နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တင်ဘာ ညီအကိုကို အသင်းမှာ ပြန်လည် ပေါင်းစည်းပေးချင်နေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကတော့ အသင်းရဲ့ နယ်သာလန် နောက်ခံလူ ဂျူရီယန် တင်ဘာရဲ့ အမြွှာညီအစ်ကို ဖြစ်တဲ့ ကွင်တင် တင်ဘာကို ခေါ်ယူဖို စဉ်းစားနေကြောင်း သိရပါတယ်။ 

နယ်သာလန် လက်ရွေးစင် ကွင်းလယ် ကစားသမား ကွင်တင် တင်ဘာဟာ ဂျူရီယန် တင်ဘာ နည်းတူ အေဂျက်စ် အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ကူးပြောင်းချိန် မှာတော့ ဂျူရီယန် တင်ဘာက အေဂျက်စ်မှာ ကျန်ရစ်ခဲ့ပြီး ကွင်တင် တင်ဘာက အူထရတ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ဂျူရီယန် တင်ဘာက အေဂျက်စ် ကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့ပြီး ကွင်တင် တင်ဘာ ကတော့ အူထရတ် ကနေ ဖီယင်နော့ဒ်ကို ပြောင်းရွှေ့ ကစားခဲ့ပါတယ်။ 

ကွင်တင် တင်ဘာ ကတော့ လာမယ့် ၂၀၂၆ နွေရာသီမှာ ဖီယင်နော့ဒ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ တော်တော်များများ ရှိနေပြီးတော့ လက်ရှိ မှာတော့ စီးရီးအေ ကလပ် နာပိုလီက စတင် ဆက်သွယ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် ကလည်း ကွင်တင် တင်ဘာရဲ့ ခြေစွမ်းကို စောင့်ကြည့်နေပါတယ်။ ဂန်းနားတွေ အနေနဲ့ အမှန်တကယ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့မယ် ဆိုရင်တော့ ဂျူရီယန် တင်ဘာကြောင့် တခြားအသင်းတွေထက် အခွင့်အရေး ပိုသာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။

ဂျူရီယန် တင်ဘာ ကတော့ လစ်သူယေးနီးယားကို ၄-၀ နဲ့ ပွဲချိန် ၆၄ မိနစ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခံခဲ့ရပြီး အချိန် ဘယ်လောက်အထိ အနားယူရဦးမလဲ ဆိုတာတော့ မသိရသေးပါဘူး။ ဂျူရီယန်ဟာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် အတွက် စုစုပေါင်း ၆၇ ပွဲ ကစားထားပြီးတော့ ဒီရာသီ မှာတော့ ၁၆ ပွဲ ကစားကာ ၂ ဂိုးသွင်း ၁ ဂိုး ဖန်တီးထားပါတယ်။ တင်ဘာ ကတော့ အာဆင်နယ် အတွက် အဓိက ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြနေပြီးတော့ အသင်း ရလဒ်ကောင်းနေခြင်း အတွက် အရေးပါသူလည်း ဖြစ်နေပါတယ်။

ကွင်တင် တင်ဘာ ကတော့ အသက် ၂၄ နှစ် ရှိပြီ ဖြစ်ပြီးတော့ ဖီယင်နော့ဒ် အတွက် ၁၁၅ ပွဲ ကစားကာ ၁၉ ဂိုး သွင်းယူပြီး ခြေစွမ်းပြနေပါတယ်။ လက်ရှိ ကွင်တင် တင်ဘာရဲ့ ဈေးကွက် တန်ကြေးက ပေါင် ၂၂ သန်းသာ ရှိနေပြီးတော့ နယ်သာလန် ကလပ်နဲ့ စာချုပ်သက်တမ်းလည်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ခေါ်ယူချင်နေတဲ့ အသင်းတွေ အတွက်တော့ မျက်စိကျစရာ ဖြစ်နေပါတယ်။

လက်ရှိမှာ သူတိုရဲ့ အစ်ကို ဖြစ်တဲ့ ဒီလန် တင်ဘာ ကလည်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားပဲ ဖြစ်ပေမယ့် နယ်သာလန် လက်ရွေးစင် အသင်း အတွက် ရွေးချယ်ခံရခြင်း မရှိသလို၊ လက်ရှိအချိန်မှာ နယ်သာလန် ဒုတိယတန်း ကလပ် မှာသာ ကစားနေရကြောင်းလည်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်