နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖိုဒန်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ အဲလ်နာဆာ၊ မိန်နူးကို ခေါ်ယူချင်နေတဲ့ ဇာဘီ အလွန်ဆို | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ စက်တင်ဘာ ၁၅ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မိုဟာမက် အဲလ်နာဆာ ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးက ဖီးလ် ဖိုဒန်ကို ယူရို သန်း ၁၃၀ (ပေါင် ၁၁၂.၅ သန်း) နဲ့ စံချိန်တင် ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ ဒီပမာဏဟာ ဖီးလ် ဖိုဒန်ကို ထာဝရ ဈေးအကြီးဆုံး အင်္ဂလိပ် ကစားသမား အဖြစ် မှတ်တမ်းဝင်သွားစေမှာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ နံပါတ် ၁ ကွင်းလယ် ပစ်မှတ်က ဘရိုက်တန်က ကားလို့စ် ဘယ်လီဘာ့ ဖြစ်ပေမယ့်လည်း နော့တင်ဟမ်ဖောရက်စ် ကြယ်ပွင့် အဲလီယော့တ် အန်ဒါဆန်ကို စိတ်ဝင်စားမှု မြင့်မားလာခဲ့ကြောင်း သိရပါတယ်။ ဒီကစားသမားကို ခေါ်ယူချင်ရင်တော့ ယူနိုက်တက် အနေနဲ့ အနည်းဆုံး ပေါင် သန်း ၇၀ ကုန်ကျဖို့ ရှိနေကြောင်း သိရပါတယ်။

ဇာဘီ အလွန်ဆို ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ကွင်းလယ်လူ ကိုဘီ မိန်းနူးကို ခေါ်ယူဖို့ သဘောကျနေကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ အင်္ဂလန် လက်ရွေးစင်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ စဉ်းစားနေတယ်လို့လည်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဒန်နီ ဆယ်ဘာလော့စ်ကို ရောင်းထုတ်ပြီးတော့ မိန်နူးနဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ် တို့က အခိုင်အမာ စိတ်ဝင်စားနေတဲ့ ခရစ္စတယ်ပဲလေ့စ် ကွင်းလယ်လူ အဒမ် ဝှာတန် ကတော့ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ဦးစားပေး စဉ်းစားထားကြောင်း သိရပါတယ်။ အင်္ဂလန် လက်ရွေးစင် ကတော့ ပေါင် သန်း ၆၀ တန်ကြေး ရှိနေကြောင်း သိရပါတယ်။

ဇာဘီ အလွန်ဆို ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ကွင်းလယ်လူ ကိုဘီ မိန်းနူးကို ခေါ်ယူဖို့ သဘောကျနေကြောင်း သိရပါတယ်။
မိန်းနူးကို ပစ်မှတ် စာရင်းထဲမှာ ထည့်သွင်းထားတဲ့ ရီးရဲလ်မက်ဒရစ်

မကြာခင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝီလီယမ် ဆလီဘာနဲ့ ဘူကာယို ဆာကာတို့ နှစ်ဦးစလုံး မြောက်လန်ဒါမှာ ဆက်ရှိနေမယ်လို့ အာဆင်နယ် ဘက်က ရာနှုန်းပြည့် ယုံကြည်မှု ရှိနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီး ကင်းထောက်တွေ ကတော့ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်တို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ကီနန် ယီလ်ဒစ်ဇ်ရဲ့ စွမ်းဆောင်ရည်ကို စောင့်ကြည့်ခဲ့ကြပြီး သဘောကျခဲ့ကြတယ်လို့ သိရပါတယ်။ တူရကီ တိုက်စစ်မှူး ကတော့ ချဲလ်ဆီးရဲ့ ထိပ်တန်း ပစ်မှတ်တွေထဲက တစ်ဦး အဖြစ် ဆက်လက် တည်ရှိနေပြီး ယူရို သန်း ၈၀ (ပေါင် ၆၉.၂ သန်း) ပေးချေရဖို့ ရှိနေသူ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်က စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေတဲ့ ဒါယော့တ် အူပါမီကာနို ကိုတော့ မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ နှစ်သင်းစလုံးက အပြိုင်အဆိုင် ကြိုးပမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ကတော့ လစ်ဗာပူးလ်နဲ့ ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် မိုဟာမက် ဆာလာကို စပိန်မြို့တော်ဆီ ခေါ်ယူချင်နေကြောင်း သိရပါတယ်။

ပီအက်စ်ဂျီ ကတော့ အနည်းဆုံး ယူရို သန်း ၇၀ တန်ကြေး ရှိနေတဲ့ ဘာစီလိုနာ တိုက်စစ်မှူး ဖာရန်း တောရက်စ်ကို အလေးအနက်ထား စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဘာစီလိုနာ ကတော့ ၂၀၂၆ ခုနှစ်မှာ ဒန်နီ အော်လမို အတွက် ကမ်းလှမ်းလာမှု မှန်သမျှကို ပိတ်ပင်ထားခြင်း မရှိကြောင်း သိရပါတယ်။ အကယ်၍ ကစားသမား အနေနဲ့ ဒဏ်ရာ ပြဿနာတွေနဲ့ ဆက်လက် ရုန်းကန်နေရမယ် ဆိုရင်တော့ ဘာဆာ ဘက်က လက်လွှတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ စပိန်သား ကိုတော့ ပပ် ဂွါဒီယိုလာရဲ့ မန်စီးတီးက စိတ်ဝင်စားနေပါတယ်။

လက်စတာစီးတီးရဲ့ ဆယ်ကျော်သက် ကစားသမား ဂျရမီ မွန်ဂါကို ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ နေရာမှာ အစားထိုးဖို့ ရီးရဲလ်မက်ဒရစ်က အံ့အားသင့်ဖွယ် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။ အာလင်း ဟာလန်း ကို‌တော့ ရီးရဲလ်မက်ဒရစ်က အီတီဟတ် ကနေ ထွက်ခွာဖို့ အတွက် ဆွဲဆောင်ဖို့ အကောင်းဆုံး ကြိုးစားနေပေမယ့်လည်း မန်စီးတီး ကတော့ ကစားသမားကို ဆက်လက် ထိန်သိမ်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်