နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆက်စ်ကိုရဲ့ အလားအလာ အပေါ် သံသယဝင်နေကြတဲ့ ကာရေဂါနဲ့ ရွိုင်းကိန်း | ပရီးမီးယားလိဂ်

လစ်ဗာပူးလ် ဂန္တဝင် ဂျေမီ ကာရေဂါနဲ့ မန်ချက်စတာယူနိုက်တက် ဂန္တဝင် ရွိင်းကိန်း တို့ကတော့ သရဲနီ တိုက်စစ်မှူးသစ် ဘင်ဂျာမင် ဆက်စ်ကို အနေနဲ့ အသင်းမှာ ချက်ချင်း လက်ငင်း အောင်မြင်မှု ရဖို့ မသေချာကြောင်း ပြောကြားလိုက်ပါတယ်။ ဆက်စ်ကို ကတော့ ဒီအစောပိုင်းမှာ လိုက်ပ်ဇစ် ကနေ ပရီးမီးယားလိဂ် ကလပ်ကို ပေါင် ၇၄ သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။

ဆက်စ်ကိုဟာ လက်ရှိမှာ ယူနိုက်တက် အတွက် ပွဲချိန် ၂၆ မိနစ်သာ ပါဝင်ကစားရသေးပြီး အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက သိသိသာသာ အားနည်းခဲ့တဲ့ တိုက်စစ်ပိုင်း အတွက် ဒီနွေမှာတော့ မားသီးယက်စ် ကူညာ၊ ဘရိုင်ယန် အမ်ဘူမိုနဲ့ ဘင်ဂျာမင် ဆက်စ်ကို တို့ကို ခေါ်ယူပြီး အားဖြည့်ထားခဲ့ပါတယ်။ ဒီကစားသမား ၃ ဦး အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၂၀၀ ဝန်းကျင် သုံးစွဲထားရတဲ့ ယူနိုက်တက်ဟာ ဆက်စ်ကို ကိုတော့ သူတို့ရဲ့ သွင်းဂိုး ရရှိမှု ပြဿနာတွေ အတွက် ဖြေရှင်းပေးနိုင်မယ့်သူ အဖြစ် မျှော်လင့်ထားကြပါတယ်။ 

ဒါပေမယ့်လည်း ကစားသမားဟောင်းတွေ ဖြစ်ကြတဲ့ ကာရေဂါနဲ့ ကိန်း တို့ကတော့ ဆလိုဗေးနီးယား တိုက်စစ်မှူး အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ချက်ချင်း ခြေစွမ်းပြနိုင်မှာ မဟုတ်ကြောင်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဒီနှစ်ယောက်က ဘောလုံး အစီအစဉ် တစ်ခုရဲ့ ‘ဆက်စ်ကိုက ယူနိုက်တက် အတွက် အောင်မြင်မလား။ ကျရှုံးမလား’ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သုံးသပ်ခဲ့ကြရာ မှာတော့ အင်္ဂလန် ကစားသမားဟောင်း ဂျေးလ် စကော့တ်က “ကျွန်မ ကတော့ သိပ်မသေချာဘူး လို့ပဲ ပြောချင်တယ်။ ဒါပေမယ့် ဒါက သူ့တစ်ယောက်ထဲ အပေါ်မှာ မူတည်တာ မဟုတ်ပဲ သူရောက်သွားတဲ့ အသင်းရဲ့ အခြေအနေကြောင့်လည်း ပါမယ် ထင်တယ်။ ယူနိုက်တက် ပရိသတ်တွေ အနေနဲ့ သူ့အပေါ် စိတ်ရှည်သည်းခံပေးဖို့ လိုအပ်ပါတယ်။” လို့ ဆိုပါတယ်။

ဆက်စ်ကိုဟာ လက်ရှိမှာ ယူနိုက်တက် အတွက် ပွဲချိန် ၂၆ မိနစ်သာ ပါဝင်ကစားရသေးပြီး အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ဖြစ်ပါတယ်။
ဆက်စ်ကို အနေနဲ့ ယူနိုက်တက်မှာ ရုန်းကန်ရမယ်လို့ သုံးသပ်နေကြတဲ့ ကာရေဂါနဲ့ ရွိုင်းကိန်း

စကော့တ်ရဲ့ ပြောစကား ကိုတော့ ယူနိုက်တက် ဂန္ထဝင်ကစားသမား ရွိင်းကိန်းက ချက်ချင်းပဲ ထောက်ခံခဲ့ပြီး ကာရေဂါ ကလည်း သူ့ အနေနဲ့ ဆက်စ်ကို ချက်ချင်း ခြေစွမ်းပြနိုင်မယ် ဆိုတာ သိပ်မသေချာဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကာရေဂါက “ကျွန်တော်လည်း သိပ်တော့ မသေချာပါဘူး။ သူက ဟွိုက်ဂျ်လန်း ထက်တော့ ပိုကောင်းမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်လို အသင်းမှာ ဆိုရင် အာရုံစိုက်ခံရမှုက အရမ်းပဲ များပါတယ်။ ကလပ် အသင်းရဲ့ ကြီးမားမှုနဲ့ သမိုင်းကြောင်း ဖိအားတွေကြောင့် လူငယ် ကစားသမားကောင်းတွေ အများကြီး ကျရှုံးခဲ့ကြရပါတယ်။ ကျွန်တော်တို့ ပြောခဲ့ကြသလိုပါပဲ သူတို့ ဒီရာသီမှာ အဆင့် ၇ လောက်နဲ့ ရာသီသိမ်းဦးမှာပါ။ ကျွန်တော် ဆိုလိုတာက သူတို့ ရှုံးပွဲတွေ အများကြီးနဲ့ ဆက်လက် ရင်ဆိုင်ရဦးမှာပါ။” ကာရေဂါက ပြင်းပြင်းထန်ထန် သုံးသပ်သွားခဲ့ပါတယ်။

ယူနိုက်တက် ပရိသတ်တွေ ကတော့ အသက် ၂၂ နှစ် အရွယ် ဆက်စ်ကိုဟာ အနာဂတ်မှာ အခုထက် ပိုပြီး ထွန်းတောက်လာမယ့် အရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦး အဖြစ် သတ်မှတ်ထားကြပါတယ်။ တချို့ ကလည်း ဆက်စ်ကိုဟာ သူ့ရဲ့ ကစားပုံကြောင့် ပရီးမီးယားလိဂ်မှာ အောင်မြင်နိုင်မှာ မဟုတ်ကြောင်း သုံးသပ်သူတွေလည်း ရှိနေပါတယ်။ တကယ်တော့ ဆက်စ်ကို အနေနဲ့ သူ့ရဲ့ ကစားသမားဘဝ တက်ရိပ်ပြနေချိန်မှာ အသင်းကို ပြန်လည် တည်ဆောက်နေရဆဲ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာက မှန်ကန်ရဲ့လား ဆိုတာ စဉ်းစားစရာတော့ ရှိပါတယ်။ အခုတော့ ဆက်စ်ကိုက သူ့ရဲ့ ကစားသမား ဘဝ အတွက် ယူနိုက်တက်နဲ့ အတူ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာ ပွဲချိန်ခဏသာ ဝင်ရောက် ကစားခွင့် ရခဲ့တဲ့ ဆက်စ်ကို အနေနဲ့ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် မှာတော့ နည်းပြ အမော်ရင်ရဲ့ ပထမလူစာရင်းမှာ ရွေးချယ်ခံရဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်