ဆဲလ်ဟတ်စ်ပါ့ခ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ချဲလ်ဆီးက အိမ်ရှင် ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပဲလေ့စ် အတွက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ခြင်း မရှိခဲ့သလို နည်းပြ အိုလီဗာ ဂလက်စ်နာ အတွက်တော့ နောက်ထပ် စိတ်ပျက်စရာ နေ့တစ်နေ့ ဖြစ်ခဲ့ရပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲစကတည်းက ချဲလ်ဆီးအသင်းက အသာစီးကစားခဲ့ပြီး ၁၀ ယောက်တည်း ကျန်ခဲ့တဲ့ ပဲလေ့စ်ကို ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် ဂိုးတွေကို အက်စ်တီဗာအို၊ ယာအို ပက်ဒရိုနဲ့ အန်ဇို ဖာနန်ဒက်စ် တို့က သွင်းယူပေးခဲ့ကြပါတယ်။ ပဲလေ့စ် ဘက်ကတော့ အဒမ် ဝှာတန် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပြီး ပွဲပြီးခါနီးမှ ခရစ် ရစ်ချက်က ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပထမပိုင်းမှာ ပဲလေ့စ် တိုက်စစ်မှူး ဂျင်းန် ဖိလစ် မက်တေးတားရဲ့ တစ်ဦးချင်း အပိုင်ကန်ချက်ကို ချဲလ်ဆီး ဂိုးသမား ဆန်းချက်ဇ် ကာကွယ်နိုင်ခဲ့သလို၊ အန်ဇိုနဲ့ ကိုင်စီဒို တို့လည်း အခွင့်အရေး တချို့ ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၄ မိနစ်မှာ ပဲလေ့စ် နောက်ခံလူ ကန်ဗော့တ်ရဲ့ ဂိုးသမားဆီ ပြန်ပေးတဲ့ အမှားကို အခွင့်ကောင်းယူပြီး အက်စ်တီဗာအိုက ချဲလ်ဆီး အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်း စပြီး ၅ မိနစ် အကြာမှာပဲ အက်စ်တီဗာအိုရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ယာအို ပက်ဒရိုက ပဲလေ့စ် ဂိုးသမားကို ကျော်ဖြတ်ပြီး ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက် ကန်ဗော့ လက်ထိတာကြောင့် ရရှိလာတဲ့ ပင်နယ်တီကို အန်ဇိုက အမှားအယွင်း မရှိ ကန်သွင်းပြီး တတိယဂိုး ရယူခဲ့ပါတယ်။ ပွဲပြီးခါနီး ပဲလေ့စ် ကွင်းလယ်လူ အဒမ် ဝှာတန် အနေနဲ့ ကိုင်စီဒိုကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တာကြောင့် နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ရစ်ချက်စ်က ပဲလေ့စ် အတွက် ချေပဂိုး တစ်ဂိုး သွင်းပေးခဲ့ပေမယ့် ၁၁ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ ပဲလေ့စ် အတွက်တော့ အရာမထင်ခဲ့ပါဘူး။
ပွဲပြီးအချက်အလက်များ
အသက် ၁၈ နှစ်နဲ့ ၂၇၆ ရက် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ် ကြယ်ပွင့်လေး အက်စတီဗာအိုဟာ ပွဲစဉ် တစ်ပွဲ အတွင်း ဂိုးသွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ ၁၉၉၃ ခုနှစ်က နေးလ် ရှစ်ပါလေး နောက်ပိုင်း ချဲလ်ဆီး သမိုင်းမှာ ဒီလို စွမ်းဆောင်နိုင်တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
ယာအို ပက်ဒရို ကတော့ ၂၀၂၅ ဇူလိုင်လမှာ ချဲလ်ဆီးကို ရောက်ရှိလာပြီး နောက်ပိုင်း ၁၂ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီး (စုစုပေါင်း ဂိုးပါဝင် ပတ်သတ်မှု ၁၆ ကြိမ်) ပြုလုပ်ထားပြီး အသင်းရဲ့ အားထားရဆုံး တိုက်စစ်မှူး ဖြစ်နေပါတယ်။
ပဲလေ့စ် ကတော့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် တစ်ပွဲတည်းမှာတင် ပင်နယ်တီပေးရခြင်း၊ အနီကတ် ပြခံရခြင်းနဲ့ ၃ ဂိုးနဲ့ အထက် အသွင်းခံရခြင်း တို့ကို ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပြီး အဆင့် ၄ နေရာက ယူနိုက်တက်နဲ့ ၁ မှတ်သာ ကွာဟနေပါတယ်။ ချဲလ်ဆီးဟာ လာမယ့် တပတ်မှာ ဝက်စ်ဟမ်းနဲ့ ကစားရမှာ ဖြစ်ပြီး အဲဒီပွဲ မတိုင်ခင်မှာတော့ နာပိုလီနဲ့ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်ပါတယ်။ ပဲလေ့စ် ကတော့ ဒီရှုံးပွဲနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၅ နေရာအထိ ကျဆင်းသွားခဲ့ပြီး လာမယ့် ပွဲစဉ် မှာတော့ ဖောရက်စ်နဲ့ ကစားရမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


