ဘရူနို ဖာနန်ဒက်စ် ကတော့ လက်ရှိ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ အကောင်းဆုံး ပုံစံ တစ်ခုကို ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ်ရဲ့ ဂန္ထဝင် ဂိုးဖန်တီးမှု စံချိန် ကိုလည်း ချိုးဖျက်နိုင်ဖို့ နီးစပ်နေပါတယ်။ ဒီတော့ ဘရူနို ဖာနန်ဒက်စ် အနေနဲ့ တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အကြိမ် ၂၀ စံချိန်ကို မှီနိုင်မလား။ တနည်းအားဖြင့် ပရီးမီးယားလိဂ်ရဲ့ အခက်ခဲဆုံး စံချိန် တစ်ခုကို ကျော်ဖြတ်နိုင်မလား ဆိုတာ Opta Analyst ရဲ့ ဖော်ပြချက် အပေါ် အခြေခံပြီး လေ့လာကြည့်ရအောင်ပါ။
ဘရူနို ဖာနန်ဒက်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားပြီးပါပြီ။ စံချိန်တင်ဖို့ အတွက် ၈ ကြိမ် လိုအပ်နေသေးပေမယ့် ယူနိုက်တက် အသင်းခေါင်းဆောင် အတွက်တော့ ဂိုးဖန်တီးမှု ၂၀ ဆိုတာ လက်လှမ်းမမီနိုင်တဲ့ အရာ တစ်ခု မဟုတ်ပါဘူး။
ယူနိုက်တက်မှာ ကစားခဲ့တဲ့ ၆ နှစ်တာ ကာလ အတွင်း အသင်းဟာ အတက်အကျတွေ များခဲ့ပေမယ့် ဘရူနို ကတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် သက်သေပြထားနိုင်သူပါ။ အထူးသဖြင့် မိုက်ကယ် ကာရစ် လက်ထက်မှာ ဘရူနိုဟာ ပိုမိုထက်မြက်လာပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှု အများဆုံး စံချိန်ကို စိန်ခေါ်ဖို့ အခြေအနေ ကောင်းနေတာ တွေ့ရပါတယ်။
ချိုးဖျက်ရမယ့် စံချိန်နဲ့ လက်ရှိအခြေအနေ
ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန်မှာ ၂၀ ကြိမ် ဖြစ်ပါတယ်။ ဒီစံချိန်ကို အာဆင်နယ် ဂန္ထဝင် သီယာရီ အွန်နရီ (၂၀၀၂-၂၀၀၃) နဲ့ မန်စီးတီး ကြယ်ပွင့် ကီဗင် ဒီဘရွန်းနား (၂၀၁၉-၂၀၂၀) တို့က ပူးတွဲတင်ထားတာပါ။
ဘရူနိုဟာ လက်ရှိမှာ ဂိုးဖန်တီးမှု ၁၂ ကြိမ် ရရှိထားပြီး ရာသီကုန်ဖို့ ၁၄ ပွဲ ကျန်ရှိနေပါသေးတယ်။ ဆိုလိုတာက ကျန်တဲ့ ၁၄ ပွဲမှာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ရင် စံချိန်ကို လိုက်မှီမှာ ဖြစ်ပြီး ၉ ကြိမ် ဆိုရင်တော့ စံချိန်သစ် တင်နိုင်မှာ ဖြစ်ပါတယ်။
စိတ်ဝင်စားဖွယ် အချက်အလက်များ

ဘရူနို ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၄ ပွဲမှာတင် ဂိုးဖန်တီးမှု ၁၂ ကြိမ် အထိ ရရှိထားပါတယ်။ လက်ရှိနှုန်းထားအရ ဆိုရင် သူဟာ ရာသီကုန်မှာ ဂိုးဖန်တီးမှု ၂၁ ကြိမ်အထိ ရရှိနိုင်ခြေ ရှိနေပါတယ်။ ဒါပေမယ့် သူ့ရဲ့ မျှော်မှန်း ဖန်တီးမှု (xA) က ၅.၉ သာ ရှိတာကြောင့် လက်ရှိ ၁၂ ကြိမ် ရထားတာဟာ ကံတရားနဲ့ အသင်းဖော်တွေရဲ့ အဆုံးသတ် သေချာမှု အပေါ် အများကြီး မူတည်နေပါတယ်။
စံချိန်ဟောင်းရှင်တွေဆီက သင်ခန်းစာ
