ပရီးမီးယားလိဂ် ပွဲစဉ် ၃၇ မှာတော့ အာဆင်နယ်က ဘန်လေနဲ့ အကြိတ်အနယ် ကစားပြီးနောက် ကိုင် ဟာဗက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဂန်းနားတွေက ပရီးမီးယားလိဂ် ချန်ပီယံဆု ဖလားကို ကိုင်မြှောက်နိုင်ဖို့ နောက်ထပ် ၁ ပွဲ သာ လိုအပ်တော့တာ ဖြစ်ပြီး လာမယ့် နောက်ဆုံး ပွဲစဉ် မတိုင်ခင်မှာတင် ချန်ပီယံ အဖြစ် အောင်ပွဲခံခွင့် ရရှိသွားနိုင်ပါတယ်။
မီခဲလ် အာတေးတားရဲ့ အသင်းက တန်းဆင်းသွားခဲ့ပြီ ဖြစ်တဲ့ ဘန်လေကို အိမ်ကွင်းမှာ အားစိုက် ကစားပြီး ၁-၀ ရလဒ်နဲ့ သက်ပြင်းချနိုင်ခဲ့တဲ့ နိုင်ပွဲ အပြီးမှာ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ၉၉.၉ ရာခိုင်နှုန်းလောက် အလွန်နီးစပ်သွားခဲ့ပါပြီ။ အဆိုပါ တစ်လုံးတည်းသော အနိုင်ဂိုး ကိုတော့ ပထမပိုင်းမှာ ကိုင် ဟာဗက်ဇ်က ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
အမ်းမရိတ်စ်ကွင်း အတွင်း မှာတော့ စိုးရိမ်စိတ်တွေ လွှမ်းမိုးနေခဲ့ပြီး ဘန်လေက ပွဲချိန် ၃၇ မိနစ် အထိ အကြိတ်အနယ် ခုခံကစားနေခဲ့တာကြောင့် အိမ်ကွင်း ပရိသတ်တွေဟာ စိတ်မရှည် ဖြစ်ခဲ့ကြရပါတယ်။ အစောပိုင်းမှာ လီအန်ဒရို ထရော့ဆတ်ရဲ့ အဝေးကန်ချက်က ဂိုးတိုင်ထိထွက်ခဲ့ပြီးနောက်၊ အာဆင်နယ် တို့ရဲ့ ထုံးစံအတိုင်းပဲ ကွက်တိကျလှတဲ့ Set-piece ကနေ အဖွင့်ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘူကာယို ဆာကာရဲ့ ကွေးညွတ်ပြီး တိုက်စစ်ဆင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ဟာဗက်ဇ်က အားပါပါနဲ့ ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီဂျာမနီ လက်ရွေးစင် ကစားသမားဟာ ဒုတိယပိုင်းမှာ ဘန်လေ ကစားသမား လက်စလေ အူဂိုချူကဝူရဲ့ ခြေဖနောင့်ကို အန္တရာယ်များတဲ့ ဖျတ်ထုတ်ပုံမျိုးနဲ့ ဝင်ဖျက်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်ရဲ့ အနီကတ်ပြ ထုတ်ပယ်ခြင်း မခံခဲ့ရတာ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း VAR ပြန်လည် သုံးသပ်ချက်အရ ဒါဟာ ပြင်းထန်တဲ့ ပြစ်ဒဏ်ကျူးလွန်မှု မမြောက်ဘူးလို့ ဆုံးဖြတ်ခဲ့တာကြောင့် ကွင်းလယ်ဒိုင် ပေါလ် တီယာနီရဲ့ အဝါကတ်ပြသမှုကပဲ အတည်ဖြစ်ခဲ့ပြီး၊ နည်းပြ မီခဲလ် အာတေးတား ကတော့ ချက်ချင်းဆိုသလိုပဲ ဟာဗက်ဇ်ကို လူစားလဲကာ ဗစ်တာ ယောကရက်စ်ကို ထည့်သွင်းခဲ့ပါတယ်။

အာဆင်နယ်ဟာ နောက်ထပ်ဂိုး ရဖို့ တောက်လျှောက် ရုန်းကန်ခဲ့ရပြီး ဘန်လေ တိုက်စစ်မှူး အီဘာရီချီ အက်ဇေးရဲ့ ခေါင်းတိုက်ချက်ကို ဘန်လေ ဂိုးသမား မက်စ် ဝက်စ် ပုတ်ထုတ်လိုက်လို့သာ ဂိုးဘားတန်းထိ ထွက်သွားခဲ့တဲ့ အခိုက်အတန့်က လွဲရင် အာဆင်နယ် ဘက်က ဒုတိယဂိုးရဖို့ သေချာတဲ့ အခွင့်အရေး ထပ်မရခဲ့တာကြောင့် ပွဲပြီးခါနီးအထိ ရင်တမမ ဖြစ်ခဲ့ရပါတယ်။
