နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဥရောပ ပြိုင်ပွဲ ဝင်ခွင့် အတွက် ဆက်လက် ယုံကြည်မှု ရှိနေဆဲ ဖြစ်တဲ့ ဘရူနို ဂီမာရေ့စ် | ပရီးမီးယားလိဂ်

နယူးကာဆယ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ်မှာ ရှုံးပွဲဆက်နေမှုကို ဘရိုက်တန်နဲ့ ပွဲမှာ အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီအချိန်မှာ နယူးကာဆယ်က ဥရောပ ပြိုင်ပွဲ ဝင်ခွင့် အတွက် ဆက်လက် အိပ်မက်မက်ပြီး ယုံကြည်နေဆဲ ဖြစ်ကြောင်း ဘရူနို ဂီမာရေ့စ်က ပြောကြားခဲ့ပါတယ်။

 

ဥရောပအိပ်မက် အတွက် ဆက်လက် ကြိုးပမ်းနေတဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး (၄) ပွဲ ဆက်တိုက် ရှုံးနိမ့်ထားခဲ့ပြီး ပွဲမစခင်အချိန်မှာ အမှတ်ပေးဇယား အဆင့် (၁၅) အထိ ကျဆင်းနေခဲ့တာပါ။ ဒါပေမယ့်လည်း ငှက်ကြားတွေက စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ ဘရိုက်တန်ကို (၃-၁) နဲ့ အနိုင်ယူကာ လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းမှာ ဝီလျံ အိုဆူလာနဲ့ ဒန်ဘန်း တို့က သွင်းဂိုးတွေနဲ့ အသာစီးရယူပေးခဲ့ပါတယ်။ ဘရိုက်တန်က ဂျက် ဟင်ရှဲလ်ဝုဒ်က ဂိုးကွာဟချက်ကို လျှော့ချနိုင်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာ ဟာဗေး ဘန်းစ်ရဲ့ သွင်းဂိုးက နယူးကာဆယ် အတွက် အနိုင် ၃ မှတ်ကို အာမခံပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲဟာ အက်ဒီ ဟောင်းဝ်ရဲ့ လက်ထက် ပရီးမီးယားလိဂ်မှာ အရှည်ကြာဆုံး ရှုံးပွဲဆက်မှုကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပြီး၊ ဇန်နဝါရီလက ခရစ္စတယ်ပဲလေ့စ်ကို (၂-၀) ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်ပိုင်း (၂) ဂိုး အကွာနဲ့ ပထမဆုံး အကြိမ် ပြန်လည် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ပွဲ ၁၅၀ မြောက် ပါဝင် ကစားခဲ့တဲ့ ဘရူနို ဂီမာရေ့စ်က အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။ “ပွဲမစခင် အဝတ်လဲခန်းထဲမှာ ခံစားချက်က အရမ်းကောင်းပါတယ်။ လာမယ့်ရာသီ ဥရောပ ပြိုင်ပွဲ ဝင်ခွင့် အတွက် ကြိုးပမ်းနေတဲ့ ဒီပွဲရဲ့ အရေးပါမှုကို ကျွန်တော်တို့ သိပါတယ်။ အမှတ်တွေက အလွန်အရေးကြီးပါတယ်၊ ကျွန်တော်တို့ ဆက်လက် အိပ်မက်မက်ပြီး ယုံကြည်နေဆဲပါ။”

ပရီးမီးယားလိဂ်မှာ ပွဲ ၁၅၀ မြောက် ပါဝင် ကစားခဲ့တဲ့ ဘရူနို ဂီမာရေ့စ်က အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
ရလဒ်ဆိုးရွားနေမှုကို ရပ်တန့်နိုင်ခဲ့တဲ့ နယူးကာဆယ်

