စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ ကတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ အလုံးစုံ သဘောတူညီခဲ့ပြီ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ကို ဖာဘရီဇီယို ရိုမာနို ကိုယ်တိုင် Here We Go ပြီ ဖြစ်ကြောင်း နှစ်ကြိမ်တိုင်တိုင် အတည်ပြုပေးခဲ့ပြီး နောက်မှာတော့ ဂန်းနားတို့ ကွင်းလယ်ပိုင်း အတွက် စိတ်အေးခဲ့ရပြီ ဖြစ်ပါတယ်။
အသက် ၂၆ နှစ် အရွယ် စပိန် ကွင်းလယ်လူဟာ မကြာခင်မှာ ဆေးစစ်မှု ခံယူပြီး လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ အာဆင်နယ်နဲ့ စာချုပ်ချုပ်ဆိုပြီး တရားဝင် ကြေညသွားမှာလည်း ဖြစ်ပါတယ်။ ရီးရဲလ်ဆိုစီဒက် ကတော့ ညှိနှိင်းမှုရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ် အရစ်ကျပေးချေမှု ပေါင် ၅၅ သန်း ရရှိမှာ ဖြစ်ပါတယ်။ နှစ်သင်း အကြား အစောပိုင်းမှာ ပေါင် ၅၁ သန်းနဲ့ သဘောတူညီမှု ရရှိခဲ့ပေမယ့် အရစ်ကျပေးချေမှာ ဖြစ်တာကြောင့် ပေါင် ၅၅ သန်း ဖြစ်သွားခဲ့တာပါ။
မာတင်ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ ကတည်းက အာဆင်နယ်ကို ရောက်ရှိမယ်လို့ အတည်ပြုခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ကောလာဟလတွေ များစွာ ထွက်ပေါ်ခဲ့ပြီးနောက် မြောက်လန်ဒန် ကလပ်ဆီ ရောက်ရှိဖို့ မသေချာ ဖြစ်ခဲ့သေးတာပါ။ တကယ်တော့ ရီးရဲလ်မက်ဒရစ်ဟာ စပိန် လက်ရွေးစင် ကွင်းလယ်လူကို သဘောကျတာ တစ်ခုက လွဲရင် မည်သည့် လှုပ်ရှား ချဉ်းကပ်မှုမှ မရှိခဲ့ကြောင်း သိရပါတယ်။ ရီးရဲလ်မက်ဒရစ် နည်းပြသစ် ဇာဘီ အလွန်ဆို တစ်ယောက် ကွင်းလယ်ပိုင်း အတွက် ဇူဘီမန်ဒီကို ခေါ်ယူပေးဖို့ အသင်း တာဝန် ရှိသူတွေကို တောင်းဆိုခဲ့သေးပေမယ့် ကောလာဟလ အဖြစ်သာ ရှိခဲ့တာပါ။ ဇူဘီမန်ဒီ ကိုယ်တိုင် ကလည်း အာဆင်နယ်နဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု မရသေးကြောင်း ပြောဆိုခဲ့တယ်လို့ သိရပြီး ဒီအခြေအနေကြောင့်လည်း ဂန်းနား ပရိသတ် တချို့ရဲ့ ငြိုငြင်တာကို ခံခဲ့ရပါသေးတယ်။ ဒါ့အပြင် ဇူဘီမန်ဒီဟာ လစ်ဗာပူးလ်၊ ဘေယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ် တို့လို အသင်းတွေကို ငြင်းဆန်ပြီး ပရီးမီးယားလိဂ် ကလပ်ကို ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဇူဘီမန်ဒီနဲ့ အာဆင်နယ် တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေ အဆုံးသတ်နိုင်ခဲ့ပြီးတော့ စပိန်သားဟာ ဒီနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ်ကို ပထမဦးဆုံး ရောက်ရှိလာမယ့် ကစားသမား ဖြစ်လာခဲ့ပါပြီ။ ဇူဘီမန်ဒီ ကိစ္စ စိတ်အေးရပြီးတဲ့ နောက်မှာတော့ အာဆင်နယ်က No.9 Role အတွက် ဘင်ဂျာမင် ဆက်စ်ကို၊ ဗစ်တာ ယိုကီးရက်စ်နဲ့ အိုလီ ဝက်ကင်န်စ် တို့လို ကစားသမားတွေကို လျာထားကြောင်း နာမည်ကျော် သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်ဟာ တောင်ပံ အတွက် ကိုတော့ နီကို ဝီလီယမ်စ်၊ ရိုဒရီဂိုနဲ့ အန်တိုနီ ဂေါ်ဒွန် တို့ကိုလည်း ချိန်ရွယ်ထားကြောင်း အွန်စတိန်းက အတည်ပြုထားပါတယ်။
မကြာခင် ရက်ပိုင်း အတွင်း သောမက်စ် ပါတေးရဲ့ အနာဂတ် ကွဲကွဲပြားပြား ဖြစ်လာမယ်လို့ သိရပြီး လက်ရှိ အခြေအနေ အထိတော့ စာချုပ်သစ် ကိစ္စ အတွက် ကစားသမားနဲ့ သဘောတူညီမှု မရရှိသေးပါဘူး။ အကယ်၍ သောမက်စ် ပါတေး ကိုသာ လက်လွှတ်ခဲ့ရရင်တော့ အာဆင်နယ် အနေနဲ့ နောက်ထပ် ကစားသမား တစ်ဦးကို သေချာပေါက် အစားထိုး ခေါ်ယူသွားမယ်လို့လည်း သိရပါတယ်။
ဒါကြောင့် အာဆင်နယ် အနေနဲ့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ သေချာပေါက် ကစားသမား ၂ ဦး ခေါ်ယူထားနိုင်ပြီလို့ ဆိုနိုင်ပြီး တစ်ဦးက ဒါးဗစ် ရာယာရဲ့ အရန် ဂိုးသမား ဖြစ်လာမယ့် ကီပါ အရစ်ဇာဘာလာဂါ ဖြစ်ပြီး နောက်တစ်ဦး ကတော့ မာတင် ဇူဘီမန်ဒီ ဖြစ်ပါတယ်။ အာဆင်နယ်က ကီပါ အတွက် ကိုတော့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅ သန်းသာ ပေးချေခဲ့ရပြီး ဇူဘီမန်ဒီ အတွက် ကိုတော့ ၅၅ သန်းသာ ပေးချေခဲ့ရသလို အရစ်ကျနဲ့ ပေးချေရမှာ ဖြစ်တာကြောင့် တကယ်ကို ကောင်းမွန်တဲ့ အပြောင်းအရွှေ့တွေ စတင်ထားနိုင်ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.