စံချိန်တင်နိုင်ဖို့ နီးစပ်ခဲ့သူတွေရဲ့ အတွေ့အကြုံအရ ရာသီကုန်အထိ ဒီနှုန်းထားကို ထိန်းထားဖို့ဆိုတာ မလွယ်ကူပါဘူး။ အာဆင်နယ် ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ် (၂၀၁၅-၂၀၁၆) ဆိုရင် နှစ်သစ် မတိုင်ခင်မှာတင် ဂိုးဖန်တီးမှု ၁၆ ကြိမ် အထိ ရရှိခဲ့လို့ စံချိန်တင်ဖို့ သေချာသလောက် ရှိခဲ့ပေမယ့် ရာသီဝက် နောက်ပိုင်း ၁၇ ပွဲမှာ ၃ ကြိမ်သာ ထပ်ရခဲ့လို့ ၁၉ ကြိမ် နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ မိုဟာမက် ဆာလာ (၂၀၂၄-၂၀၂၅) ကလည်း ပြီးခဲ့တဲ့ရာသီက နှစ်သစ် မတိုင်ခင် ၁၃ ကြိမ် အထိ ရရှိ ခဲ့ပေမယ့် နောက်ပိုင်းမှာ ၅ ကြိမ်သာ ထပ်ရခဲ့တာကြောင့် ၁၈ ကြိမ်နဲ့ပဲ ကျေနပ်ခဲ့ရပြန်ပါတယ်။ ဖရန့်ခ် လမ်းပတ် (၂၀၀၄-၂၀၀၅) ကတော့ အတည်ငြိမ်ဆုံး ဖြစ်ပြီး ပထမရာသီဝက်မှာ ၁၀ ကြိမ်၊ ဒုတိယရာသီဝက်မှာ ၈ ကြိမ်နဲ့ စုစုပေါင်း ၁၈ ကြိမ်အထိ ဖန်တီးပေးခဲ့ပေမယ့်လည်း အွန်နရီနဲ့ ဒီဘရွန်းနား တို့ရဲ့ စံချိန်ကို လိုက်မမှီခဲ့ပါဘူး။
ဘရူနို အတွက် အကောင်းမြင်စရာ အချက်များ
ဘရူနို အနေနဲ့ ဒီစံချိန်ကို ချိုးဖျက်နိုင်ဖို့ အချက် ၃ ချက်က ထောက်ပံ့ပေးနေပါတယ်။ ပထမ တစ်ချက်က နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ ကစားကွက် ဖြစ်ပါတယ်။ မိုက်ကယ် ကာရစ် လက်ထက်မှာ ယူနိုက်တက်ဟာ တိုက်စစ် ပိုမိုအားကောင်းလာပြီး ဘရူနို ဟာလည်း နံပါတ် ၁၀ နေရာမှာ လွတ်လွတ်လပ်လပ် ဖန်တီးခွင့် ရနေပါတယ်။ (Open-play chance creation ဟာ ၁.၉ ကနေ ၃.၄ အထိ တက်လာပါတယ်) ။
ဒုတိယတစ်ချက် လန်းဆန်းနေမှု ဖြစ်ပါတယ်။ ဒီရာသီမှာ ဘရူနိုဟာ ဒဏ်ရာကြောင့် ခေတ္တ နားခဲ့ရသလို၊ အသင်း ကလည်း ပွဲစဉ် ကစားရမှု နည်းတာကြောင့် ပြီးခဲ့တဲ့ ၆ နှစ်အတွင်း အခုအချိန်ဟာ သူ အလန်းဆန်းဆုံး အခြေအနေမှာ ရှိနေပါတယ်။
နောက်ဆုံး တစ်ချက် ကတော့ Set-piece ကျွမ်းကျင် ပိုင်နိုင်မှု ဖြစ်ပါတယ်။ ဒီရာသီ သူ့ရဲ့ ဂိုးဖန်တီးမှု ၇ ကြိမ်ဟာ ပြစ်ဒဏ်ဘောတွေ ကနေ လာတာ ဖြစ်ပြီး ဒါဟာ စံချိန်တင်ဖို့ အတွက် အားကိုးအားထားပြုစရာ လက်နက် တစ်ခု ဖြစ်နေပါတယ်။
အကျဉ်းချုပ်အားဖြင့် ဆိုရရင်တော့ ဘရူနိုဟာ လာမယ့် စက်တင်ဘာမှာ အသက် ၃၂ နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဂိုးဖန်တီးနိုင်စွမ်းနဲ့ အသင်း အပေါ် လွှမ်းမိုးမှု ကတော့ လျော့ပါးသွားတာမျိုး မမြင်ရသေးပါဘူး။ သူဟာ ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးမှု စံချိန်ကို ချိုးဖျက်နိုင်သည် ဖြစ်စေ၊ မချိုးဖျက်နိုင်သည် ဖြစ်စေ မတည်ငြိမ်တဲ့ ယူနိုက်တက် အသင်းမှာ ဒီလောက် အတိုင်းအတာ အထိ တသမတ်တည်း ခြေစွမ်းပြနိုင်တာ ကတော့ တကယ့်ကို အံ့မခန်းစရာ ဖြစ်ကြောင်း သုံးသပ်ရင်း…။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