“ဒါက ခက်ခဲတဲ့ပွဲပါ။ ဘရိုက်တန်က ကောင်းမွန်တဲ့ အသင်းပါ။ ကျွန်တော်တို့ လုပ်ခဲ့သမျှ အတွက် ဒီနိုင်ပွဲကို ထိုက်တန်ပါတယ်။ သူတို့မှာ အခွင့်အရေးတွေ အများကြီးရှိခဲ့တယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းပေမယ့် ဒုတိယပိုင်း မှာတော့ သူတို့ ပိုကောင်းခဲ့ပါတယ်။ အနိုင် ၃ မှတ်ကို ထိန်းထားနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ကျွန်တော်တို့ အောက်ကို ကြည့်တာမဟုတ်ဘဲ အပေါ်ကိုပဲ ကြည့်နေတာပါ။ လာမယ့် ရာသီမှာ ဥရောပ ပြိုင်ပွဲဝင်နိုင်ပါသေးတယ်၊ နောက်ဆုံး (၃) ပွဲ ကိုတော့ မဖြစ်မနေ အနိုင်ကစားရပါမယ်။” လို့ ဂီမာရေ့စ်က ပြောကြားခဲ့ပါတယ်။

 

ဘရိုက်တန်ရဲ့ အခြေအနေ

ဘရိုက်တန် အတွက်တော့ ဒီပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် (၇) ကို ကျဆင်းသွားခဲ့ပြီး ဥရောပ ဝင်ခွင့် မျှော်လင့်ချက်ကို ထိခိုက်သွားစေခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ (၅) ပွဲဆက် ရှုံးပွဲမရှိ စံချိန် ကလည်း ရပ်တန့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဘရိုက်တန် ဂိုးသမား ဗာဘရက်ဂျန်ဟာ ပထမဂိုးမှာ အမှားကျူးလွန်ခဲ့ပြီး၊ သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေးရတဲ့ အထိ အမှား (၄) ကြိမ် ကျူးလွန်ထားသူ ဖြစ်ကာ တခြား ကစားသမားတွေထက် ပိုမို များပြားနေပါတယ်။

ဘရိုက်တန် နည်းပြ ဟာဇီလာ ကတော့ BBC Sport နဲ့ အင်တာဗျူးမှာ “ဂိုး ၂ ဂိုး ပေးလိုက်ရပြီး တည်ဆောက်မှု ပျက်သွားတဲ့ အချိန်တိုလေးက လွဲရင် ကျွန်တော်တို့ ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အရေးပါတဲ့ အခိုက်အတန့်တွေမှာ ကျွန်တော်တို့ ဘက်က အဆင်မပြေခဲ့တာပါ။ ပထမဂိုး ကတော့ (ဗာဘရက်ဂျန်ရဲ့) ကံဆိုးတဲ့ ဆုံးဖြတ်ချက်ပါ။ ကစားသမားတွေ ဆုံးဖြတ်ချက်ချတာကို ကျွန်တော် သဘောကျပါတယ်၊ သူတို့မှာ ရဲရင့်မှုတွေ ရှိပါတယ်။ အမှားတွေ လုပ်မိမှာပေါ့။ နောက်ပိုင်းမှပဲ အားလုံးက ပိုသိလာကြတာပါ။ တာဝန်ယူရဲတဲ့ ကစားသမားတွေ ကိုပဲ ကျွန်တော် ပိုသဘောကျပါတယ်။ ဒီပွဲက ကျွန်တော်တို့ အတွက် အဆင်မပြေခဲ့ပေမယ့် အခုလုပ်နိုင်တာ ကတော့ အမှားတွေကို ပြန်လည် သုံးသပ်ပြီး လာမယ့် တပတ်မှာ ပြန်လာဖို့ပါပဲ။” လို့ ပြောပါတယ်။

နယူးကာဆယ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၁၃) ကို ပြန်တက် လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲစဉ် (၃) ပွဲသာ ကျန်တော့ချိန်မှာ အဆင့် (၆) နေရာက ဘရန့်ဖို့ဒ်နဲ့ (၆) မှတ်သာ ကွာဟပါတော့တယ်။ ဘရိုက်တန် ကတော့ ရမှတ် ၅၀ နဲ့ အတူ ပရီးမီးယားလိဂ် အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေပြီး ဘုန်းမောက်နဲ့ ချဲလ်ဆီး တို့သာ ရလဒ်ကောင်းခဲ့ရင် အောက်ကို ဆင်းပးရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်