အက်စတွန်ဗီလာ – အဲဗာတန်
အက်စတွန်ဗီလာ ကတော့ အခုတပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန်ကို ဗီလာပါ့ခ်မှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ချန်ပီယံဆုကို စိန်ခေါ်နေတဲ့ ၃ သင်းထဲက တစ်သင်း ဖြစ်နေတဲ့ ဗီလာတို့ ရုန်းကန်နေရတဲ့ အဲဗာတန် ဆီက ၃ မှတ် အပြည့် ရယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အက်စတွန်ဗီလာ ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ မှာ အာဆင်နယ်ကို ဂိုးပြတ် ရှုံးပြီးနောက် ဖောရက်စ်ကို နိုင်၊ ပဲလေ့စ်နဲ့တော့ သရေကျခဲ့ပါတယ်။ ဗီလာက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကိ ဦးဆောင်သူ အာဆင်နယ်နဲ့ ၆ မှတ်ကွာ၊ မန်စီးတီးနဲ့တော့ ရမှတ်တူ အဆင့် ၃ နေရာမှာ ရှိနေပါတယ်။ ဒါ့အပြင် ဗီလာက ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရော၊ အဝေးကွင်း စွမ်းဆောင်ရည်မှာ အဆင့် ၃ နေရာမှာ ရှိနေပါတယ်။ ဗီလာက ဒီရာသီ အိမ်ကွင်းမှာ ၁၀ ပွဲ ကစားရာမှာ ၈ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ ဗီလာက နိုင်ပွဲ ဆက်မှုတွေ ရပ်တန့်ခဲ့ရတယ် ဆိုပေမယ့် လက်ရှိ အချိန်မှာ စွမ်းဆောင်ရည်ပိုင်းက တည်ငြိမ်နေဆဲ ဖြစ်ပြီး ရလဒ်ကောင်း တစ်ခုကို ရယူဖို့ အဆင်သင့် ရှိနေတဲ့ အသင်းမျိုး အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။
ဒေးဗစ် မွိုက်စ်ရဲ့ အဲဗာတန် ကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ အပြီးမှာ နိုင်ပွဲ ၈ ပွဲ ရှိထားသလို ရှုံးပွဲ ကလည်း ၈ ပွဲ အထိ ရှိထားပါတယ်။ တော်ဖီတွေက လက်ရှိမှာ အဓိက ကစားသမား တချို့ ပါဝင် ကစားနိုင်ခြင်း မရှိတာကြောင့် ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းမှာပါ တည်ငြိမ်မှု မရှိပဲ ရုန်းကန်နေရပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၄ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပါတယ်။ အဲဗာတန်ဟာ အက်ဖ်အေဖလား ပွဲစဉ်မှာ ဆန်းဒါးလန်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ ဂိုးမသွင်းနိုင်ပဲ ရှုံးနိမ့်ခဲ့ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အက်စတွန်ဗီလာ ဘက်က အမာဒူ အိုနာနာ၊ ကာမာရာနဲ့ ရော့စ် ဘာကလေ တို့ လွဲချော်မှာ ဖြစ်ပါတယ်။ အဲဗာတန် ဘက်မှာတော့ ဆီနီဂေါနဲ့ အာဖရိကဖလား ဗိုလ်လုပွဲ ကစားမယ့် အန်ဒီယာရီ၊ ဂူရီ တို့ လွဲချော်မှာ ဖြစ်ပြီး မိုက်ကယ် ကိန်း (ပွဲပယ်)၊ ဘရန့်ဝိတ်၊ ကိုးလ်မန်း၊ အဲလ်ကာရက်ဇ်၊ ဒူးစ်ဘာရီဟောလ်၊ အီရိုးဘူနမ်တို့ ကတော့ ပါဝင်ကစားဖို့ မသေချာ ဖြစ်နေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အက်စတွန်ဗီလာ – ဘီဇော့တ်၊ ကတ်ရှ်၊ ကွန်ဆာ၊ တောရက်စ်၊ ဒစ်ဂ်နီး၊ ဘိုဂါဒီ၊ တေးလီမန့်စ်၊ ဘူအန်ဒီယာ၊ ရော်ဂျာစ်၊ မက်ဂင်းန်၊ ဝက်ကင်န်
အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ ပတ်တာဆန်၊ အိုဘရိုင်ယန်၊ တာကောစကီး၊ မိုင်ကိုလန်ကို၊ အမ်းစထရောင်း၊ ဂါနာ၊ ရိုဟဲလ်၊ မက်နီးလ်၊ ဘယ်ရီ၊ ဂရီးလစ်ရှ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၂၆ ကြိမ်မှာ ဗီလာက ၁၁ ကြိမ်နိုင်၊ အဲဗာတန်က ၇ ကြိမ်နိုင်ပြီး ၈ ကြိမ် သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ် မှာတော့ ဗီလာက ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျခဲ့ပါတယ်။ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ကြိမ် မှာတော့ ဗီလာက ၄ ကြိမ်နိုင်ပြီး အဲဗာတန်က ၁ ကြိမ် နိုင်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ နိုင်ရင် ၁.၆၇ ဆ၊ အဲဗာတန် နိုင်ရင်တော့ ၄.၅၅ ဆ၊ သရေ ဆိုရင်တော့ ၃.၅၄ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ အက်စတွန်ဗီလာ ဘက်ကပဲ တစ်လုံးသွင်းရင်တောင် ပြန်ခွာကြေးအထိ ပေးထားပါတယ်။ ဂိုးပေါင်းကြေး ကတော့ ပုံမှန်ပါပဲ။ ဂရီးလစ်ရှ် ကွင်းထဲမှာ ရှိနေတိုင်း အဲဗာတန်က အခွင့်အရေးတွေ ဖန်တီးထားနိုင်တာ တွေ့ရပါတယ်။ ဒါပေမယ့် အခွင့်အရေးတွေကို အဆုံးသတ်နိုင်တဲ့ ကစားသမား လိုအပ်ချက် ရှိတာကြောင့် အဲဗာတန်က ရလဒ်ကောင်းတွေနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းတာက အဲဗာတန်နဲ့ ဗီလာ နှစ်သင်းစလုံးဟာ ကွင်းလယ် ကစားသမား တချို့ ပါဝင်နိုင်မှာ မဟုတ်လို့ အားနည်းနေမှာ သေချာပါတယ်။ ဒီပွဲမှာတော့ ပိုပြီး တည်ငြိမ်တဲ့ အိမ်ရှင် ဗီလာ ဘက်မှာ ရပ်တည်ထားတာ ကပဲ စိတ်ချရပါလိမ့်မယ်။
ခန့်မှန်းရလဒ်
အက်စတွန်ဗီလာ ၃-၁ အဲဗာတန်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


