နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖျော်ဖြေမှု ရသ အပြည့်ပေးတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမယ့် ဘုန်းမောက်နဲ့ ဘရိုက်တန်ရဲ့ ထိပ်တိုက်တွေ့ဆုံမှု | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘုန်းမောက် – ဘရိုက်တန်

ပရီးမီးယားလိဂ် ပွဲစဉ် ၄ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ဘုန်းမောက်နဲ့ ဘရိုက်တန်တို့ စနေနေ့ညမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၃ မှာ ဆရာကြီး နှစ်သင်းကို တီးလာတဲ့ ဘုန်းမောက်နဲ့ ဘရိုက်တန်က ထိပ်တိုက် တွေ့ဆုံချိန်တိုင်းမှာ အကြိတ်အနယ် ကစားတတ်တဲ့ အသင်းတွေ ဖြစ်နေကြောင့် စိတ်ဝင်စားစရာ ပွဲတစ်ပွဲ အဖြစ် ထပ်မံ မြင်တွေ့ရဖို့ သေချာပါတယ်။

အန်ဒိုနီ အိုင်ရာအိုလာရဲ့ ဘုန်းမောက်က အဖွင့်ပွဲမှာ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လစ်ဗာပူးလ်ကို ၄-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပုံစံကောင်း တစ်ခု ပြသနိုင်ခဲ့ပါတယ်။ အဲဒီနောက် ဘုန်းမောက်က ဝုဗ်နဲ့ စပါးကို အနိုင်ယူပြီး ရမှတ် ၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေပါတယ်။ ဘုန်းမောက်ဟာ ဒီနွေမှာ ကစားသမားကောင်းတွေ လက်လွှတ်ထားရပေမယ့် အသင်းမှာ ကျန်ရှိတဲ့ ကစားသမားတွေနဲ့ အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေကို အချိုးကျ ပေါင်းစပ်ပြီး တောင့်တင်းတဲ့ အသင်း အဖြစ် ရှိနေဆဲ ဆိုတာ ပြီးခဲ့တဲ့ ပွဲတွေမှာ မြင်တွေ့ခဲ့ရပြီးပါပြီ။

တစ်ဖက်က ဖေဘီယန် ဟက်ဇီလာရဲ့ ဘရိုက်တန် ကလည်း လျှော့တွက်လို့ မရပါဘူး။ ဘရိုက်တန်က ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲမှာ နိုင်ပွဲ ပျောက်ခဲ့ပေမယ့် ပွဲစဉ် ၃ မှာတော့ မန်စီးတီးလို အသင်းကို အနိုင်ယူပြထားပါတယ်။ ဘရိုက်တန်ဟာ မန်စီးတီးကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေနဲ့ ပါးပါးနပ်နပ် ကစားပြသွားခဲ့တာ မန်စီးတီးတို့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ ဘရိုက်တန် ကလည်း ကစားသမားကောင်း တချို့ လက်လွှတ်ထားရပေမယ့် နည်းပြ ဟက်ဇီလာက အသစ် ခေါ်ယူထားတဲ့ ကစားသမားတွေနဲ့ အထိုင်မပျက်အောင် ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ 

 

နှစ်ဖက်အသင်း သတင်းများ

ဘရိုက်တန်က ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် ၂ ပွဲမှာ နိုင်ပွဲ ပျောက်ခဲ့ပေမယ့် ပွဲစဉ် ၃ မှာတော့ မန်စီးတီးလို အသင်းကို အနိုင်ယူပြထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရှိနေတဲ့ ဘရိုက်တန်

အခုပွဲကိုတော့ ဘုန်းမောက် ဘက်က အဒမ် စမစ်၊ အူနဲလ် တို့ လွဲချော်မှာ ဖြစ်ပြီး ကွတ်ခ်လည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။ 

ဘရိုက်တန် ဘက်မှာတော့ ဝက်ဘ်စတား၊ မာ့ချ် တို့ လွဲချော်မှာ ဖြစ်ပြီး ဝိုင်ဖာနဲ့ ဝက်ဆန်တို့လည်း လွဲချော်ဖွယ် ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘုန်းမောက် – ပီထရိုဗစ်၊ အာရူဟို၊ ဒီယာခိတ်၊ ဆီနက်ဆီ၊ ထရူဖတ်၊ အဒမ်စ်၊ စကော့တ်၊ ဘရွတ်ခ်၊ တာဗာနီယာ၊ ဆီမီညို၊ အီဗန်နီလ်ဆင်

ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဗဲလ်မန်း၊ ဗန်ဟက်ကီ၊ ဒန့်ခ်၊ ဒီကူ့ပါး၊ ဘယ်လီဘာ့၊ အယာရီ၊ မင်တာ့ရ်၊ ရတ်တာ၊ မီတိုမာ၊ ဝဲလ်ဘက်ခ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

နောက်ဆုံး တွေ့ဆုံမှု အကြိမ် ၂၀ မှာ ဘုန်းမောက်က ၉ ကြိမ်နိုင်၊ ဘရိုက်တန်က ၇ ကြိမ်နိုင်ပြီး ၄ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ဘရိုက်တန်က ၄ ကြိမ်နိုင်ပြီး ဘုန်းမောက်က ၁ ကြိမ်သာ ပြန်လည် အနိုင်ရထားကာ နောက်ဆုံး ၂ ကြိမ်ဆက်လည်း အနိုင်ရထားပါတယ်။ ဘုန်းမောက် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း ဘုန်းမောက်က ၂ ကြိမ်နိုင်ပြီး ဘရိုက်တန်က ၃ ကြိမ် အနိုင်ရခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၂.၄၂ ဆ၊ ဘရိုက်တန် နိုင်ရင် ၂.၆၀ ဆနဲ့ သရေ ဆိုရင်တော့ ၃.၂၇ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဒဲ့ကြေးလောက် ပေါက်နေပြီး ဂိုးပေါင်းကြေး ကတော့ နှစ်သင်းပေါင်း ၃ လုံး ပါပဲ။ ပြီးခဲ့တဲ့ ပွဲမှာ ဘုန်းမောက်က စပါးကို အနိုင်ယူခဲ့သလို ဘရိုက်တန်က မန်စီးတီးကို အနိုင်ယူပြထားခဲ့ပြီး အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေ ကိုယ်စီ ပြသထားပါတယ်။ ဒီနှစ်သင်းက တွေ့ဆုံချိန်တိုင်း အကြိတ်အနယ် ကစားတတ်သလို ထိပ်တိုက်တွေ့ဆုံမှု အရရော၊ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရပါ ကွာဟချက် မရှိတဲ့ နှစ်သင်းပါ။ ဘယ်အသင်း အသာရမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။ ကျွန်တော် ကတော့ အကျိုးအမြတ် အတွက် သရေ ရလဒ်နဲ့ အရဲစွန့်ထားချင်မိပါတယ်။ ဂိုးပေါ်လည်း ကြိုက်ပါတယ်။

ခန့်မှန်းရလဒ်

ဘုန်းမောက် ၂-၂ ဘရိုက်တန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်