နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ နည်းလမ်း ရှာဖွေနေတဲ့ အာဆင်နယ်၊ ရော်ဘတ်ဆန်ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတဲ့ စပါး | ပရီးမီးယားလိဂ်

ဇန်နဝါရီ ၂၄ ရက်နေ့ ညနေပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဒီနွေရာသီမှာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂျူလီယန် အဲလ်ဗာရက်ဇ် အတွက် အလားအလာရှိတဲ့ အပြောင်းအရွှေ့ တစ်ခုကို ရှာဖွေနေပါတယ်။ လာလီဂါ ကလပ် ကတော့ သူတို့ရဲ့ ကစားသမားကို ယူရို သန်း ၁၀၀ ကျော်နဲ့သာ ရောင်းချဖို့ စဉ်းစားထားကြောင်း သိရပါတယ်။

စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကိုးလ် ပါးမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေ ဆက်လက် ဖြစ်ပေါ်နေချိန်မှာ မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သိရပါတယ်။ ယူနိုက်တက် အနေနဲ့ အင်္ဂလန် ကြယ်ပွင့်ကို ခေါ်ယူဖို့ မကြာခင်မှာ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ်ရဲ့ ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ကို ခေါ်ယူဖို့ အရှိန်မြှင့် လုပ်ဆောင်နေကြောင်း သိရပါတယ်။ မြောက်လန်ဒန် ကလပ် ကတော့ နွေရာသီ အပြောင်းအရွှေ့မှာ စကော့တလန်သားကို ပစ်မှတ်ထားခဲ့ပေမယ့် နည်းပြ သောမက်စ် ဖရန့်ခ် ကတော့ ချက်ချင်း ခေါ်ယူလိုနေကြောင်း သိရပါတယ်။ ရော်ဘတ်ဆန် အနေနဲ့ ဒီဆောင်းရာသီမှာ အန်ဖီးလ် ကနေ ထွက်ခွာခဲ့ရင် လစ်ဗာပူးလ် အနေနဲ့ ရိုးမားမှာ အငှားချထားတဲ့ ကွန်စတန်တီနို့စ် ဆီမီကက်စ်ကို ပြန်လည်ခေါ်ယူဖို့ စဉ်းစားပါလိမ့်မယ်။ 

မန်ချက်စတာစီးတီးဟာ လိုက်ပ်ဇစ် တောင်ပံကစားသမား ယန် ဒီယိုမန်ဒီကို တောက်လျောက် စောင့်ကြည့်နေပါတယ်။ ဂျာမန် ကလပ်ဟာ ဆယ်ကျော်သက် ကစားသမား အတွက် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ တောင်းဆိုနေပြီး လစ်ဗာပူးလ်၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာ တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ဒီနွေရာသီမှာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဂျူလီယန် အဲလ်ဗာရက်ဇ် အတွက် အလားအလာရှိတဲ့ အပြောင်းအရွှေ့ တစ်ခုကို ရှာဖွေနေပါတယ်။
တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေသေးတဲ့ အာဆင်နယ်

ချဲလ်ဆီးဟာ ဂျူဗင်တပ်စ် ကနေ နော့တင်ဟမ်ဖောရက်စ်ဆီ အငှားနဲ့ လာရောက် ကစားနေတဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဘရာဇီးလ် ကွင်းလယ် ကစားသမားဟာ နော့တင်ဟမ်ဖောရက်စ်မှာ ကာလအတန်ကြာ ရုန်းကန်နေရသလို ရိုမီယို လာဗီယာ ကလည်း အနားယူနေရဆဲ ဖြစ်တာကြောင့် နှစ်ဦး နှစ်ဖက် အတွက် အဆင်ပြေတဲ့ အပြောင်းအရွှေ့ ဖြစ်လာဖွယ် ရှိနေပါတယ်။ 

ကက်စ်မဲရိုး ထွက်ခွာတော့မယ့် အခြေအနေကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ကွင်းလယ်လူ ကိုဘီ မိန်းနူးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ စတင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ ရူဘင် အမော်ရင် ထွက်ခွာသွားပြီးနောက် အသင်းရဲ့ အနာဂတ် အစီအစဉ်တွေမှာ တစ်ဖန် ပြန်လည် ပါဝင်လာသူ ဖြစ်ပါတယ်။

ဘက်ဆစ်တက်စ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ဟာ အင်္ဂလန်ကို ရောက်ရှိလာပြီး အက်စတွန်ဗီလာနဲ့ ဆေးစစ်မှုခံယူဖို့ စီစဉ်ထားပါတယ်။ နှစ်ဖက် အသင်းဟာ ယူရို ၂၁ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရှိခဲ့ကြောင်း သိရပါတယ်။ အင်္ဂလန်သားဟာ အူနိုင်း အမ်မရီရဲ့ အသင်းနဲ့ ၄ နှစ်ခွဲ စာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။

ချားလော့တ် အက်ဖ်စီ မန်နေဂျာ ဒင်းန် စမစ် ကတော့ အောက်တိုဘာလ ကတည်းက အက်စတွန်ဗီလာမှာ ပွဲထွက်ကစာခွင့် မရသေးတဲ့ လစ်ဗာပူးလ် အငှားကစားသမား ဟာဗေး အဲလ်ီယော့တ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ မေဂျာလိဂ်ရဲ့ အပြောင်းအရွှေ့ ကာလ ကတော့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ 

အက်စတွန်ဗီလာနဲ့ ခရစ္စတယ်ပဲလေ့စ် တို့ဟာ ပီအက်စ်ဂျီ တိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ် အတွက် အပြိုင်အဆိုင် ကြိုးစားနေကြပေမယ့် ပြင်သစ် ချန်ပီယံ အသင်း ကတော့ ဒီဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ပေါ်တူဂီ လက်ရွေးစင် ကစားသမားကို ရောင်းချဖို့ စိတ်မဝင်စားကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်