နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုဒရီဂိုရဲ့ အေးဂျင့်နဲ့ တွေ့ဆုံဖို့ ရှိနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ် တောင်ပံ တိုက်စစ် ကစားသမား ရိုဒရီဂိုရဲ့အေးဂျင့် ဖြစ်သူနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ဒီနွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ် ၇ ဦး အထိ ခေါ်ယူထားပြီး ပေါင် သန်း ၂၅၀ ဝန်းကျင် သုံးစွဲထားပြီး ဖြစ်ပေမယ့် ရိုဒရီဂိုကို ထပ်မံ ခေါ်ယူဖွယ် ရှိနေကြောင်း သတင်းတွေ ထွက်နေခဲ့တာပါ။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရက်ကပဲ ကိုင် ဟာဗက်ဇ် ဒဏ်ရာရသွားခဲ့တာကြောင့် ခရစ္စတယ်ပဲလေ့စ်ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား အီဘာရီချီ အီးဇီးကို ပေါင်သန်း ၆၀ ကျော်နဲ့ ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေက သူတို့ အသင်းရဲ့ အားအနည်းဆုံး ဖြစ်တဲ့ ဘယ်တောင်ပံ အတွက် ထိပ်တန်း အဆင့် ကစားသမား တစ်ဦး ခေါ်ယူ အားဖြည့်ချင်နေဆဲ ဖြစ်တာကြောင့် အခု ထွက်ပေါ်လာတဲ့ သတင်းတွေက မှန်ကန်ဖွယ် ရှိပါတယ်။ နောက်တစ်ချက်က လိဒ်စ်ယူနိုက်တက်ကို ၅-၀ ရလဒ်နဲ့ အနိုင်ရခဲ့ ပွဲစဉ်မှာ အရေးပါတဲ့ ကစားသမား နှစ်ဦး ဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ မာတင် အိုဒီဂတ်တို့ ဒဏ်ရာရသွားခဲ့တာကြောင့် ဒီအားနည်းချက်ကို ဖာထေးဖို့ ရည်ရွယ်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဘူကာယို ဆာကာ ကတော့ သူရဲ့ ဒဏ်ရာဟောင်း ဖြစ်တဲ့ တံကောက်ကြော ဒဏ်ရာ ပြန်ရသွားတာ ဖြစ်နိုင်သလို မာတင် အိုဒီဂတ်က ပုခုံး ဒဏ်ရာ ရခဲ့တာ ဖြစ်ပါတယ်။ နည်းပြ မီခဲလ် အာတေးတား ကတော့ “ဆာကာ ဘယ်လောက် အထိ နားရမလဲတော့ ကျွန်တော် မသိသေးပါဘူး။ သူ့အနေနဲ့ တံကောက်ကြောမှာ တစ်စုံတစ်ခု အဆင်မပြေတာကို ခံစားခဲ့ရတာပါ။ ကျွန်တော် ဆေးအဖွဲ နဲ့တော့ စကားမပြောရသေးပါဘူး။ ဒါပေမယ့် ဒဏ်ရာက ပြင်းထန်မှု ရှိတယ်လို့ ထင်ပါတယ်။ အိုဒီဂတ်ရဲ့ ပုခုံး ဒဏ်ရာ ကိုတော့ မနက်ဖြန်မှာ Scan ဖတ် စစ်ဆေးသွားရပါမယ်။” လို့ ပြောကြားထားခဲ့ပါတယ်။

တစ်ဖက် မှာလည်း အာဆင်နယ်ဟာ ဒီရာသီမှာ အသုံးစရိတ် များထားတာကြောင့် ပရီးမီးယားလိဂ်ရဲ့ PSR စည်းမျည်းတွေနဲ့ ညိစွန်းဖွယ် ရှိနေပါတယ်။
လစ်ဗာပူးလ်နဲ့ မန်စီးတီးတို့ရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရတဲ့ ရိုဒရီဂို

အာဆင်နယ်ဟာ ဒီနွေရာသီ အစောပိုင်း ကတည်းက ဘရာဇီးလ် လက်ရွေးစင် ရိုဒရီဂိုကို စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားက အစောပိုင်းမှာ ဘာနေဗျူးမှာပဲ သူ့ရဲ့ ပွဲထွက် ကစားခွင့် အတွက် တိုက်ပွဲဝင်လိုကြောင်း ပြောကြားခဲ့သလို ရီးရဲလ်မက်ဒရစ် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ကလည်း မြင့်မားနေတာကြောင့် လက်လျှော့ထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ အသက် ၂၄ နှစ် အရွယ် ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ်မှာ ပွဲထွက် ကစားခွင့် သိသိသာသာ လျော့ကျလာဖွယ် ရှိနေတာကြောင့် အသင်း ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီလည်း ဖြစ်ပါတယ်။ ရိုဒရီဂိုဟာ မနေ့က ရီးရဲလ်အိုဗီယေဒိုကို ၀-၃ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပေမယ့် လူစားလဲခံခဲ့ရတာကြောင့် ဒေါသထွက်ခဲ့ကြောင်းလည်း သိရပါတယ်။ ဒီအခြေအနေတွေက ရိုဒရီဂိုကို အသင်း ပြောင်းရွှေ့ဖို့ တွန်းအားပေးသလို ဖြစ်နေပြီး ကစားသမား ကလည်း ရီးရဲလ် ကနေ ထွက်ခွာရမယ် ဆိုရင် ပရီးမီးယားလိဂ် ကိုသာ ပြောင်းရွှေ့ချင်နေသူ ဖြစ်ပါတယ်။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်က ရိုဒရီဂို အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၉၀ အလိုရှိနေပေမယ့် အာဆင်နယ်က ယူရို ၇၈ သန်းနဲ့ ကမ်းလှမ်းထားပြီး အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ဖွယ် ရှိကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ တစ်ဖက် မှာလည်း အာဆင်နယ်ဟာ ဒီရာသီမှာ အသုံးစရိတ် များထားတာကြောင့် ပရီးမီးယားလိဂ်ရဲ့ PSR စည်းမျည်းတွေနဲ့ ညိစွန်းဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ခြေ နောက်တစ်ခုက ဂန်းနားတွေ အနေနဲ့ ရိုဒရီဂိုကို အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားနဲ့ အရင်ဆုံး ခေါ်ယူဖို့ ကြိုးပမ်းဖို့လည်း များနေပါတယ်။

တစ်ဖက် မှာတော့ ရိုဒရီဂိုကို ပရီးမီးယားလိဂ် ထိပ်သီးတွေ ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီး တို့က ပစ်မှတ်ထားနေဆဲ ဖြစ်ပါတယ်။ ရိုဒရီဂို ကိုယ်တိုင် ကတော့ ဒီနှစ်သင်းမှာ ဆိုရင် လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ ပိုပြီး လိုလားနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်