နာပိုလီ – လက်စတာစီးတီး
ဒီနှစ်ယူရိုပါလိဂ်ပြိုင်ပွဲမှာ အုပ်စု(C)ကတော့ တော်တော်လေးကိုပြိုင်ဆိုင်မှုပြင်းထန်တယ်လို့ ပြောရပါမယ်။အဆင့်၁နေရာမှာရှိနေတဲ့ လက်စတာအနေနဲ့ နောက်တစ်ဆင့်အတွက် မသေချာသေးပါဘူး။ နာပိုလီကတော့ သေချာပေါက်အနိုင်ရဖို့ လိုအပ်နေလို့ နောက်တစ်ဆင့်တက်ရောက်ခွင့်အတွက် နှစ်သင်းလုံး မဖြစ်မနေ အားစိုက် ကစားရဦးမယ့် အခြေအနေမှာ ရှိနေပါတယ်။
နာပိုလီတို့ယူရိုပါလိဂ်အုပ်စုပွဲစဉ် ၅ပွဲကစားထားပြီးချိန်မှာ ၂ပွဲနိုင်၊ ၂ပွဲရှုံး ၁ပွဲသရေဆိုတဲ့ ရလဒ်က နောက်တစ်ဆင့်တက်ရောက်ခွင့်ရဖို့မလုံလောက်သေးပါဘူး။ အုပ်စုတွင်းပွဲစဉ်တွေမှာ သွင်းဂိုးအများဆုံးနဲ့တိုက်စစ်အကောင်းဆုံးအသင်းဖြစ်နေပေမယ့် ရမှတ်က ၇မှတ်ပဲရှိနေပါတယ်။ အဆင့်၁နေရာ လက်စတာနဲ့ အဆင့်၄နေရာက လီဂျီယာဝါဆောတို့အကြား ၂မှတ်ပဲကွာဟနေတဲ့အခြေအနေက နောက်ဆုံးပွဲစဉ်ကိုပိုပြီးပြိုင်ဆိုင်မှုပြင်းထန်စေပါတယ်။ အထူးသဖြင့် အဆင့်၁အသင်းနဲ့ နာပိုလီအကြား ရမှတ်၁မှတ်ပဲကွာဟနေတာက ဖိအားအများဆုံးဖြစ်လာနိုင်ပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာ ၃ပွဲ ရှုံး၊ ၁ပွဲနိုင်၊ ၁ပွဲသရေရလဒ်ကိုတော့ သတိထားရမှာပါ။ တိုက်စစ်က ၁၁ဂိုးသွင်းပြီး ၁၀ဂိုးပြန်ပေးထားရတာကတိုက်စစ်ကောင်းသလောက်ခံစစ်ပိုင်း လိုအပ်ချက်ရှိနေတာကိုသက်သေပြနေပါတယ်။ ဇာနိုလီ၊ ဖေဘီယန်၊ ကာလူဘယ်လီ၊ အင်ဆက်ဂ်နီ၊ လိုဘော့တ်ကာတို့ဒဏ်ရာပြဿနာရှိနေပါတယ်။ ပီတက်ဂျ်နာ၊ ဇီလင်စကီး၊ လိုရန်ဇို၊ လိုဇာနို တို့ကို ပွဲထွက်လူစာရင်းမှာမြင်တွေ့ရဖို့ရှိနေပါတယ်။

လက်စတာရဲ့အခြေအနေကလည်း အဘက်ဘက်က လိုအပ်ချက်မြင့်မားနေပါတယ်။ ဒဏ်ရာရကစားသမားအချို့ရှိနေခြင်းနဲ့အတူ ဥရောပနဲ့ပြည်တွင်းပွဲစဉ်အကြား ဗျာများနေတဲ့ သဘော ရှိပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၅ပွဲမှာ ၂ပွဲနိုင်၊ ၂ပွဲရှုံး ၁ပွဲသရေရလဒ် ရရှိထားပေမယ့် ခြေစွမ်းပိုင်းအရ လိုအပ်ချက်ရှိနေပါတယ်။ ၁၀ဂိုးသွင်းပြီး ၁၀ဂိုးပြန်ပေးထားရတာက တိုက်စစ်ကောင်းပေမယ့် ခံစစ် အားနည်းချက် ရှိနေတာကို ပြသနေတာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်အုပ်စု ရပ်တည်မှုအရ အဆင့်၁နေရာမှာရှိနေပေမယ့် အဆင့်၂၊ အဆင့်၃ နေရာတွေက စပါးတပ်မော်စကို၊ နာပိုလီတို့နဲ့ ၁မှတ်ပဲကွာဟနေလို့ နိုင်ပွဲရဖို့လိုအပ်နေလို့ ပြောရပါမယ်။ တိုက်စစ်အားသန်တဲ့အသင်းတွေဖြစ်တာကြောင့် ဂိုးရဖို့မခက်ခဲပေမယ့် လက်စတာရဲ့ခံစစ်ပိုင်း ပေးဂိုး များနေတာ ကိုတော့ သတိထားရမယ့်အခြေအနေမှာရှိပါတယ်။ ဂျက်စတင်၊ ရှမိုက်ကယ်၊ ပီရီယာ၊ ဖိုဖာနာ၊ တီလယ်မန်စ်တို့ဒဏ်ရာပြဿနာရှိနေပါတယ်။ အီရန်နာချို၊ ဂျေမီဗာဒီ ဦးဆောင်လာမယ့်တိုက်စစ်နဲ့အတူ မက်ဒီဆင်၊ အန်ဒီဒီ၊ အမာတေးလ်၊ ဆိုရန်ချူးနဲ့ အီဗန်တို့ ပွဲထွက်ကစားသမားတွေအဖြစ် ပါဝင်လာနိုင်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
လောင်းကစားဆိုင်ရာအကြံပြုချက်များး
![]() |
![]() | နာပိုလီ – လက်စတာစီးတီး | 1X2 နာပိုလီ @ ၂.၁၁ ဆ |
ဒီဇင်ဘာလ ၁၀ရက်၊ နံနက် ၀၀း၁၅ နာရီ (GMT+ ၆း၃၀) |
1X2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အတွက် ၂.၁၁ဆ၊ သရေအတွက် ၃.၃၀ဆ၊ ဧည်သည့်အတွက် ၂.၉၀ဆ ကြေးဖွင့်ထားပါတယ်။ နှစ်သင်းလုံးအတွက်အရေးပါဆုံးအခြေအနေပါ။ မဖြစ်မနေအနိုင်ရဖို့လိုအပ်နေသလို ပြိုင်ဘက်တွေဖြစ်တဲ့ စပါးတပ်မော်စကိုနဲ့လီဂီယာဝါဆောပွဲရလဒ်ကလည်း အရေးပါနေပြန်ပါတယ်။ လက်စတာအတွက်သရေ ၁ မှတ်ဆိုရင် မျှော်လင့်ချက် ရှိတယ်ဆိုပေမယ့် နာပိုလီကတော့ မဖြစ်မနေအနိုင်ရဖို့လိုအပ်နေပါတယ်။ လက်စတာရဲ့လက်ရှိအခြေအနေက ခံစစ်ပိုင်းလိုအပ်ချက်ရှိနေသလို နာပိုလီကလည်းတိုက်စစ်ကောင်းသလောက်ခံစစ်ကလည်း ပေးဂိုးများနေပါတယ်။ အပြန်အလှန်သွင်းဂိုးတွေရှိလာနိုင်လို့ ဂိုးပေါင်းအများဘက်ကိုသေချာပေါက်ဦးတည်နိုင်ပါတယ်။ ရွေးချယ်မှုတစ်ခုအဖြစ် အိမ်ရှင်ကိုပိုကြိုက်ပါတယ်။ အိမ်ကွင်းမှာ ဆိုရင် ပိုပြီးရုန်းအားကောင်းတတ်တဲ့ နာပိုလီဘက်မှာပဲ အရဲစွန့်ရပ်တည်ရင်းအကျိုးအမြတ်ရှာဖို့ တိုက်တွန်းချင်ပါတယ်။
ခန့်မှန်းရလဒ် (၂-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.