အာဆင်နယ် – နော့တင်ဟမ်ဖောရက်စ်
ပရီးမီးယားလိဂ် ပွဲစဉ် ၄ ရဲ့ အစောဆုံး ပွဲအဖြစ် အာဆင်နယ်က နော့တင်ဟမ်ဖောရက်စ်ကို အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ ရက်သတ္တပတ် မတိုင်ခင် ပွဲစဉ် ၃ မှာ ရှုံးပွဲ ကိုယ်စီ ကြုံထားတဲ့ နှစ်သင်းမှာ ဘယ်အသင်းက ရလဒ်ကောင်းတစ်ခု ရှာဖွေသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အာဆင်နယ်က လစ်ဗာပူးလ်နဲ့ ပွဲမှာ ခြေစွမ်းပိုင်း မဆိုးခဲ့ပေမယ့် အန်ဖီးလ်မှာ သိပ်ပြီး လုပ်ရဲကိုင်ရဲ မရှိခဲ့တာကြောင့် ဒီရာသီ အတွက် ပထမဦးဆုံး ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ပြိုင်ဘက် ကစားသမား ဆိုဘို့ဇ်လိုင်းရဲ့ တိကျ ကောင်းမွန်တဲ့ ဖရီးကစ်ကြောင့်လည်း ပါသလို အာတေးတားရဲ့ လူစားလဲမှု နောက်ကျတာလည်း ပါပါတယ်။ အာဆင်နယ်က လက်ရှိ ပွဲစဉ် ၃ ပွဲ ကစားပြီးချိန်မှာ လစ်ဗာပူးလ်နဲ့ ၃ မှတ် ဟသွားလို့ ချန်ပီယံဆုကို ပစ်မှတ်ထားနေတဲ့ အသင်းပီပီ ထပ်ပြီး မှားလို့ မရတော့ပါဘူး။ တစ်ခု ရှိတာက နိုင်ငံတကာ ပွဲတွေ ကစားခဲ့တာကြောင့် အာဆင်နယ် အတွက် ပြန်လည် ပြင်ဆင်ချိန် ရက်သတ္တပတ် ၂ ပတ် ရထားပြီး ဒီပွဲမှာ အကောင်းဆုံး ပြန်လာနိုင်မလား ဆိုတာ စောင့်ကြည့်ရပါမယ်။
နော့တင်ဟမ်ဖောရက်စ် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရှိနေပါတယ်။ ဖောရက်စ်မှာ ဒီနှစ်ပတ် အတွင်း ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်ခဲ့ပြီး သူတို့ရဲ့ ဝေးကွာနေတဲ့ ဥရောပ ဘောလုံးနဲ့ ပြန်လည် မိတ်ဆက်ပေးခဲ့တဲ့ နူနို အက်စ်ပီရီတို ဆန်တိုကို ရာထူးက ထုတ်ပယ်လိုက်တာပါ။ တကယ်ဆိုရင် ဖောရက်စ်ဟာ နူနို လက်အောက်မှာ System ကျကျ ကစားတတ်တဲ့ တောင့်တင်းတဲ့ အသင်း တစ်သင်း အဖြစ် ရှိနေပါပြီ။ ဒါပေမယ့်လည်း အသင်း ပိုင်ရှင်၊ ပြီးတော့ အက်ဒူးနဲ့ပါ ညိခဲ့တဲ့ နူနို တစ်ယောက် အဝေးကို လွင့်ထွက်သွားခဲ့ရပါတယ်။ အခုတော့ ဖောရက်စ်က ပရီးမီးယားလိဂ်ဆီ တကျော့ပြန်လာတဲ့ အန်ဂျီ ပိုစတီကိုဂလူးရဲ့ ဦးဆောင်မှု အောက်မှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပြီ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အာဆင်နယ် ဘက်က ဘန်ဝှိုက်နဲ့ နောဂတ်တို့ ပါဝင်လာဖို့ မသေချာသေးပဲ၊ ဆာကာ၊ ဂျေဇုစ်၊ ကိုင်ဟာဗက်ဇ်၊ ဆလီဘာ တို့ကတော့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။
ဖောရက်စ် ဘက်မှာတော့ ဒိုမီနီဂွက်ဇ် လွဲချော်ပြီး နီကိုလို ဆဗိုနာ ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဆင်နယ် – ရာယာ၊ တင်ဘာ၊ မော့စ်ကီယာ၊ ဂါဘရီရယ်၊ ကာလာဖီအိုရီ၊ အိုဒီဂတ်၊ ဇူဘီမန်ဒီ၊ ရိုက်စ်၊ မာဒူခေး၊ ယိုကီးရက်စ်၊ အီးဇီး
နော့တင်ဟမ်ဖောရက်စ် – ဆဲလ်စ်၊ ဆဗိုနာ၊ မီလန်ကိုဗစ်၊ မူရီလို၊ ဝီလီယမ်စ်၊ အန်ဒါဆန်၊ ယိတ်စ်၊ မက်အတီး၊ ဂစ်ဘ်-ဝှိုက်၊ ဟက်ဒ်ဆန်-အိုဒွိုင်း၊ ဝုဒ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး ၁၀ ကြိမ် တွေ့ဆုံမှုမှာ အာဆင်နယ်က ၆ ကြိမ်နိုင်၊ ဖောရက်စ်က ၃ ကြိမ် နိုင်ကာ၊ ၁ ကြိမ် သရေကျခဲ့ပါတယ်။ အာဆင်နယ်က ဖောရက်စ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၄ ပွဲဆက် မရှုံးထားပဲ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ကြိမ် တွေ့ဆုံမှု မှာတော့ အာဆင်နယ်က ၄ ကြိမ်နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၄ ပွဲစလုံး အာဆင်နယ်က အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၃၄ ဆ၊ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၇.၃၀ ဆ၊ သရေ ဆိုရင်တော့ ၄.၅၃ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ အာဆင်နယ် ဘက်က တစ်လုံး သရေလောက်က စပေါက်နေပြီး ဂိုးပေါင်း ကတော့ ဂိုးပေါ်သမားတွေ အတွက် ၃ လုံး ဆိုရင် စိတ်အေးရပါပြီ။ လက်ရှိမှာ နည်းပြ အပြောင်းအလဲနဲ့ ဖောရက်စ်က ဘယ်လို လာဦးမယ် မသိပါဘူး။ သေချာတာ ကတော့ နည်းစနစ်ပိုင်း၊ ကစားသမား စုဖွဲ့မှုနဲ့ အဘက်ဘက်မှာ အသားကျပြီးသား အာဆင်နယ်ကို နည်းပြသစ်နဲ့ ဖောရက်စ်တို့ ယှဉ်ကစားနိုင်ရင်တောင် ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။ နောက်ပြီး Head to Head မှာလည်း အမ်းမရိတ်စ်မှာ ဆိုရင် ဖောရက်စ်က နိုင်ပွဲမရတာ ကြာပါပြီ။ အာဆင်နယ်ကို ရွေးချယ်ထားတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မယ်။
ခန့်မှန်းရလဒ်
အာဆင်နယ် ၂-၀ နော့တင်ဟမ်ဖောရက်စ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.