နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အော့တာရာရဲ့ ခြေစွမ်းပြမှုကြောင့် စိန့်ဂျိမ်းစ်ပါ့ခ်မှာ ပျားတုပ်သွားတဲ့ ငှက်ကြား | ပရီးမီးယားလိဂ်

စနေနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ရဲ့ နောက်ကျပွဲ ကတော့ တော်တော်လေး အကြိတ်အနယ် ရှိခဲ့ပါတယ်။ ဒီပွဲမှာ ဘရန့်ဖို့ဒ်က နယူးကာဆယ်ယူနိုက်တက်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ အပြန်အလှန် ဂိုးတွေ သွင်းရင်း ၂-၃ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် အတွက် အဖိုးတန် အနိုင်ဂိုးကို ဒန်ဂို အော့တာရာက ပွဲပြီးခါနီးမှာ သွင်းယူပေးခဲ့ပြီး ဒီနိုင်ပွဲကြောင့် ပျားတွေက ပရီးမီးယားလိဂ် အဆင့် ၇ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ အိမ်ရှင် နယူးကာဆယ်တို့ ပွဲကို စောစောစီးစီးပဲ ဦးဆောင်ထားနိုင်ခဲ့တာပါ။ ပွဲကစားချိန် ၂၄ မိနစ်မှာ ဆဗန် ဘော့မန်း က အဖွင့်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၃၇ မိနစ် မှာတော့ အော့တာရာရဲ့ ဖန်တီးပေးမှု ကနေ တစ်ဆင့် ဗစ်တာလီ ဂျနဲလ်တ်က ခေါင်းတိုက်ကာ ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

ပထမပိုင်း ပြီးခါနီး မှာတော့ နယူးကာဆယ် ကစားသမား ဂျေကော့ပ် မာဖီ ပင်နယ်တီ ဧရိယာထဲ လက်ထိခဲ့တာကြောင့် ဘရန့်ဖို့ဒ်တို့ ပင်နယ်တီ ရရှိခဲ့ပြီး အီဂေါ သီယာဂိုက အမှားအယွင်း မရှိ ကန်သွင်းကာ ပွဲကို အသာစီးရယူခဲ့ပါတယ်။ ဒုတိယပိုင်း ၇၉ မိနစ် မှာတော့ ဒဏ်ရာ ကနေ ပြန်လာတဲ့ နယူးကာဆယ် အသင်းခေါင်းဆောင် ဘရူနို ဂီမာရေးစ်က ပင်နယ်တီ ကနေ တစ်ဆင့် ချေပဂိုး ပြန်သွင်းပေးခဲ့လို့ ပွဲက ၂-၂ နဲ့ သရေ ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ၈၅ မိနစ် မှာတော့ ဒီနေ့ပွဲမှာ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲ့တဲ့ အော့တာရာက အဝေးကန်ချက်နဲ့အတူ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ဘရန့်ဖို့ဒ်တို့ အဖိုးတန် ၃ မှတ်ကို အရ ယူနိုင်ခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဒါပေမယ့် ၈၅ မိနစ် မှာတော့ ဒီနေ့ပွဲမှာ ပရီးမီးယားလိဂ် ပွဲပေါင်း ၁၀၀ ပြည့်မြောက်ခဲ့တဲ့ အော့တာရာက အဝေးကန်ချက်နဲ့အတူ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ဘရန့်ဖို့ဒ်တို့ အဖိုးတန် ၃ မှတ်ကို အရ ယူနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ပိုင်းကို တဖြည်းဖြည်း ကျဆင်းလာတဲ့ နယူးကာဆယ်

ဒန်ဂို အော့တာရာ ကတော့ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (လော်ရီယန့်အသင်းမှာ ကစားစဉ်) နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လိဂ် ပွဲစဉ် ၂ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ သူဟာ ဂိုးဖန်တီးမှု ၁ ကြိမ်၊ အနိုင်ဂိုး ၁ ဂိုး သွင်းယူခဲ့သလို အသင်းမှာ အခွင့်အရေး ဖန်တီးနိုင်မှုနဲ့ လိမ်ခေါက်နိုင်မှု အများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်ဟာ ဒီရာသီ ပထမဆုံး အဝေးကွင်း ၈ ပွဲမှာ ၇ ပွဲ အထိ ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရထားပြီး ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ချဲလ်ဆီးနဲ့ နော့တင်ဟမ်ဖောရက်စ် တို့ကို အရေးနိမ့်ခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲဆက် ပုံစံကောင်း ပြန်ရပြီး အက်စတွန်ဗီလာနဲ့ နယူးကာဆယ်လို အသင်းတွေကို အနိုင်ယူပြထားခဲ့တာ ဖြစ်ပါတယ်။ 

ကိန်းဂဏန်း အချက်အလက်တွေအရ နယူးကာဆယ်ရဲ့ မျှော်မှန်းဂိုး (xG)က ၂.၂၅ နဲ့ ဘရန့်ဖို့ဒ်ရဲ့ ၁.၉၃ ထက် ပိုများခဲ့ပေမယ့် ဘရန့်ဖို့ဒ်ကတော့ ရရှိလာတဲ့ အခွင့်အရေးတွေကို ပိုမိုထိရောက်စွာ အသုံးချနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘရန့်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာက လစ်ဗာပူးလ်နဲ့လည်း အမှတ်တူသွားခဲ့ပြီ ဖြစ်ပါတယ်။

နယူးကာဆယ်ဟာ လာမယ့် တပတ်မှာ တော့တင်ဟမ်ဟော့စပါးနဲ့ ကစားရမှာ ဖြစ်သလို ဘရန့်ဖို့ဒ် ကလည်း မြောက်လန်ဒန် ကလပ်ပဲ ဖြစ်တဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာပါ။ လက်ရှိမှာ ဆက်တိုက် ခြေစွမ်းပြနေတဲ့ ဘရန့်ဖို့ဒ်တို့ အမှတ်ပေးဇယားကို ဦးဆောင်သူ အာဆင်နယ်ကို ဘယ်လောက်အထိ ဒုက္ခပေးသွားနိုင်မလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်