နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကွင်တမ် တင်ဘာကို ပစ်မှတ်ထားနေတဲ့ အာဆင်နယ်၊ အန်ဇို ဖာနန်ဒက်ဇ်ကို ကမ်းလှမ်းဖို့ အဆင်သင့် ရှိနေတဲ့ အက်တလက်တီကိုမက်ဒရစ် | ပရီးမီးယားလိဂ်

အခုတစ်ခါမှာတော့ နိုဝင်ဘာလ ၁၆ ရက်နေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ လက်တလော ခြေစွမ်းပြနေတဲ့ ဘုန်းမောက် တိုက်စစ်မှူး အန်တိုနီယို ဆီမီညိုကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူချင်နေပါတယ်။ ဒါကြောင့် ကြိုးကြာနီ တို့က အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးဖို့ လာမယ့်ရက်တွေမှာ ဘုန်းမောက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ 

ကက်စ်မဲရိုး ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ လုပ်ခလစာ လျှော့ယူပြီး သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို လက်ခံဖွယ် မရှိပါဘူး။ ဒါကြောင့် သရဲနီတွေက ဘရာဇီးလ်သားရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမားတွေကို ရှာဖွေနေပြီး ရီးရဲလ်မက်ဒရစ်က အော်ရီလီယန် ချူအာမန်နီကို ဦးစားပေး အစားထိုး ကစားသမား အဖြစ် ရွေးချယ်ထားပါတယ်။ 

အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ ကတော့ စပို့တင်းလစ္စဘွန်း ဗဟိုခံစစ်မှူး အူစမန်နီ ဒီယိုမန်ဒီကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ နောက်ထပ် ပစ်မှတ် တစ်ခု ကတော့ ဖီယင်နော့ဒ် ကွင်းလယ်လူ ကွင်တင် တင်ဘာ ဖြစ်ပါတယ်။ ဂန်းနား နောက်ခံလူ ဂျူရီယန် တင်ဘာရဲ့ ညီတော်စပ်သူ ကိုတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဝက်စ်ဟမ်း တို့ကလည်း ခေါ်ယူချင်နေပါတယ်။ 

တစ်ချိန်တည်းမှာပဲ ချဲလ်ဆီး ကတော့ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့်လည်း မာရက်စ်ကာရဲ့ အသင်းက သူတို့ရဲ့ ဈေးကြီးတဲ့ ကွင်းလယ် ကစားသမား တစ်ယောက်ကို အရင်ဆုံး ရောင်းချဖို့ လိုအပ်ပါတယ်။ 

ချဲလ်ဆီး ကွင်းလယ် ကစားသမား အန်ဇို ဖာနန်ဒက်ဇ် ကတော့ အက်တလက်တီကိုမက်ဒရစ်ရဲ့ အဓိက ပစ်မှတ်အဖြစ် ပေါ်ထွက်လာခဲ့ပြီး သဘောတူညီချက် ရရှိဖို့ ယူရို သန်း ၈၀ (ပေါင် ၇၀.၇ သန်း၊ ဒေါ်လာ ၉၃ သန်း) ပေးချေဖို့ အသင့်ရှိနေပါသည်။ အာဂျင်တီးနား လက်ရွေးစင် ကစားသမား အနေနဲ့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်မယ် ဆိုရင် ပရီးမီးယားလိဂ် ကလပ် ဘက်က ဒီပမာဏနဲ့ လက်လွှတ်သွားဖွယ် ရှိနေကြောင်း Fichajes က ဖော်ပြပါတယ်။

မန်ချက်စတာစီးတီးသည် လာမယ့် နွေရာသီမှာ နယူးကာဆယ်ယူနိုက်တက် ညာနောက်ခံလူ တီနို လစ်ဗရာမန်တိုကို ခေါ်ယူဖို့ တွန်းအားပေး လုပ်ဆောင်နေပါတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ အင်္ဂလန် လက်ရွေးစင် ကစားသမားကို သဘောကျပေမယ့်လညး သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြသထားခြင်းတော့ မရှိသေးပါဘူး။ 

ရီးရဲလ်ဆိုစီဒက် တောင်ပံ ကစားသမား တာကာဖူဆာ ကူဘို ကိုတော့ တော့တင်ဟမ်ဟော့စပါးက ခေါ်ယူချင်နေပါတယ်။ စပိန် ကလပ် ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် ပေါင် ၅၂ သန်း (ဒေါ်လာ ၆၈.၄ သန်း) ကုန်ကျမှာ ဖြစ်ကြောင်း သတိပေးထားပါတယ်။

အသက် ၁၇ နှစ် အရွယ် အန်ဒါလက်ချ် ကွင်းလယ် ကစားသမား နေသန် ဒီကတ်ကို အက်စတွန်ဗီလာ၊ တော့တင်ဟမ်ဟော့စပါးနဲ့ ဘေယန်မြူးနစ် တို့က ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။

ချဲလ်ဆီး ကတော့ အသက် ၁၆ နှစ်အရွယ် အီကွေဒေါ လူငယ်ကြယ်ပွင့် ဒီယန်နာ အော်ဒိုနက်ဇ်ကို ခေါ်ယူဖို့ အကြိုသဘောတူညီမှု ရရှိခဲ့ပါတယ်။ နောက်ခံလူ အော်ဒိုနက်ဇ်ဟာ အီကွေဒေါ ကလပ် အင်ဒီပန်ဒီယန်တေဒယ်ဗယ်လေ အသင်းမှာ ကစားနေပြီး အသက် ၁၈ နှစ်ပြည့်မယ့် ၂၀၂၈ ခုနှစ် ရောက်မှ ချဲလ်ဆီးနဲ့ လာရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။ ကလပ် နှစ်သင်း အကြားရော၊ ကာယကံရှင် ဖြစ်တဲ့ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ပါ သဘောတူညီမှု ရရှိခဲ့တာပါ။ အော်ဒိုနက်ဇ်ဟာ ချဲလ်ဆီးနဲ့ ပူးပေါင်းရင် ကာလရှည်စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်