နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘယ်လွန်ဒေါဆုက ပီအက်စ်ဂျီ ရရှိတဲ့ အောင်မြင်မှုတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်တယ်လို့ ဆိုလိုက်တဲ့ အူစမန်နီ ဒမ်ဘီလီ

၂၀၂၅ ခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ဘယ်လွန်ဒေါ ကိုတော့ ပီအက်စ်ဂျီ တိုက်စစ် ကစားသမား အူစမန်နီ ဒမ်ဘီလီက ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ပါတယ်။ ဒီလိုမျိုး ဘယ်လွန်ဒေါ ရရှိခဲ့တဲ့ အတွက် ပြင်သစ် လက်ရွေးစင် တိုက်စစ် ကစားသမားက ပြောစရာ စကား မရှိအောင် ဖြစ်ရတယ်လို့ ဝမ်းသာ မျက်ရည်တွေနဲ့ ဖွင့်ဟခဲ့ပါတယ်။

အသက် ၂၈ နှစ် အရွယ် အူစမန်နီ ဒမ်ဘီလီက ရေမွန်ကိုပါ (၁၉၅၈)၊ ပလာတီနီ (၁၉၈၃၊ ၁၉၈၄၊ ၁၉၈၅)၊ ပါပင် (၁၉၉၁)၊ ဇီဒန်း (၁၉၉၈)နဲ့ ဘန်ဇီမာ (၂၀၂၂)တို့ ပြီးနောက် ဒီဆုကို ရရှိခဲ့တဲ့ ၆ ဦးမြောက် ပြင်သစ် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၁ ရာစု အတွင်းမှာ ဘန်ဇီမာ ပြီးနောက် ဘယ်လွန်ဒေါ ရရှိခဲ့တဲ့ ဒုတိယမြောက် ပြင်သစ် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘယ်လွန်ဒေါဆုကို လက်ခံရရှိပြီးချိန် မှာတော့ ဒမ်ဘီလီက “ဒီအတွေ့အကြုံက ထူးခြားလွန်းပါတယ်။ အဲဒီအတွက် ကျွန်တော့်မှာ ပြောစရာစကားတောင် ရှိမနေပါဘူး။ ပီအက်စ်ဂျီနဲ့ အတူ ဘာတွေ ဖြစ်ခဲ့သလဲ။ ဘာတွေ ရယူနိုင်ခဲ့သလဲ။ ကျွန်တော့် အနေနဲ့ စိတ်ဖိစီးမှုတော့ အနည်းငယ် ခံစားခဲ့ရပါတယ်။ ဒီဆုကို ဆွတ်ခူးနိုင်ဖို မလွယ်ပါဘူး။ ပြီးတော့ ရော်နယ်ဒင်ညိုလို ဘောလုံး ဂန္ထဝင် တစ်ယောက်က ပေးအပ်တာ ဖြစ်တဲ့ အတွက်လည်း ထူးခြားပါတယ်။”

ဒါ့အပြင် ၂၁ ရာစု အတွင်းမှာ ဘန်ဇီမာ ပြီးနောက် ဘယ်လွန်ဒေါ ရရှိခဲ့တဲ့ ဒုတိယမြောက် ပြင်သစ် ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒမ်ဘီလီနဲ့ အတူ ဘယ်လွန်ဒေါ အကောင်းဆုံး ကစားသမား ၁၀ ဦး စာရင်းမှာ ပီအက်စ်ဂျီ ကစားသမား ၄ ဦး ပါဝင်ခဲ့