ဒုတိယပိုင်း နာကျင်အချိန်ပို ၇ မိနစ် အတွင်းမှာ ဘန်လေ အနေနဲ့ အာဆင်နယ်ရဲ့ ဂိုးဧရိယာထဲ အထိ ဘောလုံးတွေ အလုံးအရင်းနဲ့ ပို့ပြီး တိုက်စစ်ဆင်ဖို့ အခွင့်အရေးအချို့ ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် ဂန်းနားတို့ ချန်ပီယံဆုဆီ နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်း တစ်လှမ်း လှမ်းနိုင်ခဲ့ပါတယ်။
အကယ်၍ လာမယ့် အင်္ဂါနေ့မှာ မန်ချက်စတာစီးတီးသာ ဘုန်းမောက်ရဲ့ ကွင်းမှာ အနိုင်မရခဲ့ဘူး ဆိုရင် အာဆင်နယ်တို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပပ် ဂွါဒီယိုလာရဲ့ အသင်းသာ အနိုင်ရရှိခဲ့မယ် ဆိုရင်တောင် လာမယ့် တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမယ့် အဝေးကွင်း ပွဲစဉ်မှာ အာဆင်နယ်တို့ အနိုင်ရရုံနဲ့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ဒီပွဲဟာ လှပတဲ့ ကစားဟန်မျိုး မဟုတ်ခဲ့တာ သေချာပေမဲ့ အာတေးတား အတွက်တော့ ဒါက ဘာမှ အရေးမကြီးပါဘူး။ အာဆင်နယ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ၈ ပွဲ အထိ အနိုင်ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။ ဒါဟာ သူတို့ရဲ့ ကလပ် အသင်း သမိုင်းတစ်လျှောက် တစ်ရာသီ အတွင်း ၁-၀ ရလဒ်နဲ့ ဒုတိယ အများဆုံး အနိုင်ရရှိခဲ့တာ ဖြစ်ပြီး၊ အများဆုံး စံချိန် ကတော့ ၁၉၉၈-၉၉ ရာသီတုန်းက ၉ ပွဲ ရှိခဲ့ဖူးပါတယ်။
အာဆင်နယ်ဟာ ဒီရာသီ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃၇ ပွဲထဲက ၁၉ ပွဲ မှာ ပြစ်ဒဏ်ဘော၊ ထောင့်ကန်ဘော စတဲ့ Set-piece တွေကနေ ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၀၇-၀၈ ရာသီက အက်စတွန်ဗီလာ၊ မန်ချက်စတာယူနိုက်တက်နဲ့ ၂၁၁-၂၀၁၂ ရာသီက ဘလက်ဘန်းတို့ တင်ထားခဲ့တဲ့ စံချိန်ဟောင်းကို လာရောက် ပူးတွဲကာ ပရီးမီးယားလိဂ် သမိုင်းမှာ တစ်ရာသီ အတွင်း Set Piece ကန်ချက် ကနေ ဂိုးရရှိမှု အများဆုံး စံချိန် ဖြစ်လာခဲ့ပါတယ်။
ဂန်းနား တို့ဟာ ပြိုင်ပွဲစုံမှာ ၃၂ ပွဲ အထိ ပေးဂိုး မရှိအောင် ကစားထားနိုင်ခဲ့ပြီး ဒါဟာ ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုက ဘယ်အသင်းထက်မဆို ပိုမိုများပြားတဲ့ စံချိန် ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ ဒီထက် Clean Sheet ပိုများခဲ့တာဆိုလို့ ၁၉၇၀-၇၁ ရာသီ (၃၇ ပွဲ) နဲ့ ၁၉၇၉-၈၀ ရာသီ (၃၃ ပွဲ) တို့သာ ရှိခဲ့ဖူးပါတယ်။
ဒီပွဲမှာ အာဆင်နယ်က ဂိုးကန်သွင်းခွင့် ၁၃ ကြိမ်သာ ရရှိခဲ့ပြီး ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ကာ မျှော်လင့်ထားတဲ့ ဂိုးရရှိနိုင်မှုနှုန်း ၁.၀၃ (xG) သာ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ခံစစ်ပိုင်း ကတော့ ဘန်လေကို ဂိုးကန်သွင်းခွင့် ၅ ကြိမ်သာ ပေးခဲ့ရပြီး ဂိုးပေါက်တည့်မှု လုံးဝ မရှိစေခဲ့ပဲ အကောင်းဆုံး ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


