နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆာကာရဲ့ အရန် အဖြစ် မာဒူခေးကို စိတ်ဝင်စားနေတဲ့ အာဆင်နယ်၊ အန်ဒီဒီကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်နဲ့ အဲဗာတန် | ပရီးမီးယားလိဂ်

ဇွန်လ ၂၇ ရက်နေ့ အတွက် နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဘူကာယို ဆာကာ အတွက် အရန် ကစားသမား ရှာဖွေနေပြီးတော့ ချဲလ်ဆီး တောင်ပံ ကစားသမား နိုနီ မာဒူခေးကို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒီကစားသမားရဲ့ အပြောင်းအရွှေ့ အတွက် ကလပ် နှစ်သင်း စလုံးနဲ့ ကိုက်ညီမယ့် သဘောတူညီချက် ရရှိဖို့ ညှိနှိုင်းနေပြီး တိုးတက်မှုတွေ ရှိနေကြောင်း Tuttomercatoweb က ဖော်ပြပါတယ်။ ချဲလ်ဆီး ကတော့ အသင်းထံ အက်စတီဗာအို ရောက်ရှိလာခဲ့တဲ့ အတွက် မာဒူခေးကို ရောင်းချဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

လစ်ဗာပူးလ် ကတော့ ဒါဝင် နူညက်ဇ်ရဲ့ နေရာမှာ အစားဖို့ အတွက် အာဆင်နယ်ရဲ့ ပစ်မှတ် ဗစ်တာ ယိုကီးရက်စ်ကို ခေါ်ယူရန် အပြောင်းအရွှေ့ထဲ အပြိုင်အဆိုင် ဝင်ရောက်လာပြီ ဖြစ်ကြောင်း Correio da Manhã က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့်လည်း လစ်ဗာပူးလ်ဟာ စပို့တင်းလစ္စဘွန်းက လိုချင်နေတဲ့ ယူရို သန်း ၈၀ (ပေါင် ၆၈.၂ သန်း) ကို ပေးချေဖို့တော့ ငြင်းဆန်သွားဖွယ် ရှိနေပါတယ်။

တစ်ချိန်တည်းမှာပဲ အာဆင်နယ် ကတော့ ချဲလ်ဆီးကို ကျော်ပြီး အေဂျက်စ် နောက်ခံလူ ဂျော်ရယ်လ် ဟာတိုကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း TBR Football ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ နယ်သာလန် လက်ရွေးစင် ကစားသမား ကတော့ ပေါင် သန်း ၄၀ တန်ကြေး ရှိနေသူ ဖြစ်ပါတယ်။ 

လက်စတာစီးတီး ကွင်းလယ်လူ ဝီလ်ဖရက်ဒ် အန်ဒီဒီ ကတော့ အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ပစ်မှတ် ဖြစ်နေကြောင်း talkSPORT က ဖော်ပြခဲ့ပါတယ်။ နိုင်ဂျီးရီးယား လက်ရွေးစင် ကတော့ ပေါင် ၉ သန်း တန်ကြေး ရှိနေပါသေးတယ်။

တခြား တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ကလည်း တာစတီဂျန်ကို ခေါ်ယူချင်နေကြောင်း CaughtOffside က ဖော်ပြပါတယ်။
လက်စတာစီးတီး ကနေ ထွက်ခွာဖို့ များနေတဲ့ ဝီလ်ဖရက်ဒ် အန်ဒီဒီ

မန်ချက်စတာယူနိုက်တက်ရဲ့ ရေဒါပေါ်မှာ ရှိနေတဲ့ နောက်ထပ် ကွင်းလယ် ကစားသမား တစ်ဦး ကတော့ ကလပ် ဘရုဂေးက အာဒွန် ဂျာရှာရီ ဖြစ်ပါတယ်။ Calciomercato ရဲ့ ဖော်ပြချက်အရ အေစီမီလန်ဟာ ဒီကစားသမားကို ယူရို သန်း ၃၀ (ပေါင် ၂၅.၆ သန်း) နဲ့ ကမ်းလှမ်းခဲ့ပြီး ဒီအပြောင်းအရွှေ့ကို ဦးဆောင်နေပေမယ့်လည်း သရဲနီတွေ ကလည်း လက်မလျှော့ချင်သေးကြောင်း သိရပါတယ်။

ဆာရှာ တာဗိုလိုင်ရီရဲ့ ဖော်ပြချက်အရ ဝက်စ်ဟမ်းဟာ နောက်ထပ် ကလပ် ဘရုဂေး ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တဲ့ ရာဖေးလ် အိုရန်ဒီကာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ရှေ့ဆုံးက ရှိနေတယ်လို့ သိရပါတယ်။ အဲဗာတန် ကလည်း အသက် ၂၄ နှစ် အရွယ် ကစားသမားကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ပါဝင်နေတယ်။

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ ဘာစီလိုနာ ဂိုးသမား မာ့ခ် အန်ဒရီ တာစတီဂျန်ကို ခေါ်ယူလိုနေကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။ ဒီကစားသမား အတွက် ယူရို ၁၅ သန်း (ပေါင် ၁၂.၈ သန်း) ဝန်းကျင်သာ ပေးချေရဖို့ ရှိနေပေမယ့် လုပ်ခလစာ ပေးချေမှု အပိုင်း ကိုတော့ ညှိနှိုင်းရဖွယ် ရှိနေပါတယ်။ တခြား တစ်ဖက် မှာလည်း ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ကလည်း တာစတီဂျန်ကို ခေါ်ယူချင်နေကြောင်း CaughtOffside က ဖော်ပြပါတယ်။ 

အလွတ်နဲ့ ခေါ်ယူနိုင်မယ့် လိုင်လီ တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ် အတွက် တော့တင်ဟမ်ဟော့စပါးက ဆွေးနွေးမှုတွေ ပြုလုပ်ချက် ရှိကြောင်း အီတလီ ဘောလုံး သတင်းတွေမှာ ဖော်ပြပါတယ်။ ကနေဒါ လက်ရွေးစင် ကစားသမား ကိုတော့ ဂျူဗင်တပ်စ်နဲ့ နာပိုလီ နှစ်သင်းစလုံး ကလည်း ဆွေးနွေးမှုတွေ ပြလုပ်နေကြပါတယ်။

အက်စတွန်ဗီလာ ကတော့ PSR စည်းမျဉ်းတွေကို ချိုးဖောက်ခြင်းမှ ရှောင်ရှားဖို့ အတွက် ဇွန်လ မကုန်မီ ကစားသမား ရောင်းချမှုမှ တစ်ဆင့် ပေါင် သန်း ၃၀ ဝန်းကျင် ရှာဖွေနိုင်ဖို့ လိုအပ်ကြောင်း Football Insider က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ ဂိုးသမား အမ်မီ မာတီနက်ဇ် ထွက်ခွာဖို့ ရှိနေပြီးတော့ လင်န်ဒါ ဒန်ဒွန်ကာ၊ လူယီ ဘာရီနဲ့ ကိန်း ကက်စ်လာ ဟေဒန် တို့ကိုလည်း အသင်းသစ် ရှာဖွေဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်