နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တိုက်စစ်မှူးသစ် အတွက် ကစားဟန်ကို ပြောင်းလဲမယ့် အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ အသင်းရဲ့ ကစားဟန်ကို အနည်းငယ် ပြောင်းလဲဖို့ ရှိနေကြောင်း သိရပါတယ်။ နည်းပြ မီခဲလ် အာတေးတား အနေနဲ့ ဒီနွေရာသီမှာ အသင်းထံ ဗစ်တာ ယိုကီးရက်စ်လို အထောင်တိုက်စစ်မှူးစစ်စစ် ရောက်ရှိလာခြင်းနဲ့ အတူ အသင်းရဲ့ ကစားဟန်ကို အနည်းငယ် ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းတွေအရဆိုရင် ပရီးမီးယားလိဂ် ထိပ်သီး တို့က လေ့ကျင့်ရေး အစီအစဉ်တွေမှာ တိုက်ရိုက်ဆန်စွာနဲ့ ဒေါင်လိုက် ပုံစံကစားဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်လာခဲ့ကြောင်း သိရပါတယ်။ ဒါဟာ ဗစ်တာ ယိုကီးရက်စ်ရဲ့ အားသာချက် ဖြစ်တဲ့ Transitional Play အတွက် ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ်မှူးသစ် ဗစ်တာ ယိုကီးရက်စ်ဟာ မြောက်လန်ဒန် မြိုခံပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ပွဲဦးထွက် ပါဝင်ကစားခဲ့ပေမယ့် ဘောလုံး ထိချက် နှစ်ကြိမ်သာ ရှိခဲ့ပြီး လုံလောက်စွာ ခြေစွမ်းမပြနိုင်ခဲ့ဘူးလို့ အများစုက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

အဲဒီပွဲမှာ အာဆင်နယ်က စပါးကို ပါပစ် ဆားရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတော့ ယိုကီးရက်စ်ဟာ ပွဲကစားချိန် ၇၇ မိနစ်မှာ လူစားဝင် ကစားသမား အဖြစ် ပါဝင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် ပရိသတ် တော်တော်များများ ကတော့ ယိုကီးရက်စ် အနေနဲ့ တိုတောင်းလှတဲ့ ပွဲကစားချိန် အတွင်း ဒီလောက်သာ စွမ်းဆောင်နိုင်မယ်၊ အသင်းက သူ့ အတွက် ကောင်းမွန်စွာ မပံပိုးနိုင်ခဲ့ဘူး စသဖြင့် အကောင်းမြင်နေကြဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ မီခဲလ် အာတေးတား ကလည်း ယိုကီးရက်စ်ရဲ့ အနာဂတ်က ပိုမိုကောင်းမွန်လာနိုင်တယ်လို့ ရှုမြင်ထားဆဲ ဖြစ်ပါတယ်။

ဒါပြီးရင်တော့ အာဆင်နယ်က ပရီးမီးယားလိဂ် ရာသီသစ် အဖွင့် ပွဲစဉ် အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ အဝေးကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ပွဲဦးထွက်မှာ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တဲ့ ယိုကီးရက်စ်

အာဆင်နယ်ဟာ ဆွီဒင် တိုက်စစ်မှူးကို ပေါင် ၆၃.၅ သန်း အထိ ပေးချေကာ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ယိုကီးရက်စ်ကို ခေါ်ယူဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာ ဖြစ်ပြီး စပို့တင်းနဲ့ ကာလရှည်ကြာ အကြိတ်အနယ် ညှိနှိုင်းပြီးနောက် နည်းပြ မီခဲလ် အာတေးတား အနေနဲ့ သူလိုချင်တဲ့ တိုက်စစ်မှူးကို အရ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယိုကီးရက်စ်ဟာ ဥရောပရဲ့ ဂိုးသွင်း အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦး ဖြစ်တာကြောင့် ပွဲဦးထွက်မှာ ခြေစွမ်းမပြနိုင်ခဲ့သည့်တိုင်အောင် နည်းပြ ဖြစ်သူက အပြည့်အဝ မျှော်လင့်ထားနေဆဲ ဖြစ်ပါတယ်။

အာတေးတားက “ယိုကီးရက်စ်နဲ့ မော့စ်ကီယာ တို့လို ကစားသမားသစ်တွေ အသင်းမှာ ရှိနေတာ အရမ်းကို ဝမ်းသာမိပါတယ်။ သူတို့ဟာ အသင်း အတွက် တန်ဖိုးရှိတဲ့ ကစားသမားတွေ ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ ယူဆောင်လာမယ့် စိတ်ဓာတ်ပိုင်းနဲ့ အရည်အသွေးတွေကို ခင်ဗျားတို့ ချက်ချင်း မြင်တွေ့နိုင်ပါလိမ့်မယ်။ ဒီပွဲကစားချိန်က တိုတောင်းခဲ့ပေမယ့် အနည်းဆုံးတော့ ပွဲဦးထွက် တစ်ပွဲ ပြီးသွားပြီပေါ့။ ဗီလာရီးရဲလ်နဲ့ ပွဲမှာ သူတို့ ပြန်ကစားတဲ့အခါ အခြေအနေတွေက အခုလိုနဲ့ မတူဘဲ ကွဲပြားသွားမယ် ဆိုတာ သေချာပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။အာဆင်နယ် ကတော့ ရာသီကြို ခြေစမ်းပွဲ အဖြစ် အမ်းမရိတ်စ် ဖိတ်ခေါ်ဖလား ပွဲစဉ် ၂ ပွဲသာ ကစားဖို့ ကျန်ရှိပြီး ဗီလာရီးရဲလ်၊ ဘီလ်ဘာအို တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ အာဆင်နယ်က ပရီးမီးယားလိဂ် ရာသီသစ် အဖွင့် ပွဲစဉ် အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ အဝေးကွင်း ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ် ပရိသတ်တွေ ကတော့ သူတို့ရဲ့ တိုက်စစ်မှူးသစ် ဗစ်တာ ယိုကီးရက်စ်ကို ကြီးကြီးမားမား မျှော်လင့်ထားပြီးတော့ မှတ်တမ်းတွေ အရ ဆိုရင်တော့ ဆွီဒင်သားရဲ့ ဂျာစီ ရောင်းချရမှုဟာ အာဆင်နယ် သမိုင်းမှာ အမြင့်ဆုံး ဖြစ်လာခဲ့ကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်