အာဆင်နယ် – လိဒ်စ်ယူနိုက်တက်
အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ မှာ လိဒ်စ်ယူနိုက်တက်ကို အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ကို နောက်ဆုံး ၁၁ ပွဲဆက် အသာမရခဲ့တဲ့ လိဒ်စ်တို့ ဒီတစ်ကြိမ်လည်း သရေ တစ်မှတ်ရဖို့တောင် သေချာပေါက် ရုန်းကန်ရဖို့တော့ ရှိနေပါတယ်။
အာဆင်နယ်က မန်ချက်စတာယူနိုက်တက်ကို ခြေစွမ်းအသာမရခဲ့ပေမယ့် ရလဒ်ပိုင်း အသာရခဲ့တာကြောင့် ပရီးမီးယားလိဂ် အဖွင့်လှထားခဲ့ပါတယ်။ အခုပွဲမှာလည်း အာဆင်နယ်တို့ ၃ မှတ် အပြည့်ယူဖို့ ကြိုးစားမှာ ဖြစ်ပြီး ဒါပြီးရင်တော့ မီခဲလ် အားတေးတားရဲ့ အသင်းက ပွဲကြပ်တွေ ဆက်တိုက်နွှဲရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ အာဆင်နယ်တို့ ခြေစွမ်းပိုင်းက တော်တော်လေး အခြေအနေ ဆိုးရွားခဲ့သလို လုံးဝကို Form အောက်နေတာပါ။ ကွင်းလယ်က မာတင် ဇူဘီမန်ဒီ တစ်ယောက်လောက်ပဲ ခြေစွမ်းပြနိုင်ခဲ့ပြီး ကျန်ကစားသမားတွေ အားလုံးကို လိုအပ်ချက် များစွာနဲ့ မြင်တွေ့ခဲ့ရပါတယ်။ နောက်ထပ် စောင့်ကြည့်ချင်စရာက တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ဖြစ်ပါတယ်။ သူ့အနေနဲ့ လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ပုံစံတွေ ပြသနေပေမယ့် တကယ့် ပွဲထဲမှာတော့ အသင်းဖော်တွေရဲ့ ဖန်တီးနိုင်မှု အားနည်းခြင်းနဲ့ အတူ လူပိုကြီးလို ဖြစ်နေဆဲပါ။

လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ အဲဗာတန်ကို ၁-၀ ရလဒ်နဲ့ အနိုင်ခဲ့ပြီး ခြေစွမ်းပိုင်းလည်း ကောင်းမွန်ခဲ့တာ တွေ့ရပါတယ်။ လိဒ်စ်က ဒန်နီရယ် ဖာကီ လက်အောက်မှာ ပြီးခဲ့တဲ့ ရာသီက အတိုင်း တိုက်စစ် အသားပေး ကစားဟန်နဲ့ မြင်တွေ့နေရဆဲ ဖြစ်ပြီး အသင်းကြီးတွေနဲ့ အတွေ့မှာ အလုပ်လုပ်နိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။ သေချာတာ ကတော့ လိဒ်စ်တို့ အာဆင်နယ်ကို Mid Block၊ Low Block တွေနဲ့ ပိတ်ဆို့ ကစားပြီး သေချာမှသာ တန်ပြန် တိုက်စစ်နဲ့ တုန့်ပြန်ဖွယ် ရှိပါတယ်။
နှစ်ဖက်အသင်း သတင်းများ
လိဒ်စ်ယူနိုက်တက် ဘက်မှာတော့ ကစားသမားသစ် ဒေါမနစ် ကဲလ်ဗတ်-လီဝင်း ပါဝင်နိုင်ဦးမှာ မဟုတ်သလို အမ်ပါဒူလည်း လွဲချော်ပါလိမ့်မယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဆင်နယ် – ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ ကာလာဖီအိုရီ၊ အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ ဆာကာ၊ ယိုကီးရက်စ်၊ မာတင်နယ်လီ
လိဒ်စ်ယူနိုက်တက် – ပါရီ၊ ဘိုဂလီ၊ ရွန်ဒွန်၊ စတျောက်ခ်၊ ဂတ်မန်ဆန်၊ စတက်ချ်၊ ဂရူအက်ဗ်၊ တာနာကာ၊ နွန်တို၊ အမ်မီချာ၊ ဟာရစ်ဆင်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက နောက်ဆုံး ၁၁ ကြိမ် တွေ့ဆုံရာမှာ အာဆင်နယ်က ၉ ကြိမ်နိုင်ပြီး ၂ ကြိမ် သရေကျကာ လိဒ်စ်က နိုင်ပွဲ မရထားတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ကြိမ် တွေ့ဆုံမှု မှာလည်း အာဆင်နယ်က ၅ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျထားပါတယ်။ အမ်းမရိတ်စ်က နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှု မှာတော့ အာဆင်နယ် ကပဲ အပြတ်အသတ် အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၂၇ ဆ၊ လိဒ်စ်ယူနိုက်တက် နိုင်ရင် ၇.၉၀ ဆ၊ သရေ ဆိုရင်တော့ ၅.၂၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ အာဆင်နယ်က နှစ်လုံး တစ်ဝက်စားလောက် အထိ ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ အာဆင်နယ်က ကစားသမားသစ်တွေနဲ့ အသားမကျသေးပေမယ့် နိုင်ပွဲ ရအောင် ယူတတ်ဖို့ လိုအပ်ကြောင်း ကိုတော့ ကောင်းကောင်း သဘောပေါက်လာပုံပါပဲ။ ချန်ပီယံဆုတွေ အတွက် အရေးပါတဲ့ နှစ်ထဲ ရောက်လာချိန်မှာ အမှားမလုပ်မိဖို့ တတ်နိုင်သမျှ သတိထားနေပါတယ်။ အာဆင်နယ် အနိုင်သေချာပါတယ်။ ၂-၀ လောက်နဲ့ နိုင်သွားပါလိမ့်မယ်။
ခန့်မှန်းရလဒ်
အာဆင်နယ် ၂-၀ လိဒ်စ်ယူနိုက်တက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.