နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၃ လ အကြာမှာပဲ ဖောရက်စ် နည်းပြ အဖြစ် ပရီးမီးယားလိဂ်ကို ပြန်လည် ရောက်ရှိလာတဲ့ အန်ဂျီ ပိုစတီကိုဂလူး

ပရီးမီးယားလိဂ် ကလပ် နော့တင်ဟမ်ဖောရက်စ် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ နူနို အက်စ်ပီရီတို ဆန်တိုကို ထုတ်ပယ်ပြီးနောက် နည်းပြသစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ ဖောရက်စ်ဟာ စပါးနဲ့ အတူ ယူရိုပါလိဂ်မှာ အောင်မြင်မှု ရခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ကျရှုံးခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး နည်းပြဟောင်း အန်ဂျီ ပိုစတီကိုဂလူးကို အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ပိုစတီကိုဂလူး ကတော့ စပါး ကနေ ထုတ်ပယ်ခံရပြီးနောက် ၃ လ အကြာမှာပဲ ပရီးမီးယားလိဂ်ကို ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ စပါးကို ၁၇ နှစ် အတွင်း ပထမဆုံး ဆုဖလား အောင်မြင်မှု အဖြစ် ယူရိုပါလိဂ် ဖလား ရယူပေးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရတာ ဖြစ်တယ်။ စပါးဟာ ပိုစတီကိုဂလူး လက်ထက်မှာ ရှုံးပွဲ ၂၂ ပွဲနဲ့ အတူ တန်းမဆင်းရတဲ့ အသင်းတွေထဲမှာ ရှုံးပွဲ အများဆုံး စံချိန်တင်ခဲ့ပါတယ်။

နော့တင်ဟမ်ဖေရက်စ် ကတော့ ပရီးမီးယားလိဂ် ၃ ပွဲ အပြီးမှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ ဖောရက်စ်ဟာ နူနို ဆန်တိုကို ရာထူး ကနေ ထုတ်ပယ်ခဲ့တာက အသင်းရဲ့ လက်ရှိ ခြေစွမ်းကြောင့် မဟုတ်ပဲ အသင်းပိုင်ရှင် မာရီနာကစ်နဲ့ အက်ဒူး တို့က တစ်ဘက်၊ ပေါ်တူဂီသား နည်းပြက တစ်ဖက် ပွတ်တိုက်မှုတွေ ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ နူနိုဟာ ပြီးခဲ့တဲ့ ရာသီက ဖောရက်စ်ကို အဆင့် ၇ နေရာ အထိ ပိုဆောင်ပေးနိုင်ခဲ့ပြီး အသင်းရဲ့ သမိုင်းတလျှောက် နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ဥရောပပြိုင်ပွဲ (ယူရိုပါလိဂ်) ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒါကြောင့် ပိုစတီကိုဂလူးက လာမယ့် စနေနေ့မှာ ကစားမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို စတင် ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။
နူနို ဆန်တို နေရာမှာ အစားဝင်မယ့် အန်ဂျီ ပိုစတီကိုဂလူး

ဖောရက်စ်ဟာ အန်ဂျီ ပိုစတီကိုဂလူးကို ခန့်အပ်ခဲ့ကြောင်း မနေ့က တရားဝင် အတည်ပြုသွားခဲ့ပါတယ်။ ဒါကြောင့် ပိုစတီကိုဂလူးက လာမယ့် စနေနေ့မှာ ကစားမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို စတင် ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။ အန်ဂျီနဲ့ အတူ စပါးနည်းပြ အဖွဲ့ဝင်ဟောင်း တချို့လည်း ပြန်လည် ပါဝင်လာမယ်လို့လည်း သိရပါတယ်။ အသက် ၆၀ အရွယ် ဩစတြေးလျ လူမျိုး နည်းပြကြီး အန်ဂျီ ပိုစတီကိုဂလူးဟာ ပြီးခဲ့တဲ့ ဇွန်လက စပါးနဲ့ လမ်းခွဲခဲ့ပြီး ကတည်းက အသင်း လက်မဲ့ ဖြစ်နေသူပါ။ 

အန်ဂျီ ပိုစတီကိုဂလူးဟာ ဂျပန် ကလပ် ယိုကိုဟားမား အက်ဖ် မာရီနို့စ်နဲ့ ၂ဝ၁၉ မှာ ဂျေလိဂ် ချန်ပီယံ ဖြစ်ခဲ့သလို စကော့တလန် ကလပ် ဆဲလ်တစ်နဲ့လည်း ၂ ရာသီ အတွင်းမှာ ပြည်တွင်း ဆုဖလား ၅ လုံး အထိ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဩစတြေးလျ လူမျိုး နည်းပြကြီးရဲ့ ထူးခြားချက် ကတော့ အသင်းတိုင်းနဲ့ ဒုတိယမြောက် ရာသီ ရောက်တိုင်း ဆုဖလား ဆွတ်ခူးနိုင်လေ့ ရှိတာ ဖြစ်ပါတယ်။

ဖောရက်စ် အသင်း ပိုင်ရှင် ဂရိ လူမျိုး ဖြစ်သူ အီဗန်ဂျီလော့စ် မာရီနာကစ် ကိုယ်တိုင် ကလည်း ဂရိ မျိုးရိုး ရှိတဲ့ ပိုစတီကိုဂလူးကို ပြီးခဲ့တဲ့ ဇူလိုင်လက ဂရိ နိုင်ငံမှာ ဆုချီးမြှင့်ရင်း ချီးကျူးစကားဆိုခဲ့ဖူးပါတယ်။ မာရီနာကစ်က “အန်ဂျီဟာ ဂရိ လူမျိုး ဖြစ်ရတာကို ဂုဏ်ယူသူ ဖြစ်ပြီး စပါးနဲ့ အောင်မြင်မှု ရရှိခဲ့ချိန်မှာတောင် ဂရိ နိုင်ငံ အကြောင်းကို ထည့်သွင်း ပြောကြားခဲ့သူပါ။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်