မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ရူဘင် အမော်ရင် ကတော့ အသင်း အနေနဲ့ တိုးတက်မှု ရှိဖို့ လိုအပ်နေကြောင်း ဖူလ်ဟမ်နဲ့ သရေကျတဲ့ ပွဲအပြီးမှာ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်က ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပွဲစဉ် ၂ မှာတော့ ဖူလ်ဟမ်နဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် နည်းပြ အမော်ရင် အနေနဲ့ မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ၂၉ ပွဲမှာ ၂၈ မှတ်သာ ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ရာသီသစ် ပွဲစဉ် ၂ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ မရသေးပဲ ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက သူတို့ နှစ်ကျော့စလုံး အနိုင်ရခဲ့တဲ့ ဖူလ်ဟမ်ကို ဒီနှစ် မှာတော့ အနိုင်ယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာ တိုးတက်လာတဲ့ ကစားဟန်နဲ့ မြင်တွေ့ခဲ့ရပေမယ့် ဒီပွဲ မှာတော့ ခြေစွမ်းပိုင်းက စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။
အသင်းရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သတ်လို့ အမော်ရင် “ကျွန်တော်တို့ ဂိုးသွင်းပြီးတဲ့နောက်မှာ ဘယ်လို ကစားနေသလဲ ဆိုတာ မေ့သွားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ကွင်းထဲမှာ ရှိတဲ့ လူတိုင်းက အခွင့်အရေးကို ဆုပ်ကိုင်ပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော့် အမြင် ကတော့ အဲဒီ အခိုက်အတန့်မှာ သက်သောင့် သက်သာနဲ့ ပြိုင်ဘက်ကို ဖိအားပေး ကစားရမှာပါ။ ကျွန်တော် တို့က ပြင်းပြင်းထန်ထန် ဖိကစားဖို့ ကြိုးစားခဲ့လို့ နေရာလွတ်တွေ အများကြီး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ တိုးတက်မှု ရှိဖို့ အများကြီး လိုအပ်နေပါတယ်။” လို့ BBC Radio 5 Live ကို ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အမော်ရင်က “ကျွန်တော်တို့ ဂိုးတွေ သွင်းရမယ့် ကစားပုံကို မေ့သွားတယ် ထင်ပါတယ်။ ကျွန်တော် တို့က ပြင်းပြင်းထန်ထန် အနိုင်ယူချင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးတွေ သွင်းလိုက်နိုင်ရင် ကောင်းတဲ့ ခံစားချက် ဖြစ်လာမှာပါ။ အသင်း တစ်သင်း အနေနဲ့ အများကြီး တိုးတက်ဖို့ လိုပါတယ်။ ကျွန်တော့် အတွက် အရေးကြီးဆုံး အရာ ကတော့ တစ်ပတ် အတွင်းမှာ သူတို့ တကယ်ကို ကြိုးကြိုးစားစား လုပ်ခဲ့တယ် ဆိုတာပါ။ လေ့ကျင့်ရေး မှာတင် မဟုတ်ပါဘူး။ ကစားပွဲ မှာလည်း အနိုင်ရဖို့ လိုအပ်ပါတယ်။ ပြင်းထန်တဲ့ ကစားပုံနဲ့ မဟုတ်ဘဲ ကျွန်တော် တို့ရဲ့ စိတ်တင်းကြပ်မှုကို အနည်းငယ် ဖြေလျှော့ပေးဖို့ လိုအပ်ပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ သြဂုတ်လ ၂၇ ရက်နေ့မှာ ဂရင်းမ်စ်ဘီတောင်းနဲ့ ခရာဘောင်ဖလား ဒုတိယအဆင့် ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိနေပြီး လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ ဘန်လေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ယူနိုက်တက် အနေနဲ့ ရလဒ်ကောင်း ရရှိဖို့ လိုအပ်နေပြီး အကယ်၍သာ နိုင်ပွဲ မရခဲ့ရင်တော့ အမော်ရင်ရဲ့ နည်းပြ ရာထူး ကတော့ တဖြည်းဖြည်း လှုပ်ခတ်လာဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.