နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟင်ကပ်ပီ အတွက် မကြာခင်မှာ ကမ်းလှမ်းမှု ပြုလုပ်သွားတော့မယ့် အာဆင်နယ် | ပရီးမီးယားလိဂ်

အာဆင်နယ် ကတော့ စပါးရဲ့ ပစ်မှတ် ဖြစ်ခဲ့တဲ့ လေဗာကူဆင် နောက်ခံလူ ပီရို ဟင်ကပ်ပီကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ ပုဂ္ဂိုလ်အရ သဘောတူညီချက် ရရှိသွားခဲပြန်ပြီလို့ သိရပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ဟာ အီကွေဒေါ လက်ရွေးစင်ကို နှစ်ရှည် စာချုပ် တစ်ရပ် ချုပ်ဆိုဖို့လည်း အဆင်သင့် ဖြစ်နေကြောင်းလည်း သိရပါတယ်။ 

အာဆင်နယ်ရဲ့ ဒီနွေရာသီ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ကတော့ တကယ့်ကို အံ့အားသင့်စရာ၊ အားရစရာ ကောင်းနေတယ် ဆိုတာ ဘယ်လိုမှ ငြင်းလို့ မရပါဘူး။ အာဆင်နယ်ဟာ အားကစား ဒါရိုက်တာသစ် အန်ဒရီယာ ဘာတာ ရောက်ရောက်ချင်း ရာသီမှာတင်ပဲ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အကောင်းဆုံး လှုပ်ရှားကာ ဟင်ကပ်ပီ ကိုပါ ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ ၈ ဦးမြောက် ခေါ်ယူမှု ဖြစ်လာတော့မှာပါ။ တကယ်တော့ ဂန်းနားတွေဟာ ကီပါ၊ ဇူဘီမန်ဒီ၊ နောဂတ်၊ မော့စ်ကီယာ၊ မာဒူခေး၊ ယိုကီးရက်စ်၊ အီးဇီးတို့ အတွက် စုစုပေါင်း ပေါင်သန်း ၂၇၀ ဝန်းကျင် အသုံးပြုထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က ကစားသမား ခေါ်ယူမှုတွေ ရပ်တန့်မသွားပဲ အခု ဆက်လက် လုပ်ဆောင်နေတဲ့ ခေါ်ယူမှုတွေ အတွက် PSR စည်းမျဉ်းတွေနဲ့ ညိစွန်းမှာ မကြောက်သလို ငွေကြေး အလုံအလောက် ရှိထားတယ်လို့လည်း သိရပါတယ်။

အီကွေဒေါ နောက်ခံလူ ဟင်ကပ်ပီ ကိုယ်တိုင် ကတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး နှစ်ဦး နှစ်ဘက် သဘောတူညီထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က ကစားသမားနဲ့ သဘောတူညီချက်ရရှိပြီးနောက် လေဗာကူဆင်ထံ ပထမအကြိမ် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်သွားဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ သေချာတာ ကတော့ ဒီကမ်းလှမ်းမှုဟာ အငှား+ အပြီးသတ် ဝယ်ယူခွင့် သဘောတူညီ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။ နည်းပြ ဖြစ်သူ မီခဲလ် အာတေးတား ကတော့ ဟင်ကပ်ပီကို အသင်း အတွက် အကောင်းဆုံး ခေါ်ယူမှု အဖြစ် သတ်မှတ်ထားပြီး အရ ခေါ်ယူပေးဖို့ ဘာတာကို တောင်းဆိုထားတယ်လို့ သိရပါတယ်။

အီကွေဒေါ နောက်ခံလူ ဟင်ကပ်ပီ ကိုယ်တိုင် ကတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး နှစ်ဦး နှစ်ဘက် သဘောတူညီထားခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဒီနွေရာသီမှာ ကစားသမား ၇ ဦး အထိ ခေါ်ယူထားတဲ့ အာဆင်နယ်

