ဆန်းဒါးလန်း – ဘရိုက်တန်
ပရီးမီးယားလိဂ် ဇယား အထက်ပိုင်းကို ပြန်လည် တက်လှမ်းဖို့ ကြိုးစားနေတဲ့ ဆန်းဒါးလန်းနဲ့ ဘရိုက်တန်တို့ အခုတစ်ပတ် ပွဲစဉ် ၃၀ မှာ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘရိုက်တန် အိမ်ကွင်း Amex Stadium မှာ ကစားခဲ့တဲ့ ပထမအကျော့ ပွဲစဉ် မှာတော့ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ထားခဲ့ပါတယ်။
ဆန်းဒါးလန်း
ဆန်းဒါးလန်း အတွက် ဒီရာသီမှာ ကစားဖို့ ၉ ပွဲသာ ကျန်ရှိတော့ပြီး အားလုံးဟာ ပရီးမီးယားလိဂ် ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ ကြောင်နက်တွေဟာ ပြီးခဲ့တဲ့ တပတ်က ကစားခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ လိဂ်ဝမ်းရဲ့ ဇယားအောက်ခြေက ပို့တ်ဗေးလ်ကို အဝေးကွင်းမှာ ၁-ဝ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပါတယ်။ ဆန်းဒါးလန်း တို့ဟာ မကြာသေးခင် အပတ်တွေအတွင်း ရလဒ်ကောင်းတွေ ရဖို့ ရုန်းကန်နေရပေမယ့် ဒီလအစ မှာတော့ လိဒ်စ်ယူနိုက်တက်ကို ၁-ဝ နဲ့ အနိုင်ယူပြီး ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
လက်ရှိမှာ ရမှတ် ၄၀ ပြည့်သွားပြီ ဖြစ်တဲ့ ဆန်းဒါးလန်းဟာ ဥရောပဝင်ခွင့် နေရာတွေ အတွက် အစွမ်းကုန် ကြိုးစားသွားဖို့ ရည်မှန်းထားပါတယ်။ ဆန်းဒါးလန်းက လက်ရှိ အမှတ်ပေးဇယား အဆင့် ၁၁ မှာ ရှိနေပြီး အဆင့် ၇ က ဘရန်ဖို့ဒ်နဲ့ ၄ မှတ်သာ ကွာဟပါတော့တယ်။ ဒါပေမယ့် ၂၀၂၆ ခုနှစ်အတွင်း ဆန်းဒါးလန်းရဲ့ တိုက်စစ်ပိုင်းက အားနည်းနေပြီး ပရီးမီးယားလိဂ် ၁၀ ဂိုးသာ သွင်းယူထားနိုင်ပါသေးတယ်။ ဒါဟာ အက်စတွန်ဗီလာ (၉ ဂိုး) ပြီးရင် အနည်းဆုံး ဖြစ်ပါတယ်။ ဂိုးကွာခြားချက် ကလည်း ဒီနှစ်အတွင်း (-၆) ရှိနေပြီး ဘန်လေနဲ့ စပါးတို့ ပြီးရင် အဆိုးရွားဆုံး ဖြစ်နေပါတယ်။
ဘရိုက်တန်
ဘရိုက်တန် ကတော့ ဘရန်ဖို့ဒ်နဲ့ နော့တင်ဟမ်ဖောရက်စ် တို့ကို ဆက်တိုက် နိုင်ပြီးနောက် ဇယား ထိပ်ဆုံးက အာဆင်နယ် ကိုတော့ အိမ်ကွင်းမှာ ၁-ဝ နဲ့ ကပ်ရှုံးခဲ့ပါတယ်။ ဒီဇင်ဘာလအစက အက်စတွန်ဗီလာကို ၄-၃ နဲ့ ရှုံးခဲ့တဲ့ ပွဲပြီးကတည်းက ဘရိုက်တန်ရဲ့ ပွဲစဉ်တွေမှာ ဂိုးရလဒ် နည်းပါးလာတာကို တွေ့ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲ စလုံးမှာ ဘရိုက်တန်ဟာ ၂ ဂိုးထက် ပိုမသွင်းသလို၊ ၂ ဂိုးထက် ပိုပြီးတော့လည်း မပေးထားရပါဘူး။ အဲဒီကာလ အတွင်း ပွဲစဉ်တွေမှာ သွင်းဂိုးနဲ့ ပေးဂိုး စုစုပေါင်း ၃၀ သာရှိပြီး ဒါဟာ လိဂ်အတွင်း အနည်းဆုံးလည်း ဖြစ်ပါတယ်။
