ဘုန်းမောက် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ကို ၀-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေမှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဒီနိုင်ပွဲကြောင့် သူတို့ဟာ အဆင့် ၄ နေရာ (ချန်ပီယံလိဂ် ဝင်ခွင့်) နဲ့ ၇ မှတ် အကွာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒီပွဲရဲ့ ပထမပိုင်းမှာ ဂျူနီယာ ခရူပီက ဘုန်းမောက် အတွက် ပြင်းထန်လှပတဲ့ ကန်ချက်နဲ့ အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ပွဲပြီးခါနီး မိနစ် ၉၀+၁ မှာ အဲလက်စ် စကော့တ်က ဒုတိယဂိုး ထပ်မံ သွင်းယူခဲ့လို့ ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်းကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ဘုန်းမောက်ဟာ ဒီရာသီမှာ ဒုတိယအကြိမ်မြောက် အဖြစ် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ဆက်တိုက် အနိုင်ရရှိခဲ့တာပါ။ (ပြီးခဲ့တဲ့ နှစ် သြဂုတ်နဲ့ စက်တင်ဘာလတုန်းက ၃ ပွဲဆက် အနိုင်ရခဲ့ဖူးပါတယ်)။ အဲလက်စ် စကော့တ်ဟာ သူကစားခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲ ဆက်တိုက်မှာ ဂိုးပါဝင် ပတ်သက်မှု ၂ ကြိမ် (၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီး) ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ သူအရင်က ကစားခဲ့တဲ့ ပွဲပေါင်း ၆၅ ပွဲက စုစုပေါင်း မှတ်တမ်း (၂ ဂိုး သွင်း၊ ၁ ဂိုးဖန်တီး) နဲ့လည်း တူညီဖို့ နီးစပ်သွားခဲ့ပါတယ်။
အခုပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အဲလက်စ် စကော့တ် ကတော့ ပွဲအပြီး အင်တာဗျူးမှာ အသင်းရဲ့ ခြေစွမ်း အပေါ် အခုလိုပဲ မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။ “ဒီရလဒ် အတွက် ကျွန်တော် တကယ် ပျော်ရွှင်ပါတယ်။ ပေးဂိုး မရှိ (Clean sheet) နဲ့ အနိုင်ရတာက ကျွန်တော်တို့ အတွက် အရမ်းပဲ အရေးကြီးပါတယ်။ ဝုလ်ဗ်က နောက်ဆုံး ၆ ပွဲမှာ တကယ် ကောင်းကောင်း ကစားနေတဲ့ ခက်ခဲတဲ့ အသင်း တစ်သင်းပါ။”

“ကျွန်တော်တို့ အမြဲတမ်း ဇယားအထက်ပိုင်း ကိုပဲ ကြည့်ပါတယ်။ ရုန်းကန်ခဲ့ရတဲ့ ကာလ တစ်ခု ရှိခဲ့ပေမယ့် ခရစ္စမတ်နောက်ပိုင်းမှာ ကျွန်တော်တို့ တကယ်ကို ကောင်းမွန်လာခဲ့ပါတယ်။ အခုဆိုရင် ရှေ့ကိုပဲ ဆက်သွားဖို့ပဲ ရှိပါတော့တယ်။ ဂိုးသွင်းယူမှုနဲ့ ပတ်သက်ပြီး အသင်း အတွက် ပွဲဦးထွက် ကစားပေးတဲ့ ရိုင်ယန်ရဲ့ ဖန်တီး ပေးပို့မှု ကနေ ဂိုးသွင်းခဲ့တာနဲ့ ပတ်သက်ပြီး စကော့တ်က အခုလို ထပ်လောင်း ပြောကြားခဲ့ပါတယ်။
“ဒါက ကျွန်တော် အမြဲလေ့ကျင့်နေတဲ့ အရာပါ။ ဂိုးသွင်းနိုင်ဖို့ အတွက် ဧရိယာထဲကို အရှိန်နဲ့ ပြေးဝင်ဖို့ ကြိုးစားပါတယ်။ တိုင်နောက်ခြမ်းကို ပြေးဝင်ဖို့ ကျွန်တော်တို့ အမြဲတမ်း ပြောဖြစ်ကြတယ်။ တကယ်လို့ အဲဒီနေရာကို ကျွန်တော် ပြေးမဝင်ခဲ့ရင် ကြိမ်းမောင်းခံရမှာပါ။ ရိုင်ယန် အတွက်လည်း တကယ် ဝမ်းသာပါတယ်၊ သူ တကယ် ကောင်းကောင်း လုပ်ပေးနိုင်ခဲ့တာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘုန်းမောက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ အပြီးမှာ ၈ ပွဲနိုင်၊ ၉ ပွဲ သရေ၊ ၇ ပွဲ ရှုံး၊ ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ချယ်ရီတွေဟာ လက်ရှိမှာ အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၇ မှတ်၊ အဆင့် ၅ နေရာက လစ်ဗာပူးလ်နဲ့ ၆ မှတ် ကွာဟနေတာကြောင့် ဥရောပ ဝင်ခွင့် မျှော်လင့်ချက် အတွက် ဆိုရင်တော့ လက်ကျန် ပွဲတွေမှာ အပေါ်က အသင်းတွေ ခြေချော်ဖို့ လိုအပ်သလို သူတို့ ကိုယ်တိုင်လည်း ရလဒ်တွေ ကောင်းဖို့ လိုအပ်နေပါသေးတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


