ပရီးမီးယားလိဂ် ကလပ် နော့တင်ဟမ်ဖောရက်စ် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက နည်းပြ နူနို အက်စ်ပီရီတို ဆန်တိုကို ထုတ်ပယ်ပြီး အန်ဂျီ ပိုစတီကိုဂလူးနဲ့ ချက်ချင်းပဲ အစားထိုးခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါး အတွက် ပြီးခဲ့တဲ့ ရာသီက ယူရိုပါလိဂ် ဖလား ရယူပေးနိုင်ခဲ့တဲ့ ပိုစတီကိုဂလူးဟာ ဖောရက်စ် နည်းပြသစ် ဖြစ်လာချိန်မှာလည်း ပထမဦးဆုံး ရာသီမှာတင်ပဲ ဆုဖလားတွေ ရယူသွားလိုကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။
အန်ဂျီ ပိုစတီကိုဂလူးက အသင်း ပိုင်ရှင် မာရီနာကစ်ရဲ့ လက်အောက်မှာ ဒုတိယရာသီ အထိ စောင့်ဖို့ အချိန်မရတာကြောင့် ပထမရာသီ မှာပဲ ဆုဖလားတွေ ရယူချင်တာ ဖြစ်ကြောင်း အခုလိုပဲ နောက်ပြောင် ပြောဆိုခဲ့ပါတယ်။ အန်ဂျီက “ပထမဆုံး ရာသီ မှာလည်း ကျွန်တော် ဆုဖလားတွေ ရယူနိုင်ခဲ့ဖူးပါတယ်။ ဆဲလ်တစ် မှာတုန်းက ပထမဦးဆုံး ရာသီမှာတင်ပဲ ဆုဖလား ၂ လုံး ရခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် လုပ်နိုင်ပါတယ်။ ပထမရာသီမှာ ဆုဖလား ရယူနိုင်မှ ဒီမှာ ကျွန်တော် ဒုတိယ ရာသီ ဆက်ရှိနေနိုင်မှာပါ” လို့ အန်ဂျီ ပိုစတီကိုဂလူးက အရွှန်းဖောက် ပြောကြားသွားခဲ့ပါတယ်။
ဂရိနွယ်ဖွား သြစတြေးလျ လူမျိုး နည်းပြကြီး အန်ဂျီ ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ ရာသီက တော့တင်ဟမ်ဟော့စပါးကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ဆုဖလား အောင်မြင်မှု အဖြစ် ယူရိုပါလိဂ် ချန်ပီယံဆု အရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စပါးက ပရီးမီးယားလိဂ် မှာတော့ တန်းဆင်းဇုန်နား ကနေ ရာသီသိမ်းခဲ့တာကြောင့် အသက် ၆၀ အရွယ် နည်းပြကြီးဟာ မြောက်လန်ဒန် ကလပ်ရဲ့ နည်းပြ ရာထူးက ထုတ်ပယ်ခံခဲ့ရပါတယ်။

ဒါပေမယ့် အန်ဂျီက သူ့ အနေနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ထုတ်ပယ်ခံရမယ့် ကိစ္စကို သိရှိထားတာကြောင့် အံအားသင့်စရာ မဖြစ်ခဲ့ကြောင်း အခုလိုပဲ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။“အဲဒီလို ဖြစ်လာမယ် ဆိုတာ ကျွန်တာ် သိနေခဲ့တယ်။ ဒါကြောင့် ကျွန်တော့် အတွက် အံ့သြစရာ မဟုတ်ခဲ့ဘူး။ ဗိုလ်လုပွဲ မတိုင်ခင် ကတတည်း ဒီကိစ္စက မျှတတဲ့ နည်းလမ်း တစ်ခု ဖြစ်လာမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ ကြီးကျယ် ခမ်းနားတဲ့ ၃ ရက် ဖြစ်ခဲ့တယ်။ အဲဒီအချိန်တွေမှာ ကျွန်တော်ကို စိတ်မညစ်ချင်ခဲ့ဘူး။ ဒါပေမယ့် အဲဒီနောက်မှာတော့ အဲဒီ အရာတွေက ပြီးဆုံးသွားခဲ့ပါတယ်။” လိူ့ အန်ဂျီက ပြောပါတယ်။
ဆက်လက်ပြီး “ကျွန်တော့်ရဲ့ ရှုထောင့်က ဆိုရင်တော့ အဲဒါကို အကောင်အထည်ဖော်ဖို့ အခွင့်အရေး ရခဲ့သင့်တယ်။ ကျွန်တော် သိတာ ကတော့ ကျွန်တော့်မှာ စိန်ခေါ်မှုတွေ အရမ်းများတဲ့ နှစ်နှစ် ရှိခဲ့ပေမယ့် ထူးချွန်သူတွေနဲ့ အလုပ်တွဲလုပ်ခဲ့ရတယ် ဆိုတာပါ။ ပရိသတ်တွေနဲ့ ကျွန်တော် တို့က ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ကြပေမယ့် အခုချိန်မှာတော့ ကျွန်တော့်ကို ပွေ့ဖက်ပြီး ညစားစားဖို့ မဖိတ်ချင်တဲ့သူတွေ မရှိဘူး ဆိုတာ သေချာပါတယ်။”
“အဲဒီမှာ ကျွန်တော်တို့ အောင်မြင်ခဲ့တာတွေ အတွက် အရမ်းပဲ ဂုဏ်ယူမိပါတယ်၊ ဒါက ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း အထူး နေရာယူထားမှာပါ။ ဘယ်လို အဆုံးသတ်သွားလဲ ဆိုတာ အမှန်တိုင်း ပြောရရင် ကျွန်တော် သိပ်မတွေးတတ်ပါဘူး။ ကျွန်တော် ဆဲလ်တစ်နဲ့ ယိုကိုဟားမား ကနေ မျှမျှတတပဲ ထွက်ခွာခဲ့တယ်။ အဆုံးသတ်မှာ နှစ်ဦး နှစ်ဖက် စိတ်ပျက်ခဲ့ကြရမှာတော့ သေချာပါတယ်။ ဒါက ကျွန်တော်တို့ အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ နားလည်ပါတယ်။” လို့လည်း ပြောကြားသွားခဲ့ပါသေးတယ်။
ဒါပေမယ်လည်း ၃ လ အကြာမှာပဲ အန်ဂျီက နော့တင်ဟမ်ဖောရက်စ်ရဲ့ နည်းပြ အဖြစ်နဲ့ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ်ကို ပြန်လာနိုင်ခဲ့ပါတယ်။ ပိုစတီကိုဂလူးဟာ အာဆင်နယ်နဲ့ ကစားမယ့် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို စတင် ကိုင်တွယ်ရဖို့ ရှိပြီး သူ့ရဲ့ အရည်အသွေးကို စောစောစီးစီး အစမ်းသပ်ခံရမယ့် ပွဲဆိုလည်း မမှားပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.