တစ်ဖက်မှာလည်း အာဆင်နယ်က နောက်ခံလူ ယာကုဗ် ခီဗီယောကို ပေါ်တို အသင်းထံ ရောင်းထုတ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဖြစ်နိုင်ချေ ရှိတာက ပရီးမီးယားလိဂ် ကလပ်ဟာ ခီဗီယော အထွက် ဟင်ကပ်ပီ အဝင် ပုံစံမျိုးနဲ့ အပြောင်းအရွှေ့ကို အကောင်အထည် ဖော်သွားမယ့် သဘောရှိပါတယ်။ 

ခီဗီယော အတွက် ပေါ်တို ဘက်က တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ဒီကမ်းလှမ်းမှု ကတော့ ယူရို ၂၅ သန်း (ပေါင် ၂၃.၅ သန်း) တန် အပြီးသတ် ရောင်းချမှု ရွေးချယ်မှု ပါဝင်တဲ့ အငှားစာချုပ် ဖြစ်နိုင်ပါတယ်။ ရာသီအစတည်းက ခေါ်ယူချင်တဲ့ အသင်းတွေ များခဲ့ပေမယ့် ငြင်းလွှတ်နေတဲ့ ခီဗီယော အနေနဲ့လည်း အခုအခါ မှာတော့ ပေါ်တိုကို ပြောင်းရွေ့ဖို့ ခေါင်းညှိတ်လိုက်ပြီလို့ သိရပါတယ်။ 

အသက် ၂၃ နှစ် အရွယ် တောင်အမေရိက ကစားသမား ဟင်ကပ်ပီဟာ ဗဟိုခံစစ်နေရာမှာ သာမကပဲ ဘယ်ခြမ်းခံစစ် မှာပါ ကစားနိုင်သူ ဖြစ်ပြီး ကွင်းလယ် ဘယ်ခြမ်း အထိပါ ကစားနိုင်တာကြောင့် အာဆင်နယ် အနေနဲ့ ဒီကစားသမားကို လိုအပ်သလို နေရာစုံမှာ ထားကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တောင်အမေရိကသားပီပီ ကြံ့ခိုင်မှု ကောင်းပြီး မာမာထန်ထန် ကစားတတ်တာကြောင့်တော့ အာဆင်နယ် ခံစစ် အတွက် အားကိုးရမယ့် ကစားသမား ဖြစ်လာမှာပါ။ ဟင်ကပ်ပီဟာ ပြီးခဲ့တဲ့ ၃ ရာသီ မှာ လေဗာကူဆင် အတွက် တစ်ရာသီကို အနည်းဆုံး ၄၃ ပွဲ ကစားပေးထားသူ ဖြစ်ပါတယ်။

တချို့သော သတင်းတွေ မှာတော့ အာဆင်နယ်က ယူအီးအက်ဖ်အေရဲ့ FFP စည်းမျဥ်းတွေနဲ့ ညိဖို့ နီးကပ်နေပြီး ကစားသမား တချို့ကို မဖြစ်မနေ ရောင်းထုတ်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ပွဲတွေတုန်းကလို များပြားလွန်းတဲ့ ကစားသမားတွေကြောင့် လူစာရင်း ကနေ ချန်လှပ်ခဲ့ရတဲ့ အဖြစ်မျိုးလည်း ရှိလာနိုင်ပါတယ်။ အာဆင်နယ်ဟာ ဇင်ချန်ကို၊ ရီးစ် နဲလ်ဆင်၊ ကားလ် ဟိန်း၊ လိုကွန်ညာ တို့ကို ရှင်းထုတ်လိုပေမယ့် ရောင်းမထွက်သေးကြောင်း သိရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရာသီက ဂါဘရီရဲလ် မက်ဂါဟေးစ် ဒဏ်ရာရနေချိန် ခြေစွမ်းပြခဲ့တဲ့ အသက် ၂၅ နှစ် အရွယ် နောက်ခံလူ ခီဗီယော ကိုသာ မတတ်သာတဲ့အဆုံး ရောင်းထုတ်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်