နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယိုကီးရက်စ်၊ တင်ဘာ၊ ဆာကာ တို့ရဲ့ သွင်းဂိုးတွေနဲ့ လိဒ်စ်ကို ဂိုးပြတ် ဆုံးမခဲ့တဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

မနေ့ညက ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာတော့ အာဆင်နယ်က လိဒ်စ်ယူနိုက်တက်ကို အမ်းမရိတ်စ်မှာ ၅-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဖွင့်ပွဲမှာ ယူနိုက်တက်ကို အနိုင်ရခဲ့ပေမယ့် ခြေစွမ်းမကောင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ အာဆင်နယ်တို့ ဒီနေ့ပွဲ မှာလည်း အသင်းက အထိုင်မကျသေးသည့်တိုင်အောင် Five Stars နိုင်ပွဲ ရရှိခဲ့လို့ ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်က ပြီးခဲ့တဲ့ ယူနိုက်တက်နဲ့ ပွဲက လူစာရင်းကို အနည်းငယ်သာ အပြောင်းအလဲ လုပ်လာခဲ့ပြီး မာတင်နယ်လီ နေရာမှာ မာဒူခေး၊ ဝှိုက် နေရာမှာ တင်ဘာ ပွဲထွက်လာတာက လွဲရင် ကျန်နေရာတွေမှာတော့ အပြောင်းအလဲ မရှိခဲ့ပါဘူး။ လိဒ်စ် ကလည်း အာဆင်နယ် အိမ်ကွင်းမှာ တတ်နိုင်သမျှ ခံကစားဖို့ အတွက် ကျစ်လျစ်တဲ့ ခံစစ်ကို ပြင်ဆင်လာခဲ့ပါတယ်။ ဂန်းနားတွေ အတွက် သက်တောင့် သက်သာရှိတဲ့ နိုင်ပွဲ တစ်ပွဲ ဖြစ်ခဲ့ပြီး အစောပိုင်းမှာ အာဆင်နယ်က ကစားကွက် အထိုင်မကျသေးတာ အပြင် အချိတ်အဆက် အပိုင်းတွေမှာ အမှားတွေ၊ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်။ ဒုတိယပိုင်း ခြေစွမ်းကတော့ အားရ ကျေနပ်စရာ အပြည့်ရှိခဲ့ပြီး ပြိုင်ဘက်ကို Dominance လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စလည်း ဒီနေ့ပွဲမှာ အသင်းနဲ့ အလုံးစုံ အသားမကျသေးသည့် တိုင်အောင် သူ့ရဲ့ ဟန်အတိုင်း Left Channel ကနေ တစ်ဦးတည်း တိုက်စစ်ဆင်ပြီး အတွင်းကို ဆွဲဝင်ကာ သေသပ်တဲ့ သွင်းဂိုး ၁ ဂိုးကို ရယူပြခဲ့သလို ပင်နယ်တီ ကနေလည်း နောက်ထပ် ၁ ဂိုး ထပ်ရခဲ့ပါတယ်။ တင်ဘာ ကတော့ ဒီကလန် ရိုက်စ်ရဲ့ ထောင့်ကန်ဘော ကနေ သွင်းဂိုး ၂ ဂိုး ရရှိခဲ့သလို ဆာကာရဲ့ ဂိုး အတွက်လည်း ဖန်တီးပေးကာ MOTM လည်း ရရှိသွားခဲ့ပါတယ်။ ဘယ်ခြမ်း ခံစစ်မှာ ကစားခဲ့တဲ့ ကာလာဖီအိုရီရဲ့ တိုးတက်လာပြီး အရင်နှစ်နဲ့ ကွဲပြာခြားနားတဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ရသလို ရိုက်စ်နဲ့ ဇူဘီမန်ဒီ Double Pivot ကတော့ ဒုတိယပိုင်းမှာ ဟန်ချက် ညီညာမှု ပြန်လည် ရရှိခဲ့ပါတယ်။ ဒီပွဲမှာ နောက်ထပ် မဖြစ်မနေ ချီးကျူးရမှာက ရိုက်စ်ရဲ့ ဝေ့ဝိုက်ပေးပို့တဲ့ ထောင့်ကန်ဘောတွေ ဖြစ်ပြီး တိကျဆဲ၊ ထိရောက်ဆဲ ဖြစ်ပါတယ်။

ဆာကာ ကတော့ သူ အားနည်းတဲ့ ညာခြေနဲ့ အပြင်းကန်သွင်းပြီး ဂိုးရအောင် ယူသွားပေမယ့် တံကောက်ကြော ဒဏ်ရာဟောင်း ပြန်ထိသွားပုံ ရပြီး ပြင်းထန်ဖွယ်တော့ ရှိပါတယ်။ ဒါပေမယ့်လည်း ဆာကာ နေရာမှာ မာဒူခေး ကစားချိန်မှာလည်း အဆင်ပြေခဲ့ပြီးတော့ လုပ်သင့်လုပ်ထိုက်တာတွေ ကိုပဲ ပြုလုပ်နိုင်ခဲ့သလို ဘယ်ခြမ်း ကနေ ညာခြမ်းကို ပြောင်းကစားချိန်မှာ တိုက်စစ်ကို ပိုပြီး ထိထိရောက် ရှိစေခဲ့ပါတယ်။ ပုခုံးဒဏ်ရာ ရသွားတဲ့ မာတင် အိုဒီဂတ် နေရာမှာ ဝင်ကစားခဲ့တဲ့ အီသန် နွမ်နရီ ရဲ့ ကစားဟန်လည်း ကောင်းမွန်ခဲ့ပြီး အားကိုးလို့ ရနိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ဗဟို ခံစစ် အတွဲ ကတော့ ပြောစရာမလိုအောင် ကျစ်လစ် တည်ငြိမ်ခဲ့ပြီး နားလည်မှု အပြည့် ရှိခဲ့ပါတယ်။

