လစ်ဗာပူးလ် အာနေး ဆလော့တ် ကတော့ သူ့ အနေနဲ့ အလွန် ပြင်းထန်တဲ့ တိုက်စစ်ဆင်မှု ပုံစံနဲ့ လစ်ဗာပူးလ်ရဲ့ စတိုင်ကို ပြောင်းလဲမှာ မဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ညက ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခံစစ်ပိုင်း အားနည်းချက်တွေ ရှိခဲ့ပေမယ့် တိုက်စစ် ကတော့ ဂိုးမြူးခဲ့ကာ ဘုန်းမောက်ကို ၄-၂ ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အာနေး ဆလော့တ်ရဲ့ အသင်းက တစ်ပွဲလုံးမှာ ဂိုးပေါက် ကန်ချက် ၁၉ ကြိမ် အထိ ရှိခဲ့ပြီး ဂိုးပေါက် တည့်မှု ၁၀ ကြိမ် ကနေ ၄ ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အတွက် ဂိုးတွေ ကိုတော့ ဟူဂို အစ်ကီတီကီ၊ ဂက်ခ်ပို၊ ခီယေဇာနဲ့ မိုဆာလာ တို့က သွင်းယူပေးခဲ့ပြီး ဘုန်းမောက် အတွက် ချေပဂိုး ၂ ဂိုး ကိုတော့ ဆီမီညို ကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ၂ ဂိုးပြတ် ဦးဆောင်နေရာ ကနေ ၂ ဂိုး ပြန်ပေးလိုက်ရလို့ ၂-၂ ဖြစ်သွားခဲ့ပေမယ့် တိုက်စစ်က လိုအပ်နေတဲ့ သွင်းဂိုးတွေ ရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီး မှာတော့ လစ်ဗာပူးလ် ကစားသမားဟောင်း ဂျေမီ ကာရေဂါက Sky Sports ရဲ့ အစီအစဉ် တစ်ခုမှာ ကြိုးကြာနီတွေရဲ့ ခံစစ်ပိုင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဆီမီညိုရဲ့ ဒုတိယဂိုး အတွက် အသင်းရဲ့ စည်းရုံးမှု မရှိခြင်းက “လွန်စွာ တုန်လှုပ်စရာ” ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကာရေဂါက လစ်ဗာပူးလ် အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆက်လက် ထိန်းသိမ်းလိုရင် ခံစစ်ပိုင်း အားနည်းမှုကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကာရေဂါရဲ့ အခုလို ထောက်ပြ ဝေဖန်မှုတွေ ကိုတော့ အာနေး ဆလော့တ်က ကွင်းလယ်ပိုင်းက ရွိုင်ယန် ဂရာဗန်ဘက်ချ် မပါဝင်နိုင်ခဲ့တာကြောင့် ဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။ နယ်သာလန်သား ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ မပါဝင်ခဲ့သလို မနေ့ညက ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပါတယ်။ “ပြီးခဲ့တဲ့ တစ်ပတ် ဒါမှမဟုတ် ဒီတစ်ပတ်မှာ မရှိနိုင်ခဲ့တဲ့ ကစားသမား တစ်ယောက် အကြောင်း ကျွန်တော် ပြောပါမယ်။ အဲ့ဒါကတော့ ရိုင်ယန် ဂရာဗန်ဘက်ချ်ပါ။ ပြီးခဲ့တဲ့ရာသီက သူဟာ ဒီအချိန်တွေမှာပဲ အရမ်းပဲ အရေးကြီးခဲ့ပါတယ်။” လို့ ဆလော့တ်က Sky Sports ကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဆလော့တ်က “အလက်ဆစ် မက်အယ်လစ္စတာ ကလည်း ပြန်ရောက်လာတာ ၂ ပတ် သုံးပတ်လောက်ပဲ ရှိသေးတော့ ကွင်းလယ်ပိုင်းက ထိန်းချုပ်နိုင်မှု အနည်းငယ် ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ရွိုင်ယန်က နောက်တစ်ပတ်မှာ ပြန်လာပြီး မက်ကာ (မက် အယ်လစ္စတာ) က ပိုပြီး ကြံ့ခိုင်လာပါလိမ့်မယ်။ ပြီးတော့ ကျွန်တော်တို့ စွန့်စားရမှုမှာ ဟန်ချက်ညီအောင် လုပ်ဆောင်ရပါမယ်။ ဘာလို့လဲ ဆိုတော့ ပဲလေ့စ်နဲ့ ပွဲမှာ ကျွန်တော်တို့ တန်ပြန် တိုက်စစ် ကနေ ရိုးရှင်းတဲ့ ဘောလုံးပေးပို့မှု ၂ ကြိမ်၊ ၃ ကြိမ်လောက် ဆုံးရှုံးခဲ့ရလို့ပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လစ်ဗာပူးလ် ကတော့ အခု ဆိုရင်တော့ အစောဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးပြတ် နိုင်ပွဲနဲ့ အတူ အမှတ်ပေးဇယားကို စတင် ဦးဆောင်လိုက်ပြီ ဖြစ်ပါတယ်။ တချို့သော နေရာတွေမှာ အားနည်းချက်တွေ ရှိနေသေးတယ် ဆိုပေမယ့်လည်း ကစားသမားသစ်တွေရဲ့ ပရီးမီးယားလိဂ်နဲ့ လျင်မြန်စွာ အသားကျမှုကို မြင်တွေ့ခဲ့ရတာက အားရစရာပါ။ ဒီပွဲမှာ ဖလော်ရီယန် ဝစ်ဇ်၊ ဖရင်ပေါင်နဲ့ ဟူဂို အစ်ကီတီကီတို့ ပွဲချိန်ပြည့် မကစားခဲ့ရပေမယ့် ကစားသမားသစ်တွေလို့ မထင်ရအောင်ကို အသားကျခဲ့တာ တွေ့ရပါတယ်။ ဘယ်ခြမ်းခံစစ်က မီလော့စ် ကာကက်ဇ် တစ်ဦးလောက်ပဲ ပြောစရာရှိပြီး အဓိက ကတော့ တိုက်စစ် ကစားပုံ ဖြစ်ပြီး အားရစရာ ကောင်းလွန်းခဲ့ပါတယ်။လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် ရာသီသစ် ဒုတိယမြောက် ပွဲစဉ် အဖြစ် ဩဂုတ် ၂၅ မှာ နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ ဩဂုတ် ၃၁ မှာ အာဆင်နယ်ကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.