လက်ရှိ အခြေအနေတွေကို အသေအချာ လေ့လာကြည့်တဲ့အခါမှာ မက်ဆီဟာ အင်တာမိုင်ယာမီ ကနေ ထွက်ခွာမယ် ဆိုတဲ့ အကြောင်းအရာတွေ အားလုံးက လွဲမှားနေကြောင်း၊ ဘယ်လွန်ဒေါ ၈ ကြိမ်ရ ကစားသမားဟာ ဖလော်ရီဒါမှာ ရှိနေရတာကို ကျေနပ်နေကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ 

မက်ဆီဟာ ကတ်တာလိုးနီးယား ကလပ် အတွက် ၁၇ ရာသီ အတွင်း ပြိုင်ပွဲစုံ ၇၆၅ ပွဲ ကစားကာ ၆၆၆ ဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ မက်ဆီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ အာဂျင်တီးနား အသင်းခေါင်းဆောင်က သူ ၁၀ စုနှစ် နှစ်ခု အကြာ ဖြတ်သန်းခဲ့တဲ့ ဘာစီလိုနာ ကနေ ခံစားချက်တွေနဲ့ ထွက်ခွာခဲ့ရတာကြောင့် နူးကမ့်ပ်ကို ပြန်သွားဖို့ထက် အခုလို ငြိမ်းချမ်းတဲ့ လမ်းကြောင်း ကိုပဲ ဆက်လက် လျှောက်လှမ်းဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။

အခြား တစ်ဖက် မှာလည်း လီယွန်နယ် မက်ဆီ အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့က သူ့ရဲ့ ကြံ့ခိုင်မှု အပေါ် မူတည်နေတာကြောင့် လက်ရှိအချိန်မှာ ဘာဆိုဘာမှ မသေချာသေးကြောင်း သတင်းတွေ ထွက်နေပါတယ်။ အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ မကြာသေးခင်က ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်ဖွယ် မရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပေမယ့်လည်း နည်းပြ ဖြစ်သူ လီယွန်နယ် စကယ်လိုနီ ကတော့ မက်ဆီ အနေနဲ့ ဆုံးဖြတ်ချက်ချဖို့ အချိန်ရှိနေသေးကြောင်း ပြောကြားထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်