အသက် ၁၅ နှစ်နဲ့ ၂၃၅ ရက်သာ ရှိသေးတဲ့ မက်စ် ဒိုးမန်း ကလည်း ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး အရွယ်နဲ့ မလိုက်တဲ့ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။
နှစ်ပွဲ ကစားပြီး ရဂိုး ၆ ဂိုး၊ ပေးဂိုး မရှိနဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အာဆင်နယ်

တဖက်မှာ ဒါးဗစ် ရာယာ ကတော့ ဘာကြောင့် ၂ နှစ် ဆက်တိုက် ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုရှင် ဖြစ်ခဲ့သလဲ ဆိုတာကို သက်သေ ထပ်ပြနိုင်ခဲ့ပြီး အာဆင်နယ် အတွက် ၂ ပွဲဆက် Clean Sheet ယူပေးထားပြီ ဖြစ်ပါတယ်။ အသက် ၁၅ နှစ်နဲ့ ၂၃၅ ရက်သာ ရှိသေးတဲ့ မက်စ် ဒိုးမန်း ကလည်း ပရီးမီးယားလိဂ်မှာ ပထမဦးဆုံး ပွဲထွက်ခွင့်ရခဲ့ပြီး အရွယ်နဲ့ မလိုက်တဲ့ တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ဒါ့အပြင် ယိုကီးရက်စ်ရဲ့ ပင်နယ်တီ ကိုလည်း သူကပဲ ရှာဖွေပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကတော့ လိဒ်စ်ယူနိုက်တက်နဲ့ ပွဲက အာဆင်နယ်ရဲ့ တိုးတက် ကောင်းမွန်လာတဲ့ အခြေအနေတွေ ဖြစ်ပြီး တစ်ဖက် မှာလည်း ဂန်းနား တို့ဟာ ဒဏ်ရာ စိန်ခေါ်မှုကို ပွဲစဥ် ၂ မှာတင်ပဲ စတင်ရင်ဆိုင်ရပြီ ဖြစ်ပါတယ်။ ဆာကာ၊ ကိုင် ဟာဗက်ဇ်နဲ့ အိုဒီဂတ်တို့ ဒဏ်ရာရသွားကြတာက အာဆင်နယ် အတွက် ကြီးမားတဲ့ နစ်နာမှု ဖြစ်ပါတယ်။ အရင်လိုဆိုရင် အာဆင်နယ်က ဒီအခြေအနေမှာ စုတ်ပြတ်သတ်သွားပါပြီ။ ဒါပေမယ့်လည်း ဒီနှစ် မှာတော့ ဒီအရာကို ကစားသမားသစ်တွေ၊ လူငယ် ကစားသမားတွေနဲ့ ကျားကန်ထားနိုင်တာက အနည်းငယ် စိတ်အေးစရာပါ။ ရေရှည် အတွက်တော့ ရင်လေးစရာ ဖြစ်ပါတယ်။

ဘာပဲပြောပြော ကစားသမားသစ်တွေ ခေါ်ယူတာက အဆင်ပြေတယ် ဆိုတာကို စပြီး မြင်တွေ့နေရပါပြီ။ အဓိက ကတော့ ဒီပွဲမှာ ဒဏ်ရာတွေသာ မရခဲ့ရင် တော်တော်လေး ကျေနပ်စရာ ကောင်းတဲ့ နိုင်ပွဲ ဖြစ်ခဲ့မယ် ဆိုတာပါ။ လောလောဆယ် မှာတော့ အာဆင်နယ်က နှစ်ပွဲ ကစားပြီး ရဂိုး ၆ ဂိုး၊ ပေးဂိုး မရှိနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ ပွဲစဉ် ၂ မှာ ရှုံးပွဲ တွေ့ခဲ့ရတဲ့ လိဒ်စ် ကတော့ အဆင့် ၁၁ နေရာမှာ ရှိနေပြီး ကစားဖို့ ကျန်တဲ့ ပွဲတွေ အပေါ် မူတည်ပြီး အဆင့် ရပ်တည်မှု အပြောင်းအလဲ ရှိလာမှာပါ။

အာဆင်နယ် ကတော့ လာမယ့် ဩဂုတ်လ ၃၁ ရက်နေ့မှာ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လိဒ်စ် ကတော့ ကြားရက်မှာ ရှက်ဖီးလ်ဝမ်းနက်စ်ဒေးနဲ့ ခရာဘောင်ဖလား ပွဲစဉ် ကစားရမှာ ဖြစ်ပြီး စနေနေ့မှာတော့ နယူးကာဆယ်ကို အယ်လန်ရုတ်ဒ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်