မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို ကတော့ စပါးနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ကာလကြာရှည် အနားယူရဖို့ ရှိနေပါတယ်။ ဆက်စ်ကိုက ပွဲချိန် ၅၈ မိနစ် ရောက်မှ လူစားဝင် ကစားခွင့်ရခဲ့ပြီး ၈၈ မိနစ်မှာ စပါး နောက်ခံလူ ဗန်ဒီဗန်နဲ့ ထိခိုက်မိလို ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဆလိုဗေးနီးယား လက်ရွေးစင်ဟာ ကွင်းတွင်း ကုသမှု ခံယူပြီး ကွင်းပြင်ကို စိတ်ပျက်စွာနဲ့ လမ်းလျှောက်ထွက်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က ဆက်စ်ကိုရဲ့ ဒဏ်ရာ အပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။ အမော်ရင်က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ “ကျွန်တော်တို့ စစ်ဆေးရပါမယ်။ သူ့ဒူးမှာ တစ်ခုခု ခံစားနေရတာ ဆိုတော့ စောင့်ကြည့်ရမှာပေါ့။ သူ့မှာ ပြဿနာ တစ်ခုခု ရှိတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဆက်စ်ကို ကိုသာ ကာလရှည်ကြာ လက်လွှတ်ရရင် မန်ချက်စတာယူနိုက်တက် တိုက်စစ် အတွက် ခေါင်းကိုက်စရာ ဖြစ်လာမှာပါ။ ယူနိုက်တက်က လာမယ့် လမှာ ဘရိုင်ယန် အမ်ဘူမို၊ အာမက်ဒ် ဒီယာလို တို့ကို အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို စေလွှတ်ရဖို့ ရှိနေလို့ အမော်ရင် အဖို့ တိုက်စစ် ပြဿနာကို ဖြေရှင်းဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။

ဆက်စ်ကို အနေနဲ့ ဒဏ်ရာကြောင့် အသင်းနဲ့ အချိန်အတော်ကြာ ဝေးကွာနေမှာလားလို့ အတိအကျ မေးမြန်းခဲ့ရာ မှာတော့ အမော်ရင်က အပြုသဘောဆောင်တဲ့ အတည်ပြုချက် မပေးနိုင်ခဲ့ပါဘူး။ ဆက်လက်ပြီး “ဒူးမှာ ဒဏ်ရာရခဲ့တာ ဖြစ်ပြီး ကျွန်တော်တို့ သိနိုင်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ အကြီးမားဆုံး စိုးရိမ်စရာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒဏ်ရာက ဒူးမှာ ဖြစ်နေလို့ (ဘယ်လောက် ပြင်းထန်လဲ ဆိုတာ ကျွန်တော် မသိတဲ့ အတွက် ပိုစိုးရိမ်မိပါတယ်)။”
ဒီပွဲမှာ ယူနိုက်တက်က ပထမပိုင်းမှာ ပွဲကို အကောင်းဆုံး ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် စပါးတို့ ယူနိုက်တက် ပယ်နယ်တီ ဧရိယာ အတွင်းမှာ ဘောလုံး ထိချက် ၃ ကြိမ်သာ ရှိခဲ့တဲ့ အထိ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ စပါးက ဒုတိယပိုင်းရောက်မှသာ ကစားအား ပိုကောင်းလာခဲ့ပြီး ချေပဂိုးတွေ ဦးဆောင်ဂိုးတွေ ရရှိခဲ့ပေမယ့် ဒီလစ်ဂျ်ရဲ့ နောက်ကျဂိုးကြောင့် သရေတစ်မှတ်စီ ခွဲယူခဲ့ရတာ ဖြစ်ပါတယ်။ ယူနိုက်တက် အနေနဲ့ ၂၀၂၂ အောက်တိုဘာလ နောက်ပိုင်း ကတည်းက တော့တင်ဟမ်ဟော့စပါးကို အနိုင်မရတဲ့ မှတ်တမ်းဆိုးကို အဆုံးမသတ်နိုင်ပေခဲ့ပေမယ့် အဝေးကွင်းမှာ အဖိုးတန် သရေ ၁ မှတ် ရခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
အမ်ဘူမို ကတော့ ဒီနေ့ပွဲ မှာလည်း ယူနိုက်တက် အတွက် အဖိုးတန် ကစားသမား ဖြစ်ခဲ့ပြန်ပြီး ဘယ်နေရာမှာ ကစားရ ကစားရ အသင်း အတွက် သက်ရောက်မှု ကြီးမားသူ ဖြစ်နေဆဲပါ။ လက်ရှိမှာတော့ ယူနိုက်တက်က ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့ပြီး ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ပတ်သတ်ပြီး ဒီပွဲမှာ ချီးကျူးရဲ့မယ့် အချက် တစ်ခုက အရင်နဲ့ မတူတော့ပဲ ပြိုင်ဘက်ကို ဂိုးပေးလိုက်ရချိန်မှာ စိတ်ဓာတ်ပိုင်း မပျက်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေကို နော့တင်ဟမ်ဖောရက်စ်နဲ့ စပါး တို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အရှင်းသား တွေ့မြင်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


