အဲဗာတန် – အက်စတွန်ဗီလာ
ပရီးမီးယားလိဂ် ပွဲစဉ် ၄ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် အဲဗာတန်နဲ့ အက်စတွန်ဗီလာတို့ Hill Dickinson ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ နိုင်ပွဲတွေ ဆက်နေတဲ့ အဲဗာတန်တို့ ဒီရာသီမှာ တောက်လျောက် မှောက်နေတဲ့ ဗီလာကို အသာစီးရသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အဲဗာတန်က ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပေမယ့် ပွဲစဉ် ၂ နဲ့ ၃ မှာတော့ ဝုဗ်နဲ့ ဘရိုက်တန်ကို အနိုင်ယူပြီး ရမှတ် ၆ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။ အဲဗာတန်က ဒေးဗစ် မွိုက်စ်ရဲ့ ဦးဆောင်မှုနဲ့ အတူ ကစားသမားသစ် ဂျက် ဂရီးလစ်ရှ်၊ ဒူးစ်ဘာရီဟောလ် တို့ အပါအဝင် ကစားသမားသစ်တွေရဲ့ ခြေစွမ်းပြမှုနဲ့ ရလဒ်တွေ ကောင်းမွန်နေတာ ဖြစ်ပါတယ်။ ဂရီးလစ်ရှ်ဟာ အဲဗာတန် အတွက် ၄ ပွဲ ကစားပြီးချိန်မှာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပြီး ဒူးစ်ဘာရီဟောလ် ကတော့ ၃ ပွဲ ကစားပြီး ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးထားပါတယ်။ အခုပွဲမှာလည်း ဒီကစားသမားတွေရဲ့ ခြေစွမ်းကို စောင့်ကြည့်ရမှာ ဖြစ်ပြီး အဲဗာတန်ကို ဘယ်လောက်အထိ ဆွဲတင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာ ကတော့ ရာသီသစ်မှာ တောက်လျောက်ကို ရုန်းကန်နေရပါတယ်။ ပရီးမီးယားလိဂ် ၃ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ မရသေးပဲ ရမှတ် ၁ မှတ်နဲ့ အတူ အမှတ်ပေးဇယား အောက်နားမှာ ကြမ်းတိုက်နေရပါတယ်။ ဗီလာက နယူးကာဆယ်နဲ့ အဖွင့်ပွဲမှာ ဂိုးမရှိ သရေ၊ ဘရန့်ဖို့ဒ်နဲ့ ပဲလေ့စ် တို့ကို ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပြီး နောက်ဆုံး ပွဲမှာ ဆိုရင် တော်တော်လေး ဆိုးရွားတဲ့ ခြေစွမ်းနဲ့ ပဲလေ့စ်ရဲ့ အိမ်ကွင်း အထိ လာပြီး ဂိုးပြတ်တီးခြင်းပါ ခံလိုက်ရတာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကို အဲဗာတန် ဘက်က အက်ဇ်နူ၊ ဘရန့်ဝိတ်သ်၊ ပတ်တာဆန် တို့ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေတယ်လို့ သိရပါတယ်။
အက်စတွန်ဗီလာ ဘက်မှာတော့ အမာဒူ အိုနာနာ၊ ဂါစီယာ၊ ကာမာရာ၊ ဘာကလေ တို့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ အိုဘရိုင်ယန်၊ တာကောစကီး၊ ကိန်း၊ ဂါနာ၊ ဂူရီ၊ အိုင်ရို့ဂ်ဘူနမ်၊ အန်ဒီရာယီ၊ ဒူးစ်ဘာရီဟောလ်၊ ဂရီးလစ်ရှ်၊ ဘယ်ရီ
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကွန်ဆာ၊ ပါအူ၊ မင်းဂ်၊ ဒစ်ဂ်နီး၊ မက်ဂင်းန်၊ တေးလီမန့်စ်၊ အဲလီယော့တ်၊ မယ်လန်၊ ဝက်ကင်န်၊ ရော်ဂျာစ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၅ ကြိမ် တွေ့ဆုံရာမှာ အဲဗာတန်က ၇ ကြိမ်နိုင်၊ အက်စတွန်ဗီလာက ၁၁ ကြိမ် နိုင်ပြီး ၇ ကြိမ် သရေကျထားပါတယ်။ ဗီလာဟာ အဲဗာတန်ကို ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၁၂ ကြိမ် ဆက်တိုက် မရှုံးထားပဲ ပြီးခဲ့တဲ့ ရာသီကလည်း နှစ်ကျော့စလုံး အနိုင်ရထားပါတယ်။ အဲဗာတန် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲ မှာတော့ ဗီလာက ၄ ပွဲနိုင်ပြီး ၁ ပွဲ သရေကျခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အဲဗာတန်ဟာ ဗီလာနဲ့ နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အသာမရခဲ့ဘူးလို့ သတ်မှတ်လို့ ရပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အဲဗာတန် နိုင်ရင် ၂.၄၂ ဆ၊ အက်စတွန်ဗီလာ နိုင်ရင် ၂.၇၃ ဆ နီးပါးနဲ့ သရေ ဆိုရင်တော့ ၃.၁၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အဲဗာတန် ဘက်က ခပ်ပါးပါးနဲ့ ဒဲ့ကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ဆိုရင် ၂ လုံးက စဖွင့်ပါတယ်။ လက်ရှိမှာ အက်စတွန်ဗီလာက အနိမ့်ပိုင်း ရောက်နေပြီး အဲဗာတန် ကတောင် ဗီလာထက် အဘက်ဘက်မှာ သာနေတဲ့ အခြေအနေပါ။ အိမ်ကွင်း အားသာချက်လည်း ရှိနေတာကြောင့် အဲဗာတန်ကို အနည်းငယ် ပိုသဘောကျနေမိပြီး သွင်းဂိုး အနည်းနဲ့ သရေ ရလဒ် ထွက်ပေါ်မယ့် ပွဲစဉ်လို့ ယူဆရပါတယ်။
ခန့်မှန်းရလဒ်
အဲဗာတန် ၁-၁ အက်စတွန်ဗီလာ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.