“၂၀၂၃ ခုနှစ်မှာ ကျွန်တော့်ကို ခေါ်ယူခဲ့တဲ့ ပီအက်စ်ဂျီ အသင်း ကိုလည်း ကျေးဇူးတင်ပါတယ်။ မယုံနိုင်စရာကောင်းတဲ့ မိသားစု တစ်ခုပါပဲ။ ဥက္ကဋ္ဌ နေဆာ (အဲလ်ခီလိုင်ဖီ) ကတော့ ကျွန်တော့် အတွက် ဖခင် တစ်ဦးလိုပါပဲ။ အသင်းသား အားလုံး ကိုလည်း ကျေးဇူးတင်ပါတယ်။ နည်းပြ ကလည်း ကျွန်တော့် အတွက် ဖခင်လိုပါပဲ။ ပြီးတော့ အသင်းဖော်တွေ ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီတစ်ဦးချင်းဆုက အသင်း ရရှိတဲ့ အောင်မြင်မှုတွေ ထဲမှာ တစ်ခု အပါအဝင်ပါပဲ။” လို့ အူစမန်နီ ဒမ်ဘီလီက ပြောကြားသွားခဲ့ပါတယ်။

ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဂျီ အတွက် ၅၃ ပွဲကစား ၃၅ ဂိုး သွင်းကာ ၁၄ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ် တစ်ရာသီ အတွင်း ဆုဖလား ၅ လုံး ချန်ပီယံ ဖြစ်အောင် အဓိက နေရာ ကနေ စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဒမ်ဘီလီက ပြင်သစ် လီဂူးဝမ်းမှာ သွင်းဂိုး ၂၁ ဂိုးနဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့သလို လီဂူးဝမ်းနဲ့ ချန်ပီယံလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုတွေ ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘယ်လွန်ဒေါဆုရဲ့ အကောင်းဆုံး ကစားသမား ၁၀ ဦး စာရင်းမှာလည်း အူစမန် ဒမ်ဘီလီ အပြင် ပီအက်စ်ဂျီ ကစားသမားတွေ ဖြစ်တဲ့ ဗစ်တင်ညာ၊ အာချက်ဖ် ဟာကီမီ၊ ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမား (ယခု မန်စီးတီး)နဲ့ နူနို မန်းဒက်စ်တို့ ပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ လူးဝစ္စ အန်နရီကေး ကလည်း Socrates Award နဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပြဆု ဖြစ်တဲ့ Men’s Coach of the Year ကိုလည်း ရရှိခဲ့ပါတယ်။

၂၀၂၅ ဘယ်လွန်ဒေါ ဆုပေးပွဲ အနှစ်ချုပ် ကိုတော့ အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ်။

•             Ballon d’Or – အူစမန်နီ ဒမ်ဘီလီ (ပြင်သစ်/ ပီအက်စ်ဂျီ)

•             Ballon d’Or Fminin – ဘွန်မာတီ (စပိန်/ ဘာစီလိုနာ)

•             Men’s Kopa Trophy – ယာမယ်လ် (စပိန်/ ဘာစီလိုနာ)

•             Women’s Kopa Trophy – ဗစ်ကီ လိုပက်ဇ် (စပိန်/ ဘာစီလိုနာ)

•             Men’s Yashin Trophy – ဒွန်နာရမ်းမား (အီတလီ/ ပီအက်စ်ဂျီ)

•             Women’s Yashin Trophy – ဟန်နာ ဟမ်တန် (အင်္ဂလန်/ ချယ်လ်ဆီး)

•             Gerd Mller Trophy (Men) – ယိုကီးရက်စ် (ဆွီဒင်/ အာဆင်နယ်)

•             Gerd Mller Trophy (Women) – အီဝါ ပါယော (ပိုလန်/ ဘာစီလိုနာ)

•             Scrates Award – အန်နရီကေး (စပိန်/ ပီအက်စ်ဂျီ)

•             Men’s Club of the Year – ပီအက်စ်ဂျီ

•             Women’s Club of the Year – အာဆင်နယ်

•             Men’s Coach of the Year – အန်နရီကေး (စပိန်/ ပီအက်စ်ဂျီ) •             Women’s Coach of the Year – ဆာရီနာဗိဂ်မန်း(နယ်သာလန်/ အင်္ဂလန်)

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်