နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်တဲ့ မော်ဂန် ရော်ဂျာစ်ကို စာချုပ်သက်တမ်းတိုးလိုက်တဲ့ အက်စတွန်ဗီလာ | ပရီးမီးယားလိဂ်

မော်ဂန် ရော်ဂျာစ် ကတော့ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာနဲ့ ၆ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် ၂၀၃၁ ခုနှစ် အထိ ဗီလာပါ့ခ်မှာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။ ရော်ဂျာစ်ဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ချန်ပီယံရှစ် ကလပ် မစ်ဒယ်ဘရောကေနေ ပေါင် ၁၅ သန်းနဲ့ ဗီလာပါ့ခ်ကို ရောက်ရှိလာပြီးနောက် အူနိုင်း အမ်မရီရဲ့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ သူရောက်ရှိလာပြီးကတည်းက အက်စတွန်ဗီလာရဲ့ မရှိမဖြစ် အစိတ်အပိုင်း တစ်ခု ဖြစ်လာခဲ့ပြီး ပြိုင်ပွဲစုံ ၈၆ ပွဲ ကစားရာမှာ ၁၈ ဂိုး သွင်းယူပြီး ၁၇ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ရော်ဂျာစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြိုင်ပွဲစုံ ၃၅ ပွဲ ကစားပြီး သူ့ရဲ့ ဂိုးပါဝင် ပတ်သက်မှုဟာ ၂၇ ကြိမ် အထိ ရှိခဲ့ကာ ခြေစွမ်းပြခဲ့ပါတယ်။ သူ့ထက် ဂိုးပါဝင်ပတ်သတ်မှု ပိုများခဲ့တဲ့ ကစားသမား ဆိုလို့ အိုလီ ဝက်ကင်န် (၃၁ ကြိမ်) သာ ရှိခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ သူ့ရဲ့ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေကြောင့် PFA Young Player of the Season ဆု ကိုလည်း ရရှိခဲ့ပါသေးတယ်။ ရော်ဂျာစ် ဟာ ဒီရာသီအစမှာ ရုန်းကန်ခဲ့ရပေမယ့် စပါးကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဂိုးသွင်းယူပြီးနောက် သူ့ရဲ့ ပွဲ ၂၀ ဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့မှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

အသက် ၂၃ နှစ်နဲ့ ၈၅ ရက်သာ ရှိသေးတဲ့ ရော်ဂျာစ်က အက်စတွန်ဗီလာ အတွက် ပရီးမီးယားလိဂ်မှာ ဂိုးပါဝင် ပတ်သတ်မှု ၂၅ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ဆဋ္ဌမမြောက် အသက် အငယ်ဆုံး ကစားသမား (၁၂ ဂိုး၊ ၁၃ ဂိုး ဖန်တီး) လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် သြဂုတ်လက ခရစ်ရှန် ဘန်တီကီ (၂၂ နှစ်၊ ၂၅၇ ရက်) နောက်ပိုင်း အသက်အငယ်ဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

အသက် ၂၃ နှစ်နဲ့ ၈၅ ရက်သာ ရှိသေးတဲ့ ရော်ဂျာစ်က အက်စတွန်ဗီလာ အတွက် ပရီးမီးယားလိဂ်မှာ ဂိုးပါဝင် ပတ်သတ်မှု ၂၅ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ဆဋ္ဌမမြောက် အသက် အငယ်ဆုံး ကစားသမား (၁၂ ဂိုး၊ ၁၃ ဂိုး ဖန်တီး) လည်း ဖြစ်ပါတယ်။
PFA Young Player of the Season ဆု ကိုလည်း ရရှိထားတဲ့ မော်ဂန် ရော်ဂျာစ်

ရော်ဂျာစ်က အက်စတွန်ဗီလာမှာ ဆက်နေဖို့ ဆုံးဖြတ်ချက်က လွယ်ကူတဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ရော်ဂျာစ်က “ကျွန်တော် အရမ်းပျော်ပါတယ်။ ကလပ်က လူတွေရဲ့ ယုံကြည်မှုက တကယ်ကို ကောင်းမွန်တဲ့ ခံစားချက် တစ်ခုပါ၊ စာချုပ်ချုပ်ဆိုဖို့ မစောင့်နိုင်တော့ပါဘူး။ ကျွန်တော် အရမ်းပျော်ပါတယ်။”

“အိမ်လိုပါပဲ။ ဒီဒေသကမှာ နေထိုင်ရတာက နည်းနည်း ပိုချိုမြိန်စေပါတယ်။ မန်နေဂျာ၊ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ ဒီမှာရှိတဲ့ လူတိုင်းက နေ့တိုင်း နွေးထွေးစွာ ကြိုဆိုကြပါတယ်။ ကျွန်တော် ဒီမှာ ဆက်ပြီး လေ့ကျင့်ဖို့၊ ကြိုးစားအားထုတ်ဖို့နဲ့ နေ့တိုင်း ကျွန်တော့် တတ်နိုင်သမျှကို အစွမ်းကုန် ပေးဆပ်ဖို့လည်း စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော် တကယ် ပျော်ပါတယ်။”

“ကျွန်တော့် အတွက် အရေးကြီးဆုံးအရာက ကျွန်တော် ဘောလုံးကို ပျော်ရွှင်စွာ ခံစားနိုင်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ဖော်ပြနိုင်ဖို့ပါပဲ။ ကျွန်တော် ဒီမှာ မနေချင်တဲ့ အကြောင်းပြချက် မရှိပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။မော်ဂန် ရော်ဂျာစ်ဟာ မက်တီ ကတ်ရှ်နဲ့ အသင်းခေါင်းဆောင် ဂျွန် မက်ဂင်းန် တို့ ပြီးနောက် ပြီးခဲ့တဲ့ နှစ်ပတ် အတွင်း အက်စတွန်ဗီလာနဲ့ စာချုပ်သစ်တွေ ချုပ်ဆိုခဲ့တဲ့ တတိယမြောက် ကစားသမားလည်း ဖြစ်ပါတယ်။

ရော်ဂျာစ်ရဲ့ စာချုပ်သစ်ကြောင့် သူ့ကို ခေါ်ယူချင်နေတဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ အတွက်တော့ စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ ရော်ဂျာစ် ကတော့ လက်ရှိ ဈေးကွက် တန်ကြေး အနည်းဆုံး ပေါင် သန်း ၆၀ ရှိနေသူ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်