ဘရိုက်တန်ဟာ လက်ရှိ အဆင့် ၁၄ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၁၁ မှတ် ကွာဟနေသလို၊ အဆင့် ၇ နေရာနဲ့လည်း ၇ မှတ် ကွာနေပါတယ်။ ဥရောပဝင်ခွင့် မျှော်လင့်ချက်ထားမယ် ဆိုရင်တော့ လက်ကျန် ပွဲတွေမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရဖို့ လိုအပ်နေပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဆန်းဒါးလန်း ဘက်က ဆီယာကင်၊ မူကီလီ၊ ရိန်နီလ်ဒို၊ မန်ဒဲလ်၊ ဘရော့ဘီ၊ တာဘီ တို့ လွဲချော်မှာ ဖြစ်ပါတယ်။ ဘရိုက်တန် ဘက်မှာတော့ ဝက်ဘ်စတား၊ မီတိုမာ၊ မာ့ချ်၊ ဇီမက်စ် တို့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဆန်းဒါးလန်း – အဲလ်ဘော့ဂ်၊ ဂီယာထရူအီဒါ၊ ဘဲလက်ဒ်၊ အဲလ်ဒါရက်တီ၊ ဟူမီ၊ ချာကာ၊ ဆာဒီကီ၊ တဲလ်ဘီ၊ ဒီယာရာ၊ လီဖီ၊ မာယင်ဒါ
ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဝိုင်ဖာ၊ ဒန့်ခ်၊ ဗန်ဟက်ကီ၊ ကာဒီယိုဂလူ၊ အယာရီ၊ ဘယ်လီဘာ့၊ ဂိုးမက်ဇ်၊ ဂရော့စ်၊ မင်တာ့ရ်၊ ဝဲလ်ဘက်ခ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဆန်းဒါးလန်းဟာ ဒီရာသီ အိမ်ကွင်း ပွဲစဉ် ပထမ ၁၂ ပွဲမှာ ရှုံးပွဲ မရှိခဲ့ပေမယ့် (၇ ပွဲ နိုင်၊ ၅ ပွဲ သရေ)၊ နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၂ ပွဲ စလုံးမှာတော့ ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့် အားသာချက် တစ်ခု ကတော့ ဘရိုက်တန်နဲ့ အိမ်ကွင်း တွေ့ဆုံမှု နောက်ဆုံး ၅ ပွဲစလုံးကို အနိုင်ရထားပြီး ၁၉၈၁ ခုနှစ် နောက်ပိုင်း ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးပွဲ မရှိသေးတဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဘရိုက်တန်ဟာ တန်းတက်လာတဲ့ အသင်းတွေနဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ရှုံးပွဲ မရှိထားပေမယ့် ဆန်းဒါးလန်းနဲ့ တွေ့ဆုံမှု မှာတော့ မှတ်တမ်းဆိုးနေပါတယ်။ ဆန်းဒါးလန်းနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ပြီး အဲဒီနိုင်ပွဲဟာ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလက ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဆန်းဒါးလန်း နိုင်ရင် ၃.၀၁ ဆ၊ ဆန်းဒါးလန်း နိုင်ရင် ၂.၂၃ ဆ၊ သရေ ဆိုရင်တော့ ၃.၁၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဧည့်သည် ဘရိုက်တန် ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိမှာတော့ ခြေစွမ်း တည်ငြိမ်မှု ရဖို့ ရုန်းကန်နေရပါတယ်။ ဇယားအလယ်မှာ ရမှတ်ချင်း သိပ်မကွာခြားတဲ့ ဒီနှစ်သင်း အကြားမှာ အသာစီးရဖို့ ခက်ခဲတဲ့ အနေအထား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကျော့ပွဲစဉ်တုန်းကလိုပဲ ဂိုးသွင်းရ ခက်ခဲတဲ့ ပွဲမျိုးကို ထပ်မံ မြင်တွေ့ရနိုင်ပေမယ့် ဒီတစ်ကြိမ် မှာတော့ ဆန်းဒါးလန်းက သူတို့ရဲ့ အိမ်ကွင်း ပရိသတ်ရှေ့မှာ ဘရိုက်တန်ရဲ့ တိုက်စစ်ကို ထိန်းချုပ်ကစားရင်း နိုင်ပွဲ ရှာတွေ့သွားဖို့ များပါတယ်။
ခန့်မှန်းရလဒ်
ဆန်းဒါးလန်း ၁-၀ ဘရိုက်တန်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


