ဘန်လေ – အာဆင်နယ်
ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် အာဆင်နယ်က ဘန်လေကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုဆီကို ချီတက်နေတဲ့ ဂန်းနားတို့ ရုန်းကန်နေရတဲ့ ဘန်လေကို ထပ်မံ အသာရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘန်လေက ဒီရာသီ ပရီးမီးယားလိဂ် ၉ ပွဲ ကစားပြီးချိန်အထိ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၅ ပွဲ ရှုံးပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရှိနေပါတယ်။ တန်းဆင်းဇုန်နဲ့ ၅ မှတ် ကွာဟနေတဲ့ ဘန်လေက နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရထားပြီးတော့ ယုံကြည်မှုလည်း ပြန်ရနေပါတယ်။ ဘန်လေရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင် ၄ ပွဲ ကစားရာမှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး လစ်ဗာပူးလ်ကို နောက်ကျဂိုးနဲ့ ကပ်ရှုံးထားတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဘန်လေက အိမ်ကွင်း ကစားပုံ မဆိုးလှတဲ့ အသင်း ဖြစ်တာကြောင့်တော့ အာဆင်နယ်တို့ သတိထားရမှာလည်း ဖြစ်ပါတယ်။
အာဆင်နယ် ကတော့ ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာနဲ့ပဲ ကျေနပ်ခဲ့ရလို့လား မသိပါဘူး။ ဒီမှာတော့ အစွမ်းကုန် ကြမ်းပြနေပါတယ်။ လေမတိုးတဲ့ ခံစစ်၊ ထိရောက်တဲ့ Set-piece တွေနဲ့ ရလဒ်ကောင်းတွေ ဆက်တိုက် ယူပြနေတာ နောက်ဆုံး ၁၁ ပွဲဆက် ရှုံးပွဲ မရှိသလို နိုင်ပွဲ ကလည်း ၁၀ ပွဲအထိ ရှိထားပါတယ်။ နောက်ပြီး ဒီရာသီမှာ အာဆင်နယ်က ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီး ပြိုင်ပွဲစုံ ၁၄ ပွဲ ကစားရာမှာ ရဂိုး ၂၈ ဂိုး ပေးဂိုး ကတော့ ၃ ဂိုးသာ ရှိထားပါတယ်။ အကောင်းဆုံး ပုံစံ ရနေတဲ့ အာဆင်နယ်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး အထူးတလည် ပြောစရာ မလိုတာကြောင့် ဂန်းနားတို့ တက်ဖ်မောမှာ နောက်ထပ် တစ်ကြိမ် ခမ်းနားစွာ အောင်ပွဲခံနိုင်ဦးမလား ဆိုတာပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ ဘန်လေ ဘက်က ကော်နာ ရောဘတ်၊ ဘီယာ၊ အမ်ဒွန်နီတို့ လွဲချော်ဖို့ ရှိပြီး အာဆင်နယ် ဘက်မှာတော့ ဂျေဇုစ်၊ ဟာဗက်ဇ်၊ အိုဒီဂတ်၊ မာဒူခေး တို့ လွဲချော်မှာပါ။ ဒါ့အပြင် မာတင်နယ်လီနဲ့ ဆလီဘာ တို့ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘန်လေ – ဒူဗရက်ဗ်ကာ၊ ဝေါလ်ကာ၊ တွမ်ဇီဘီ၊ အက်စတိဗ်၊ ဟာ့တ်မန်း၊ ဖလော်ရန်တီနို၊ ကူလန်၊ ဘရွန်း၊ လာဆင်၊ အူဂိုချူကဝူ၊ အန်သိုနီ၊ ဖလမ်းမင်း
အာဆင်နယ် – ရာယာ၊ တင်ဘာ၊ မော့စ်ကွီယာ၊ ဂါဘရီရယ်၊ ကာလာဖီအိုရီ၊ အက်ဇေး၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ ဆာကာ၊ ယိုကီးရက်စ်၊ ထရော့ဆက်ဒ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၇ ကြိမ် တွေ့ဆုံရာမှာ အာဆင်နယ်က ၁၃ ကြိမ်နိုင်၊ ၃ ကြိမ် သရေကျပြီး ဘန်လေက ၁ ကြိမ်သာ အနိုင်ရခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာလည်း အာဆင်နယ်က ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ တက်ဖ်ဖောမှာ ကစားခဲ့တဲ့ နောက်ဆုံး ၈ ကြိမ်စလုံး အာဆင်နယ် မရှုံးခဲ့ပဲ ၆ ပွဲ အထိ အနိုင်ရခဲ့တာ တွေ့ရပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘန်လေ နိုင်ရင် ၉.၂၀ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၂၅ ဆ၊ သရေ ဆိုရင်တော့ ၅.၂၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဧည့်သည် အာဆင်နယ် ဘက်က ခပ်ပြင်းပြင်း ကြေးပေါက်နေပြီး ဂိုးပေါင်းကြေး ကတော့ ၂.၅၀၊ ၂.၇၅၊ ၃.၀၀ ဆိုပြီး ဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ အခြေအနေအရ အာဆင်နယ် ဘက်က ဒီလောက်အထိ ကြေးပေးထားတာ သိပ်တော့ မထူးဆန်းပါဘူး။ အာဆင်နယ်က အရင်လို မဟုတ်တော့ပါဘူး။ သေချာတဲ့ ရလဒ်နဲ့ ပြိုင်ဘက်တွေကို စနစ်တကျ အနိုင်ယူဖို့ ကြိုးစားလာပါတယ်။ အနိုင်သေချာမယ့် ဂိုးတွေ ယူပြီးရင် ခံစစ်ကိုလည်း သတိကြီးကြီး ကစားနေတဲ့ အသင်းပါ။ အာဆင်နယ်တို့ နောက်ထပ် ပေးဂိုး မရှိနိုင်ပွဲ ထပ်မံ ရယူသွားပါလိမ့်မယ်။
ခန့်မှန်းရလဒ်
ဘန်လေ ၀-၂ အာဆင်နယ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (  ) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
|---|---|---|---|
|  = €20 (ယုံကြည်ချက် အမြင့်ဆုံး) |  = €10 (ယုံကြည်ချက်) |  = €5 (ယုံကြည်ချက် အနည်းငယ် ) | |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.
 
					 
										 
										 
										 
										 
										 
										 
			 
			   
							 
							 
							 
							 
									 
				 
		

