နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ချေ ရှိတယ် ဆိုတာ ယုံကြည်ထားဖို့ အသင်း ပရိသတ်တွေကို တိုက်တွန်းလိုက်တဲ့ အာတေးတား

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ အသင်းရဲ့ ပရိသတ်တွေ အနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်နိုင်ခြေ ရှိတယ် ဆိုတာ ယုံကြည်ထားကြဖို့ ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၉ အပြီးမှာ အာဆင်နယ်က အဓိက ပြိုင်ဘက် မန်စီးတီးကို ၆ မှတ်၊ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ်ကို ၇ မှတ် ဖြတ်ထားပြီးတော့ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။ 

ယူနိုက်တက် ဂန္ထဝင် နောက်ခံလူ ဂယ်ရီ နဗီးလ် ကလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် ဗိုလ်စွဲဖို့ သေချာသလောက် ရှိသွားပြီ ဖြစ်ကြောင်း Sky Sports နဲ့အင်တာဗျူးမှာ သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် စူပါကွန်ပြူတာရဲ့ တွက်ချက်မှုမှာလည်း ပွဲစဉ် တစ်ပွဲ ပြီးဆုံးချိန်တိုင်း အာဆင်နယ်က ချန်ပီယံ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းတွေ ဆက်တိုက် တိုးလာနေပါတယ်။ 

အာဆင်နယ်ဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီက ရှုံးပွဲ မရှိစံချိန်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီး နောက်ပိုင်းကတည်းက ဆုဖလားနဲ့ ဝေးကွာနေတာ နှစ်ပေါင်း ၂၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် မီခဲလ် အာတေးတား လက်ထက်မှာ အာဆင်နယ်က အဓိက ဆုဖလား မရရှိတာ ၅ ရာသီ ရှိလာခဲ့ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ရာသီ ဆက်တိုက်လည်း ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ 

အာဆင်နယ်ဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီက ရှုံးပွဲ မရှိစံချိန်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ပြီး နောက်ပိုင်းကတည်းက ဆုဖလားနဲ့ ဝေးကွာနေတာ နှစ်ပေါင်း ၂၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ဝေးကွာနေတာ နှစ်ပေါင်း ၂၀ ကျော် ရှိနေပြီ ဖြစ်တဲ့ အာဆင်နယ်

ဒီရာသီ မှာတော့ အာဆင်နယ်က ခံစစ်ပိုင်း ကျစ်လျစ်မှုနဲ့ Set Pieces စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပရီးမီးယားလိဂ်မှာ တစ်ကျော့ပြန် ဗိုလ်စွဲဖို့ မျှော်လင့်ချက် အပြည့် ရှိနေပြီ ဖြစ်ပါတယ်။ လက်တလော မှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာက ဘုန်းမောက်ကို ၄ မှတ် ဖြတ်လိုက်ပြီးတော့ အဓိက ပြိုင်ဘက် မန်စီးတီးကို ၆ မှတ်၊ လစ်ဗာပူးလ်ကို ၇ မှတ် အထိ ဖြတ်ထားနိုင်ပြီ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင် အာဆင်နယ် အတွက် လာမယ့် ပွဲစဉ်တွေက မခက်ခဲနိုင်တာကြောင့် အဓိက ပြိုင်ဘက်တွေ ပွဲကြပ်နေချိန် ရမှတ်တွေ ဆက်လက် ဖြတ်တောက်နိုင်ဖို့တော့ ရှိနေပါတယ်။ 

ဘရိုက်တန်နဲ့ ကစားမယ့် လိဂ်ဖလား ပွဲစဉ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာတုန်းက အာတေးတားက “ကျွန်တော်တို့ အသင်းဟာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသနိုင်တာကြောင့် ပရိသတ်တွေ ကလည်း ကျေနပ် အားရနေကြပြီး အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလား ရယူနိုင်မယ် ဆိုတာ ခိုင်လုံတဲ့ အကြောင်းတရားတွေ ရှိနေပါပြီ။ အားလုံး ကတော့ ကြီးမားတဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူချင်ကြတာပါပဲ။ အခုလောလောဆယ် ကျွန်တော်တို့ အသင်းဟာ ထိပ်ဆုံး နေရာ ရောက်နေပေမဲ့ အခုမှ ရာသီအစပဲ ရှိသေးပြီး နောက်ထပ် ခက်ခဲမယ့်ပွဲတွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ ကျွန်တော်တို့ သိပြီးသား ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

နောက်တစ်ချက်က အာဆင်နယ်က အရင်က ဆိုရင် ခရာဘောင်ဖလားလို ပြိုင်ပွဲငယ်တွေကို သိပ်ပြီး အာရုံစိုက်လေ့ မရှိပေမယ့် ဒီရာသီ မှာတော့ ပြိုင်ပွဲတိုင်းကို ဂရုတစိုက် ကစားနေတာ တွေ့ရပါတယ်။ အာဆင်နယ်ဟာ ညက ကစားခဲ့တဲ့ ခရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာလည်း ကစားရခက်တဲ့ ဘရိုက်တန်ကို ပေးဂိုး မရှိ အနိုင်ရရှိခဲ့ပြန်ပြီး သူတို့ရဲ့ အကောင်းမွန်ဆုံးသော ခံစစ် စွမ်းဆောင်ရည်ကို ဆက်ထိန်းပြထားပါတယ်။ လက်ရှိ မှာတော့ အာဆင်နယ်က ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် အနိုင်ရရှိထားပြီ ဖြစ်သလို ပေးဂိုး မရှိ နိုင်ပွဲ ကလည်း ၆ ပွဲဆက်နေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်