ဘရန့်ဖိုဒ် – နော့တင်ဟမ်ဖောရက်စ်
ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဘရန့်ဖို့ဒ်က နော့တင်ဟမ်ဖောရက်စ်ကို Gtech Community ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းမှာပါ ကွာခြားမှု ရှိနေတဲ့ အလယ်အလတ် နှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ရဖို့ ရှိပြီး ဘရန့်ဖို့ဒ်တို့ ပထမအကျော့တုန်းက ရှုံးကြွေးကို ပြန်ဆပ်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။ ဒီပွဲဟာ အဆင့်အတန်းချင်း သိပ်မကွာပေမဲ့ ကစားဟန်ချင်း ဆန့်ကျင်ဘက် ဖြစ်နေလို့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ဘရန့်ဖို့ဒ်ဟာ ချဲလ်ဆီးကို မရှုံးနိမ့်ခင်အထိ ပရီးမီးယားလိဂ်မှာ ၆ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပဲ အမှတ်ပေးဇယား ထိပ်ပိုင်း အထိ တက်လှမ်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ပျားတွေက အမှတ်ပေးဇယား အဆင့် ၇ နေရာကို ပြန်ဆင်းသွားရပေမယ့် အဆင့် ၄ နေရာက လစ်ဗာပူးလ်နဲ့တောင် ၃ မှတ်ပဲ ကွာဟနေပါတယ်။ ဘရန့်ဖိုဒ်ဟာ အိမ်ကွင်း မှာ ဆိုရင် ဘယ်လို ပြိုင်ဘက်မျိုးကို မဆို ဒုက္ခပေးနိုင်တဲ့အသင်းပါ။ အထူးသဖြင့် Set-pieces (ထောင့်ကန်ဘော၊ ပြစ်ဒဏ်ဘော) တွေကနေ ဂိုးရအောင် ဖန်တီးနိုင်စွမ်း ရှိပါတယ်။ တိုက်ရိုက်ဆန်ပြီး မြန်ဆန်တဲ့ တိုက်စစ်နဲ့ ဂိုးရဖို့ ကြိုးပမ်းတတ်ပြီး အားနည်းချက်က High Line Defence နဲ့ ကစားတဲ့ အခါမှာ ပြိုင်ဘက်ရဲ့ တန်ပြန် တိုက်စစ်ကို ထိန်းချုပ်ဖို့ ခက်ခဲလေ့ ရှိတာ ဖြစ်ပါတယ်။ နောက်ပြီး ပျားတွေက ပွဲအရှိန်မြင့်လာရင် အမှားတွေ လုပ်တတ်ပါတယ်။

နော့တင်ဟမ်ဖောရက်စ် ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ ကပ်လျက် ရပ်တည်နေပေမယ့် ပြီးခဲ့တဲ့ ၂ ပွဲမှာ ၄ မှတ် ရှာဖွေနိုင်ခဲ့တာကြောင့် ဝက်စ်ဟမ်းနဲ့ ၅ မှတ် ပြတ်နေဆဲ ဖြစ်ပါတယ်။ ဖောရက်စ်ဟာ အိမ်ကွင်း ကစားပုံ ကောင်းပေမယ့် အဝေးကွင်း မှာတော့ ခြေစွမ်းရော၊ ရလဒ်ပိုင်းပါ လုံးဝ အားရစရာ မရှိပါဘူး။ ဖောရက်စ်က အဝေးကွင်းမှာ ဆိုရင် ပုံမှန်အားဖြင့် ခံစစ်ပိတ် ကစားတတ်ပြီး တန်ပြန် တိုက်စစ်တွေကို အဓိက အားကိုးတဲ့ အသင်းပါ။ အားသာချက် တန်ပြန် တိုက်စစ် မြန်ဆန်သလို Off the ball တွေမှာ စနစ်တကျ ကစားတတ်ပါတယ်။ အားနည်းချက် ကတော့ ဘောလုံးပိုင်ဆိုင်မှုနဲ့ မကစားတတ်ပဲ ဖိအားများရင် နောက်တန်း ယိမ်းယိုင်လေ့ ရှိပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဘရန့်ဖို့ဒ် ဘက်က ဟန်ဒါဆန်၊ ကာဗယ်ဟို၊ ဒါဆေးလ်ဗား တို့ လွဲချော်ဖို့ ရှိပြီး ဖောရက်စ် ဘက်မှာတော့ ဂျွန်ဗစ်တာ၊ ခရစ္စဝုဒ်တို့ လွဲချော်ကြမှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရန့်ဖိုဒ် – ခယ်လာဟာ၊ ကာယိုဒီ၊ ကောလင်း၊ အယား၊ ဟင်နရီ၊ ဂျနဲလ်၊ ယာမိုလစ်ခ်၊ အော့တာရာ၊ ချာဒီ၊ သီယာဂို
နော့တင်ဟမ်ဖောရက်စ် – ဆဲလ်စ်၊ အိုင်နာ၊ မီလန်ကိုဗစ်၊ မိုရာတို၊ ဝီလီယမ်စ်၊ ဆန်ဂါရေး၊ အန်ဒါဆန်၊ ဟက်ချင်ဆန်၊ ဂစ်ဘ်ဝှိုက်၊ ဟက်ဒ်ဆန် အိုဒွိုင်း၊ ဂျေဇုစ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံမှု ၂၁ ကြိမ်မှာ ဘရန့်ဖို့ဒ်က ၁၁ ကြိမ် နိုင်၊ ဖောရက်စ်က ၆ ကြိမ် နိုင်ပြီး ၄ ကြိမ် သရေကျခဲ့ပါတယ်။ ဖောရက်စ်ဟာ လန်ဒန် ကလပ်တွေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ် ၆ ပွဲမှာ ၅ ပွဲ ရှုံးနိမ့်ထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် သရေကျထားပါတယ်။ ပျားတွေရဲ့ အိမ်ကွင်းက နောက်ဆုံး ၅ ကြိမ် မှာလည်း ၂ ကြိမ်စီ အနိုင်ရထားပြီး ၁ ကြိမ် သရေကျထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရန့်ဖိုဒ် နိုင်ရင် ၁.၉၀ ဆ၊ နော့တင်ဟမ်ဖောရက်စ် နိုင်ရင်တော့ ၃.၇၃ ဆ၊ သရေ ဆိုရင်တော့ ၃.၂၆ ဆ ရမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဘရန့်ဖို့ဒ် ဘက်ကပဲ ကြေးပေါက်နေပြီး ဂိုးပေါင်းကြေး အနည်းငယ် ပျော့နေပါတယ်။ ဒီပွဲမှာ ဘရန့်ဖို့ဒ်က အိမ်ကွင်း အားသာချက်လည်း ရှိနေတော့ ဖိအားပေး ကစားလာနိုင်ပြီး ဖောရက်စ် ကတော့ ခံစစ်လုံအောင် ကစားပြီး တန်ပြန် တိုက်စစ်နဲ့ အခွင့်အရေး ရှာပါလိမ့်မယ်။ Set-piece တစ်ချက်၊ အမှား တစ်ချက် ကနေ ပွဲရလဒ် အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဘရန့်ဖို့ဒ် အနိုင်ရဖို့ ရာခိုင်နှုန်း များပြီး ဂိုးအောက် ၃.၅ ကလည်း သင့်တော်တဲ့ ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။ BTTS – YES ကိုလည်း ရွေးချယ်နိုင်ပေမယ့် သိပ်တော့ စိတ်မချရပါဘူး။
ခန့်မှန်းရလဒ်
ဘရန့်ဖိုဒ် ၂-၁ နော့တင်ဟမ်ဖောရက်စ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


