အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ကတော့ အသင်းနဲ့ အတူ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ကာကွယ်နိုင်ဖို့ ရည်မှန်းထားကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်လွှင့်ခဲ့တဲ့ NBC News နဲ့ အင်တာဗျူးမှာ မက်ဆီက အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မက်ဆီက “အမှန်တရား ကတော့ အဲဒါပါပဲ။ ကမ္ဘာ့ဖလားလို ပြိုင်ပွဲမှာ ယှဉ်ပြိုင် ကစားခွင့်ရတာ အံ့အားသင့်စရာကောင်းတဲ့ အရာ တစ်ခုပါပဲ။ ကျွန်တော်လည်း ကစားချင်ပါတယ်။ ကျွန်တော် ကစားမယ် ဆိုရင် နိုင်ငံလက်ရွေးစင် အသင်းကို ကူညီရာမှာ အရေးပါတဲ့ အစိတ်အပိုင်း အဖြစ် ရှိချင်ပါတယ်။ လာမယ့်နှစ် အင်တာမိုင်ယာမီနဲ့ ရာသီကြိုပြင်ဆင်မှု စတင်ချိန်မှာ တစ်နေ့ပြီး တစ်နေ့ အကဲဖြတ်သွားပါမယ်။”
“ကျွန်တော် ရာနှုန်းပြည့် ကြံ့ခိုင်မှုရှိလား ကြည့်ရမယ်။ ပြီးတော့ ကျွန်တော် အမှန်တကယ်လည်း စိတ်အားထက်သန်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်နေလို့ပါပဲ။ ပြီးတော့ ကွင်းထဲမှာ ချန်ပီယံဆုကို ကာကွယ်ရတာ တကယ်ပဲ ကြီးကျယ် ခမ်းနားပါတယ်။ လက်ရွေးစင် အသင်းနဲ့ အတူ ကစားရတာ ကလည်း ကျွန်တော် အမြဲတမ်း အိပ်မက်မက်နေတဲ့ အရာပါပဲ။ အထူးသဖြင့် ပြိုင်ပွဲကြီးတွေမှာပေါ့။ ဘုရားသခင်က ကျွန်တော့်ကို ထပ်မံခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။” လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ မက်ဆီက သူ့အနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်ကစားခြင်း ရှိ၊ မရှိ ကိုတော့ လက်ရှိ အချိန်ထိ မဆုံးဖြတ်ရသေးကြောင်း ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ လပိုင်း ကလည်း ကမ္ဘာ့ဖလားမှာ ပါဝင်ကစားဖို့ မသေချာသေးကြောင်း ဖွင့်ဟထားဖူးပြီး အခုလည်း ထပ်မံ ပြောဆိုလာတာ ဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ မေဂျာလိဂ် ရာသီမှာ ၂၈ ပွဲ ကစား ၂၉ ဂိုး သွင်းယူခဲ့ပြီး ဂိုးသွင်းအများဆုံး ကစားသမား (ရွှေဖိနပ်ဆု)ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီက တန်ဖိုးအရှိဆုံး ကစားသမားဆု (MVP)ဆု အတွက် ဆန်ခါတင် စာရင်းဝင်ထားပြီး ဒီဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးတဲ့ ပထမဦးဆုံး ကစားသမား ဖြစ်လာဖို့ အလားအလာ ကောင်းနေပါတယ်။
မက်ဆီဟာ မေဂျာလိဂ် ကလပ် အင်တာမိုင်ယာမီနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားခဲ့တာကြောင့်တော့ သူ့ကို အသက် ၄၁ နှစ် အရွယ် အထိ မြက်ခင်းစိမ်းပေါ်မှာ မြင်တွေ့ရဖို့ သေချာနေပါတယ်။ အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ မကြာသေးခင်က ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်ဖွယ် မရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပေမယ့်လည်း နည်းပြ လီယွန်နယ် စကယ်လိုနီ ကတော့ မက်ဆီ အနေနဲ့ ဆုံးဖြတ်ချက်ချဖို့ အချိန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
မက်ဆီ ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ရွှေဘောလုံးဆုကို ဆွတ်ခူးခဲ့ပြီးတော့ အာဂျင်တီးနား ကိုလည်း ကမ္ဘာ့ချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီ ပြိုင်ပွဲမှာ ၁၀ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီးခဲ့ပါတယ်။ အဲဒီနောက် မက်ဆီဟာ သူ့ရဲ့ နိုင်ငံ အသင်းကို ကိုပါအမေရိကဖလား နှစ်ကြိမ်ဆက် ရရှိဖို့ အတွက်လည်း စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
သေချာတာ ကတော့ မက်ဆီက ကလပ် အသင်းနဲ့ အတူ သူ့ရဲ့ ကစားသမား ဘဝကို ဆက်လက် ဖြတ်သန်းမှာ ဖြစ်ပေမယ့် နိုင်ငံ လက်ရွေးစင် အသင်း အတွက် ကိုတော့ မကြာခင် နှစ်ပိုင်း သေချာပေါက် အနားယူဖို့ ရှိနေပြီ ဖြစ်ပါတယ်။ မက်ဆီဟာ အာဂျင်တီးနား လက်ရွေးစင် အသင်း အတွက် ၁၈၆ ပွဲ ကစားပြီး ၁၁၄ ဂိုး သွင်းယူပေးထာသူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


