နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဇာဗီ ဆိုင်မွန်စ်နဲ့ ဂျရဲလ် ဟာတိုတို့ နှစ်ဦးစလုံးကို ခေါ်ယူနိုင်တော့မယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ်

ချဲလ်ဆီး ကတော့ လိုက်ပ်ဇစ် တိုက်စစ် ကစားသမား ဇာဗီ ဆိုင်မွန်စ်နဲ့ အေဂျက်စ် နောက်ခံလူ ဂျရဲလ် ဟာတိုတို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ်က ကစားသမား နှစ်ဦးစလုံးရဲ့ အပြောင်းအရွှေ့တွေ အတွက် အပြီးသတ် သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီ ဖြစ်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ချဲလ်ဆီးဟာ လာမယ့်ရာသီ အတွက် အသင်းကို အင်အား ဖြည့်တင်းဖို့ ကစားသမားသစ်တွေ ခေါ်ယူထားပြီး ဖြစ်သလို အခုလည်း ဥရောပရဲ့ အလားအလာအရှိဆုံး လူငယ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ဇာဗီ ဆိုင်မွန်စ်နဲ့ ဂျော်ရယ် ဟာတို တို့ကို ဒီတစ်ပတ် အတွင်း အပြီးသတ် ခေါ်ယူနိုင်ဖို့ စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ သတင်းတွေအရ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ်က ကစားသမား နှစ်ဦးစလုံးနဲ့ ရေရှည်စာချုပ်တွေ အတွက် တစ်ဦးချင်း သဘောတူညီမှုတွေ ရရှိထားပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေ မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး တို့က ကစားသမား နှစ်ဦးစလုံးနဲ့ လက်မှတ် ရေးထိုးဖို့သာ ကျန်ရှိနေတော့ကြောင်း ဖော်ပြထားပါတယ်။
ထိပ်တန်းအဆင့် ကစားသမား ၃ ဦး ခေါ်ယူထားပြီး ဖြစ်တဲ့ ချဲလ်ဆီး

လက်ရှိမှာ ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေး အတွက် သက်ဆိုင်ရာ ကလပ်တွေနဲ့လည်း အပြီးသတ် ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိပြီး အခြေအနေလည်း ကောင်းနေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးက နယ်သာလန် လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမား ဇာဗီ ဆိုင်မွန်စ် အတွက် ချဲလ်ဆီးက ယူရို ၅၅ သန်း ကနေ ယူရို သန်း ၆၀ ကြား ရှိတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ် အတွက် ယူရို သန်း ၇၀ အထိ အလိုရှိနေတာကြောင့် ချဲလ်ဆီးက လာမယ့် ရက်ပိုင်း အတွင်း ကမ်းလှမ်းမှုတွေ ထပ်မံ တိုးမြှင့်သွားဖွယ်လည်း ရှိနေပါတယ်။

အေဂျက်စ်ရဲ့ အသက်ငယ်ဆုံး အသင်းခေါင်းဆောင် အဖြစ် စံချိန် တင်ထားတဲ့ နောက်ခံလူ ဂျရဲလ်  ဟာတို အတွက် ကိုတော့ ချဲလ်ဆီးက အေဂျက်စ်နဲ့ သဘောတူညီမှု ရဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ယူရို ၄၈ သန်း ဝန်းကျင်နဲ့ ညှိနှိုင်းဆွေးနွေးနေပေမယ့် ချဲလ်ဆီးက ကနဦး ပြောင်းရွှေ့ကြေးကို ပမာဏ ပိုမို ပေးချေပြီး ယူရို ၄၂ သန်း ဝန်းကျင်နဲ့ သဘောတူညီမှု ရဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေ မှာတော့ ပရီးမီးယားလိဂ် ထိပ်သီး တို့က ကစားသမား နှစ်ဦးစလုံးနဲ့ လက်မှတ် ရေးထိုးဖို့သာ ကျန်ရှိနေတော့ကြောင်း ဖော်ပြထားပါတယ်။

ပီအက်စ်ဂျီ ကနေ အငှားနဲ့ လာကစားတဲ့ ဇာဗီ ဆိုင်မွန်စ်ဟာ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးပြီး လိုက်ပ်ဇစ်က ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ကနဦး ယူရို သန်း ၅၀+ အပိုဆုကြေး ယူရို သန်း ၃၀ နဲ့ အပြီးသတ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လိုက်ပ်ဇစ် အနေနဲ့ ဆိုင်မွန်စ် အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ ဝန်းကျင် ရမှ ရောင်းထုတ်ဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက မန်ချက်စတာယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချို၊ အက်စတွန်ဗီလာက မော်ဂန် ရော်ဂျာစ်၊ ရီးရဲလ်မက်ဒရစ်က ရိုဒရီဂို၊ အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နန် တိုနဲ့လည်း သတင်းတွေ ထွက်နေပါတယ်။ဖီဖာ ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ ချဲလ်ဆီး ကတော့ ဒီနွေရာသီမှာ ယာအို ပက်ဒရို၊ လီယမ် ဒီလက်ပ်၊ ဂျင်မီ ဂစ်တန်စ် တို့လို ကစားသမားကောင်းတွေ ခေါ်ယူ အားဖြည့်ထားခဲ့ပါတယ်။ လက်ရှိ လူစာရင်း အရ ချဲလ်ဆီးဟာ တော်တော်လေး အင်အားတောင့်တင်းနေပေမယ့်လည်း ထိပ်တန်းအဆင့် ရှိတဲ့ ကစားသမားတွေကို ဆက်လက် ခေါ်ယူသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်