အာဆင်နယ် – ဘုန်းမောက်
အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ မှာတော့ အာဆင်နယ်က ဘုန်းမောက်ကို အမ်းမရိတ်စ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပထမအကျော့ ဘုန်းမောက်ကွင်းမှာ တစ်ယောက်နဲ့ ကစားပြီး ၂-၀ ရလဒ်နဲ့ ရှုံးထားခဲ့တဲ့ အာဆင်နယ်တို့ လက်စားပြန်ချေနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မီခဲလ် အာတေးတားရဲ့ အာဆင်နယ်ကို ကြည့်ရတာ ပရီးမီးယားလိဂ်ကို လုံးဝ အာရုံမစိုက်တော့ပဲ မရှုံးဖို့သာ ကစားနေတာ တွေ့ရပါတယ်။ ချန်ပီယံလိဂ်ကို အရာရာ ပုံအပ်လိုက်တဲ့ အာဆင်နယ်က လက်ကျန်ပွဲတွေကို လူစာရင်း စမ်းသပ်ဖို့လောက်သာ အားထုတ်နေတာပါ။ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲကို ပြန်ကြည့်ရင် သရေ ၃ ပွဲ အထိ ရှိထားပြီး ရှုံးပွဲတော့ မရှိပါဘူး။ လစ်ဗာပူးလ်လည်း ချန်ပီယံ ဖြစ်သွားပြီ ဆိုတော့ အာဆင်နယ်တို့ ၃ ရာသီဆက် ဒုတိယလူ အဖြစ်နဲ့ ရာသီသိမ်းနိုင်ဖို့ လက်ရှိ နေရာမှာ မြဲနေဖို့ပဲ အခုပွဲ ကိုလည်း မရှုံးရုံလောက်ပဲ ကစားဖွယ် ရှိပါတယ်။
ဘုန်းမောက် ကလည်း ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး သရေ ၃ ပွဲ၊ ရှုံးပွဲ ၁ ပွဲ ရှိခဲ့ပါတယ်။ ဘုန်းမောက်က အစောပိုင်းမှာ ဥရောပ ဝင်ခွင့် တစ်နေရာ မျှော်လင့်ချက် ရှိခဲ့ပေမယ့် လက်ရှိ အဆင့် ရပ်တည်မှုအရ အဆင့် ၁၀ အတွင်း ရာသီသိမ်းနိုင်ဖို့သာ မျှော်လင့်ရတော့မှာပါ။ ဘုန်းမောက်ဟာ အသင်းကြီးတွေကို ဆိုရင် ဒုက္ခပေးတတ်တာကြောင့်တော့ ဒီရာသီမှာ အာဆင်နယ်ကို နှစ်ကျော့စလုံး မရှုံးအောင် ကစားဖို့တော့ ပြင်ဆင်လာပါလိမ့်မယ်။ တစ်ခု ရှိတာက ဒီပွဲကို ဘုန်းမောက်ရဲ့ အဓိက ကစားသမား တချို့ လွဲချော်မှာ ဖြစ်တာကြောင့် အနည်းငယ် ကစားအား ကျဆင်းနေဖို့တော့ ရှိနေပါလိမ့်မယ်။
နှစ်ဖက်အသင်း သတင်းများ

ဘုန်းမောက် မှာတော့ အီဗန်နီလ်ဆင်၊ အူနဲလ်၊ ဆင်နီစတာရာ၊ ရွိုင်ယန် ခရစ္စတီ တို့ လွဲချော်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ခီဗီယော၊ ဇင်ချန်ကို၊ အိုဒီဂတ်၊ ပါတေး၊ ရိုက်စ်၊ နွမ်နရီ၊ မာရင်နို၊ ထရော့ဆက်ဒ်
ဘုန်းမောက် – ကီပါ၊ စမစ်၊ ဇဘာညီ၊ ဟိုင်ဆန်၊ ကာကက်ဇ်၊ အဒမ်စ်၊ ကွတ်ခ်၊ ဆီမီညို၊ ကလွိုင်ဗက်၊ အော့တာရာ၊ အီဗန်နီလ်ဆင်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၇ ကြိမ် တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၁၂ ကြိမ် အနိုင်ရပြီး ဘုန်းမောက်က ၂ ကြိမ် နိုင်ကာ ၃ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ အာဆင်နယ်က ၄ ကြိမ် နိုင်ပြီး ဘုန်းမောက်က ၁ ကြိမ် အနိုင်ရထားပါတယ်။ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၇ ကြိမ် မှာတော့ အာဆင်နယ် ကပဲ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၂.၁၁ ဆ၊ ဘုန်းမောက် နိုင်ရင် ၃.၁၅ ဆနဲ့ သရေ ဆိုရင်တော့ ၃.၂၂ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ်က သရေ တစ်ဝက်ရှုံး၊ သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ အောက်ကို ဦးတည်နေတဲ့ ကြေးမျိုးပေးထားပါတယ်။ ဒီပွဲပြီးရင် အာဆင်နယ်က ပီအက်စ်ဂျီနဲ့ ကစားရဖို့ ရှိတာကြောင့် ဒီပွဲကို သိပ်ပြီး အားစိုက်မှာ မဟုတ်ပါဘူး။ ဘုန်းမောက် ကလည်း သူတို့ အတွက် မျှော်လင့်ချက်က အားရစရာ မရှိတော့လို့ ခြေကုန်ထုတ် ကစားမယ် မထင်ပါဘူး။ 1×2 ကြေးဖွင့်မှုအရလည်း ဒီပွဲက သရေ ရလဒ်ကို ဦးတည်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ အကျိုးအမြတ် အတွက် သရေရလဒ်နဲ့ အရဲစွန့် ရပ်တည်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
အာဆင်နယ် ၁-၁ ဘုန်းမောက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.