နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဥရောပပြိုင်ပွဲတွေ မကစားရခြင်းက မန်ချက်စတာယူနိုက်တက်ကို ပိုကောင်းလာစေလိမ့်မယ်လို့ ဆိုလိုက်တဲ့ အမော်ရင် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာ မှာသာ ရပ်တည်နိုင်ခဲ့ပြီး ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့တာကြောင့် ဒီရာသီ ပြည်တွင်း ပြိုင်ပွဲတွေသာ ကစားရဖို့ ရှိနေခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဥရောပ ပြိုင်ပွဲတွေ မကစားရခြင်းက မန်ချက်စတာယူနိုက်တက်ကို ပိုကောင်းလာစေလိမ့်မယ်လို့ အသင်း နည်းပြ ရူဘင် အမော်ရင်က ပြောကြားလိုက်ပါတယ်။ ရူဘင် အမော်ရင်က မန်ချက်စတာယူနိုက်တက် အနေနဲ့ ဥရောပ ဘောလုံးပွဲတွေ ကစားရမယ့် ရာသီကို မကိုင်တွယ်ခင် အချိန် လိုအပ်ကြောင်း ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

ဒီအချိန်မှာ နည်းပြ ရူဘင် အမော်ရင်က ဒီရာသီ ဥရောပ ဘောလုံး ပွဲစဉ်တွေကို လွဲချော်ခြင်းက သူ့ရဲ့ အသင်း အတွက် အကောင်းဆုံး အကျိုးပြုနိုင်ကြောင်း ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ အဓိက ကတော့ ကစားသမားတွေ အနေနဲ့ အနားယူချိန် ပိုမို ရရှိပြီး လာမယ့် ရာသီ အတွက် ပိုပြီး အဆင်သင့် ဖြစ်နေမယ့် အခြေအနေမျိုးကို လိုချင်နေတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ ဥရောပနဲ့ ပရီးမီးယားလိဂ်မှာ ကစားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ အသင်း တစ်သင်း အနေနဲ့ တိုးတက်ဖို့ အချိန် လိုအပ်ပါတယ်။ ကျွန်တော် တို့မှာ ဒီတစ်ပတ်မှာ ၃ ပွဲ ကစားရမှာ ဖြစ်ပြီး အရည်အသွေး ရှိတဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါကြောင့် ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားဖို့ လိုအပ်ပါတယ်။” လို့ ဟု အမော်ရင်က ပြောကြားခဲ့ပါတယ်။

အဲဒါက ဥရောပမှာ ပြင်းထန်တဲ့ ပွဲတွေနဲ့ ပရီးမီးယားလိဂ်မှာ ကစားရတာ အတွက် ကျွန်တော့်ရဲ့ ခံစားချက်ပါပဲ။
လာမယ့် ခရာဘောင်ဖလား ပွဲစဉ်မှာ အရန်ကစားသမားတွေကို အသုံးပြုဖွယ် ရှိနေတဲ့ အမော်ရင်

ဆက်လက်ပြီး “ဒါက တခြား ကလပ်တွေ အတွက် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါ။ ကျွန်တော်တို့ ဒီရာသီမှာ ဥရောပမှာ ကစားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ အဲဒါက ဥရောပမှာ ပြင်းထန်တဲ့ ပွဲတွေနဲ့ ပရီးမီးယားလိဂ်မှာ ကစားရတာ အတွက် ကျွန်တော့်ရဲ့ ခံစားချက်ပါပဲ။ အသင်း တစ်သင်း အနေနဲ့ ဖွံ့ဖြိုး တိုးတက်ဖို့ အချိန်လိုတယ်။ သူတို့ (ကစားသမားတွေ) က သူတို့ရဲ့ နေရာတွေ အတွက် တိုက်ပွဲဝင်ရမှာ ဆိုတော့ အရာအားလုံးက ပြောင်းလဲသွားနိုင်ပါတယ်။ အခြေခံကနေ စပြီး အနာဂတ်မှာ ရှေ့ကိုဆက်သွားဖို့ အချိန်လိုပါတယ်။ ကစားသမားတိုင်း ပွဲကစားရဖို့ အတွက် ဥရောပ ပြိုင်ပွဲ ကစားရတဲ့ အခိုက်အတန့်တွေ ကျွန်တော်တို့ ရောက်ရှိလာမှာပါ။” လို့ အမော်ရင်က ပြောကြားသွားခဲ့ပါသေးတယ်။

ယူနိုက်တက်ဟာ မနက်ဖြန် မှာတော့ ခရာဘောင်ဖလား ဒုတိယအဆင့် ပွဲစဉ် အဖြစ် ဂရင်မ်စဘီတောင်းနဲ့ ကစားရဖို့ ရှိပြီး ဒီပွဲကို လွဲချော်မယ့် ကစားသမားတွေ ရှိနေပါတယ်။ ဂရင်မ်စဘီနဲ့ ပွဲမှာတော့ အမော်ရင် အနေနဲ့ အဓိက ကစားသမား တချို့နဲ့ အနားယူနေရပြီး ပွဲနဲ့ အလှမ်းဝေးနေသူတွေကို အခွင့်အရေး ပေးသွားဖို့ များနေပါတယ်။

အင်္ဂလန် လက်ရွေးစင် ကိုဘီ မိန်းနူးနဲ့ ဟယ်ရီ မက်ဂွိုင်းယား အပြင် မန်ဝဲလ် အူဂါတေးနဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီး တို့ဟာ ဒီရာသီမှာ ကစားချိန် အကန့်အသတ် ဒါမှမဟုတ် ပွဲကစားခွင့် မရနိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့် ဒီပွဲမှာတော့ လူစာရင်းထဲ ပါဝင်လာဖို့ များနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အာဆင်နယ်၊ ဖူလ်ဟမ် တို့နဲ့ ပွဲတွေမှာ လူစားဝင် ကစား အဖြစ်သာ ပွဲထွက်ခွင့်ရခဲ့တဲ့ တိုက်စစ်မှူးသစ် ဘင်ဂျာမင် ဆက်စ်ကို အနေနဲ့လည်း ဒီပွဲမှာတော့ ပထမလူစာရင်းမှာ ပါဝင်လာဖွယ် ရှိပါတယ်။ ဒဏ်ရာကြောင့် ရာသီကြို ကတည်းက လွဲချော်ခဲ့တဲ့ နောက်ခံလူ မက်ဇ်ရာရီ ကတော့ အပြည့်အဝ ကြံ့ခိုင်ခြင်း မရှိသေးတာကြောင့် ဒီပွဲမှာ ပါဝင် ကစားဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်