နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကြောင်နက်တွေနဲ့ အတွေ့မှ လေမတိုးတဲ့ ခံစစ်က ၂ ဂိုးပေးရပြီး နိုင်ပွဲပါ ပျောက်သွားတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပြိုင်ပွဲစုံမှာ ၈ ပွဲဆက် ပေးဂိုး မရှိ အနိုင်ရထားတဲ့ အာဆင်နယ် ကတော့ ဆန်းဒါးလန်းနဲ့ အတွေ့မှပဲ မထင်မှတ်ဘဲ ခြေချော်ခဲ့ပြီး ၂-၂ သရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ်ရဲ့ လေမတိုးတဲ့ ခံစစ် ကလည်း တစ်ပွဲတည်း ၂ ဂိုး ပေးလိုက်ရတာကြောင့် အာဆင်နယ် အတွက် “ဆောင်းဝင်လာပြီလား” ဆိုတာ မေးခွန်းထုတ်စရာ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ကနေ ရမှတ်ဖြတ် ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်က ယိုကီးရက်စ်၊ အိုဒီဂတ်၊ ဟာဗက်ဇ်၊ မာဒူခေး တို့လို အဓိက ကစားသမား ပါဝင်ခြင်း မရှိပဲ မီခဲလ် မာရင်နိုကို အထောင် တိုက်စစ်မှာ ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ဆန်းဒါးလန်း ကလည်း ဂန်းနားဟောင်း ဂရန်းနစ် ချာကာ အပါအဝင် အဓိက ကစားစမား အစုံအလင်နဲ့ အာဆင်နယ်ကို အကောင်းဆုံး ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။

တစ်သင်း အခြေအနေ တစ်သင်း ကြည့်နေခဲ့တာကြောင့် ပထမပိုင်း မိနစ် ၃၀ လောက် အထိ ပွဲက အကြိတ်အနယ် မရှိခဲ့ပေမယ့်လည်း ပွဲချိန် ၃၆ မိနစ်မှာ အာဆင်နယ် ခံစစ်ရဲ့ ရှားရှားပါးပါး အမှား ကနေ အာဆင်နယ် လူငယ်ကစားသမားဟောင်း ဒန် ဘဲလက်ဒ်က အဖွင့်ဂိုး သွင်းခဲ့ပြီး ဒါက ပြိုင်ပွဲစုံ မိနစ်ပေါင်း ၈၁၂ မိနစ်အကြာမှာ အာဆင်နယ်တို့ ပထမဆုံးအကြိမ် ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ ပထမပိုင်း အပြီးမှာ အာဆင်နယ်က ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပထမပိုင်းအပြီး အာဆင်နယ်တို့ ပြိုင်ဘက်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာက ၃ ကြိမ်သာ ရှိသလို အခုပွဲ မတိုင်ခင် မန်စီးတီး၊ နယူးကာဆယ် တို့နဲ့ ပွဲတွေမှာ ၁-၀ အရှုံးကို နောက်ကနေ လိုက်ကစားခဲ့ရပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် တန်းတက် ကလပ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ၁၄ ပွဲ ဆက်တိုက် အနိုင်ရတဲ့ မှတ်တမ်းကောင်းလည်း အဆုံးသတ်ခဲ့ရပါတယ်။
ပြိုင်ပွဲစုံမှာ ရှုံးပွဲ မရှိမှုကိုတော့ ဆက်ထိန်းထားနိုင်တဲ့ အာဆင်နယ်

ဒုတိယပိုင်း ပွဲပြန်စပြီး ၉ မိနစ် အကြာမှာတော့ ဘူကာယို ဆာကာက အာဆင်နယ် အတွက် ချေပဂိုး သွင်းယူခဲ့ပြီး ဆာကာဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲမှာ ၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၄ မိနစ်မှာတော့ ထရော့ဆက်ဒ်က အာဆင်နယ် အတွက် ဒုတိယဂိုးကို လှလှပပ ကန်သွင်းခဲ့တာကြောင့် အာဆင်နယ်တို့ နိုင်ပွဲဆက်ဖို့ အခြေအနေကောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးခါနီး ၉၄ မိနစ်မှာ နယ်သာလန် တိုက်စစ်မှူး ဘရော့ဘီက အာဆင်နယ် နောက်ခံလူတွေနဲ့ ဒါးဗစ် ရာယာ တားဆီးနေတဲ့ကြားက အဖိုးတန် ချေပဂိုးကို လှလှပပ ကန်သွင်းသွားခဲ့တာကြောင့် ၂-၂ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဆန်းဒါးလန်းဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ အာဆင်နယ် ဘက်ကို ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ပထမဦးဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။ ဆန်းဒါးလန်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ လန်ဒန် ကလပ်တွေနဲ့ ၅ ပွဲ တွေ့ဆုံထားရာမှာ ရှုံးပွဲလုံးဝ မရှိခဲ့ပဲ ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျခဲ့ပါတယ်။ အာဆင်နယ် ကတော့ ၂၀၂၃ ခုနှစ် မေလတုန်းက နော့တင်ဟမ်ဖော်ရက်စ်ကို ၁-၀ နဲ့ ရှုံးနိမ့်ပြီး နောက်ပိုင်း ပရီးမီးယားလိဂ် တန်းတက် ကလပ် တစ်သင်းနဲ့ တွေ့ဆုံချိန်မှာ ပထမဦးဆုံး အကြိမ် နိုင်ပွဲပျောက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် တန်းတက် ကလပ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ ၁၄ ပွဲ ဆက်တိုက် အနိုင်ရတဲ့ မှတ်တမ်းကောင်းလည်း အဆုံးသတ်ခဲ့ရပါတယ်။

အာဆင်နယ်ဟာ ပြိုင်ပွဲစုံ ၁၀ ပွဲဆက် အနိုင် မှတ်တမ်းကောင်း အဆုံးသတ်ခဲ့သလို အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ဆဲ ဖြစ်ပေမယ့် အဆင့် ၂ နေရာက ချဲလ်ဆီးနဲ့ ၆ မှတ်သာ ကွာဟပါတော့တယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်