မိုက်ကယ် ကာရစ် ကတော့ မန်ချက်စတာယူနိုက်တက်ရဲ့ ယာယီ နည်းပြ အဖြစ် ဒုတိယအကြိမ်မြောက် တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ပွဲဦးထွက် အဖြစ် မန်ချက်စတာဒါဘီမှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ယူနိုက်တက်က ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီမှာ ခါးသီး ပြိုင်ဘက်ကို ၂-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး နည်းပြ မိုက်ကယ် ကာရစ် ကလည်း ချီးကျူးမှုတွေ ခံနေရပါတယ်။
ဒီလို ချီးကျူးနေသူတွေထဲမှာ တိုက်စစ် ကစားသမား မားသီးယက်စ် ကူညာလည်း ပါဝင်ပြီး ကာရစ်ဟာ အောင်ပွဲကို ဘယ်လိုရအောင် ယူရမလဲ ဆိုတာ သိရှိသူ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မန်ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်းဟာ သရဲနီ မန်နေဂျာ အဖြစ် ၄ ပွဲ ကိုင်တွယ်ထားရာမှာ ရှုံးပွဲ လုံးဝ မရှိသေးသူလည်း ဖြစ်ပါတယ်။ (၄ ပွဲနိုင်၊ ၃ ပွဲသရေ)
ယူနိုက်တက်ဟာ မန်စီးတီးကို အနိုင်ရခဲ့တာကြောင့် ၄ ပွဲ ဆက်တိုက် အနိုင်မရမှု ကိုလည်း အဆုံးသတ်ထားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ နည်းပြဟောင်း ရူဘင် အမော်ရင် လက်ထက် ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲမှာ သရေကျခဲ့ပြီး ယာယီ နည်းပြ ဒါရင်း ဖလက်ချာ လက်ထက်မှာ ဘန်လေနဲ့ သရေကျကာ အက်ဖ်အေဖလား တတိယအဆင့် မှာတော့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
မိုက်ကယ် ကာရစ်ဟာ ယူနိုက်တက် ကစားသမားဘဝ ၁၂ နှစ်တာ ကာလ အတွင်း အဓိက ဆုဖလား ၁၂ လုံး ရရှိခဲ့ပြီး နည်းပြ ဘဝ မှာလည်း ယူနိုက်တက်ရဲ့ အဆင့်အတန်းကို ပြန်လည် မြှင့်တင်ပေးနိုင်မယ့်သူ အဖြစ် ကူညာ အပါအဝင် ယူနိုက်တက် ပရိသတ် တော်တော်များများရဲ့ မျှော်လင့်ခြင်း ခံနေရပြီ ဖြစ်ပါတယ်။

ကူညာက Globoesporte နဲ့ အင်တာဗျူးမှာ ကျွန်တော်တို့ ကာရစ် အကြောင်းကို သိဖို့ ကြိုးပမ်းနေဆဲပါ။ သူက ယူနိုက်တက်မှာတင် မကဘဲ ပရီးမီးယားလိဂ် မှာပါ အလွန် လေးစားခံရတဲ့ ကစားသမား တစ်ဦးပါ။ သူက သူ့ရဲ့ သမိုင်းကို အကောင်းဆုံး အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ဒီမှာ ရေးထိုးခဲ့ပြီး ကလပ်နဲ့ ထိုက်တန်တဲ့ အောင်ပွဲ စိတ်ဓာတ်ကို ယူဆောင်လာခဲ့ပါတယ်။ အောင်ပွဲ ရမယ့် လမ်းကြောင်း ကိုလည်း သူသိပါတယ်။
“အခြေအနေ တစ်ခုလုံးကို ထည့်သွင်း စဉ်းစားရင် ယူနိုက်တက်ကို ရောက်ပြီး ကတည်းက ဒါဘီ အောင်ပွဲက အရေးအကြီးဆုံးလို့ ကျွန်တော် ထင်ပါတယ်။ ပွဲရဲ့ ဖိအားနဲ့ ပြိုင်ဘက်ရဲ့ အရည်အသွေးကို ကျွန်တော်တို့ သိပါတယ်။ ဒါက အင်္ဂလန်မှာ အခက်ခဲဆုံး ပွဲတွေထဲက တစ်ပွဲပါ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်လို ကြီးမားတဲ့ ကလပ် တစ်ခုကို ကိုယ်စားပြုပြီး ကွင်းထဲကို ဝင်တဲ့အခါ အထူးသဖြင့် ဒီလို ရက်တွေမှာ အကောင်းဆုံး ပေးဆပ်ရပါမယ်။”
“တောင်းဆိုမှုတွေ များပါတယ်၊ ကျွန်တော်တို့လည်း အဲဒီအတိုင်း လိုက်လျောညီထွေ ဖြစ်အောင် လုပ်ရမယ်။ ဖန်တီးမှု တစ်ကြိမ်နဲ့ ကူညီပေးနိုင်ခဲ့လို့ ဝမ်းသာပါတယ်၊ ဒါပေမယ့် ၃ မှတ် ရလို့ ပိုပျော်ပါတယ်။ ဒါက ကျွန်တော်တို့ အသင်းရဲ့ စက်ဝန်း တစ်ခုရဲ့ အစပဲ ဖြစ်ပါစေ။”
ယူနိုက်တက် ကတော့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ပဉ္စမနေရာမှာ ရှိနေပြီး အဆင့် ၄ နေရာက လစ်ဗာပူးလ်နဲ့လည်း ၁ မှတ်သာ ကွာဟနေပါတယ်။ Opta စူပါကွန်ပျူတာ ကတော့ သရဲနီတွေဟာ ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ ၂.၄ ရာခိုင်နှုန်းသာ အခွင့်အရေး ပေးထားပေမယ့် ကူညာ ကတော့ အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ရည်မှန်းချက် အောင်မြင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ကူညာက “အခုဆိုရင် ရာသီကုန်အထိ ပရီးမီးယားလိဂ်ပဲ ကစားရမှာ ဖြစ်ပြီး ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ်ကို ပြန်ရောက်ဖို့ပါပဲ။ ဒါက ကျွန်တော်တို့ အပေါ်မှာပဲ မူတည်ပါတယ်၊။ ကျွန်တော်တို့ အကောင်းဆုံး ပေးဆပ်သွားမှာပါ။” လို့ ထပ်လောင်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


