နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖောရက်စ်ကို မတူညီတဲ့ အသင်း တစ်သင်း အဖြစ် မြင်တွေ့နေရပြီ ဖြစ်ကြောင်း ပြောကြားလိုက်တဲ့ အန်ဂျီ ပိုစတီကိုဂလူး | ပရီးမီးယားလိဂ်

နော့တင်ဟမ်ဖောရက်စ် ကတော့ မနေ့က ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘန်လေနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျပြီး တစ်မှတ်စီ ခွဲယူခဲ့ရပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ အန်ဂျီ ပိုစတီကိုဂလူး ကတော့ သူ့ရဲ့ အသင်းကို မတူညီတဲ့ အသင်း တစ်သင်း အဖြစ် မြင်တွေ့ခဲ့ရကြောင်း ပြောကြားလိုက်ပါတယ်။

ဒီပွဲမှာ နော့တင်ဟမ်ဖောရက်စ်က ပွဲချိန် ၂ မိနစ်မှာ နီကို ဝီလီယမ်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် မိနစ် ၂၀ မှာတော့ အန်သိုနီက ဘန်လေ အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ဖောရက်စ်က ဘန်လေ ဘက်ကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းချက်တွေကြောင့် သရေ တစ်မှတ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဖောရက်စ်က တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘန်လေ ဘက်ကို ဂိုးပေါက် ကန်ချက် ၁၇ ကြိမ် အထိ ပြုလုပ်ပြီး ၈ ကြိမ် ဂိုးပေါက်တည့်ခဲ့ပါတယ်။

နော့တင်ဟမ်ဖောရက်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၅ ပွဲ ကစားပြီးချိန် အထိ ဘရန့်ဖို့ဒ်နဲ့ အဖွင့် တစ်ပွဲသာ အနိုင်ရထားပြီး ၄ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဒါဟာ ဖောရက်စ် အတွက် ၂၀၂၄ ခုနှစ် ဧပြီလ နောက်ပိုင်း သူတို့ရဲ့ အရှည်ကြာဆုံး နိုင်ပွဲ မရတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အန်ဂျီ ပိုစတီကိုဂလူး လက်ထက် မှာတော့ ဖောရက်စ်က ပရီးမီးယားလိဂ် အပါအဝင် ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တာ ဖြစ်ပြီး ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံး ရလဒ် ပိုင်ဆိုင်ထားပါတယ်။

အန်ဂျီ ပိုစတီကိုဂလူး လက်ထက် မှာတော့ ဖောရက်စ်က ပရီးမီးယားလိဂ် အပါအဝင် ၃ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တာ ဖြစ်ပြီး ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံး ရလဒ် ပိုင်ဆိုင်ထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေတဲ့ နော့တင်ဟမ်ဖောရက်စ်

ဒါပေမယ့်လည်း ပိုစတီကိုဂလူး ကတော့ သူ့ရဲ့ အသင်းသစ် အပေါ် အခုလိုပဲ ကောင်းမွန်စွာ မှတ်ချက်ပေးသွားခဲ့ပါတယ်။ “လွန်ခဲ့တဲ့ တစ်ပတ်လောက်က အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပွဲနဲ့ မတူညီတဲ့ အသင်း တစ်သင်းကို မြင်တွေ့ခဲ့ရပြီး ဗုဒ္ဓဟူးနေ့ ညကလည်း အဲဒီအချက်တွေကို မြင်တွေ့ခဲ့ရပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဘန်လေကို ၇ ကြိမ် အထိ ကယ်တင်ပေးခဲ့တဲ့ ဂိုးသမား မာတင် ဒူဗရက်ဗ်ကာရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် ကိုလည်း ချီးကျူးသွားခဲ့ပါတယ်။ “သူ (ဒူဗရက်ဗ်ကာ)က ထူးချွန်သူပါ။ စိတ်ပျက်မိပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်တော် တို့ရဲ့ ကစားပုံ တိုးတက်လာမှုက ကျွန်တော့် အတွက် အပြုသဘောဆောင်ဆုံး အရာပါပဲ။” လို့ ပိုစတီကိုဂလူးက ဆိုပါတယ်။

နော့တင်ဟမ်ဖောရက်စ်ဟာ ဥရောပ ခရီးစဉ် အဖြစ် လာမယ့် ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်ဘက်တစ်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ ဒီအတွက်လည်း ဩစတြေးလျ လူမျိုး နည်းပြကြီးက “စောင့်မျှော်နေပါတယ်။ ဒီကစားသမား အုပ်စု အတွက် အရမ်းကောင်းမှာပါ။ ကျွန်တော့်မှာ ယူရိုပါလိဂ် အတွေ့အကြုံ ၃ နှစ် ရှိပါပြီ။ မနှစ်က အခြေအနေ ကောင်းပေမယ့် ဒီကစားသမားတွေနဲ့ ဆိုရင်လည်း အရမ်းကောင်းပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဖောရက်စ်ကို အိမ်ကွင်းမှာ သရေကစားနိုင်ခဲ့တဲ့ ဘန်လေ ကတော့ ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဘန်လေဟာ ယူနိုက်တက်၊ လစ်ဗာပူးလ် တို့လို အသင်းတွေကို အကောင်းဆုံး တုန့်ပြန်ကစားနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ နောက်ကျ သွင်းဂိုးတွေကြောင့် ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ အပြီး မှာတော့ ဘန်လေ နည်းပြ စကော့တ် ပါကားက “ဒီနေ့ အသင်းရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်ခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ဘယ်လို လုပ်ဆောင်ခဲ့လဲဆိုတာ အခြေခံကျကျနဲ့ စဉ်းစားကြည့်ရင်တော့ ကျေနပ်စရာ ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်