နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီနွေရာသီမှာ ကစားသမား ၁၅ ဦး အထိ ရှင်းထုတ်ဦးမယ့် ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ ဒီနွေရာသီမှာ ကစားသမား ၉ ဦး ရောင်းထုတ်ထားပြီး ဖြစ်ပေမယ့် နောက်ထပ် ကစားသမားတွေ ထပ်မံ ရောင်းထုတ်ဖို့ စီစဉ်နေဆဲ ဖြစ်ကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ အားရစရာ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ထားနိုင်သလို တစ်ဖက် မှာလည်း အသင်း အတွက် မလိုအပ်တော့တဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ချဲလ်ဆီး အနေနဲ့ ကစားသမား အဝင် အနေနဲ့ အက်ဆူဂို၊ လီယမ် ဒီလက်ပ်၊ မာမာဒူ ဆား၊ ယာအို ပက်ဒရို၊ ကန်ဒရီ ပေ့ဇ်၊ ဂျေမီ ဂစ်တန်စ် တို့ကို ခေါ်ယူထားပြီး ပေါင်သန်း ၁၈၀ နီးပါး အသုံးပြုထားပြီး ဖြစ်ပါတယ်။ ကစားသမား အထွက် အနေနဲ့ ကတော့ ပီထရိုဗစ်၊ နိုနီ မာဒူခေး၊ ယာအို ဖီးလစ်၊ ကီပါ အရစ်ဇာဘလာဂါတို့ အပါအဝင် လူငယ် ကစားသမား တော်တော်များများ ရှိထားပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက လောလောဆယ် ရောင်းထုတ်ဖို့ စီစဉ်ထားတဲ့ ကစားသမားက ၁၅ ဦး အထိ ရှိနေပြီးတော့ ခရစ္စတိုဖာ အန်ကွန်ကူ၊ ရာဟင်းမ် စတာလင်၊ နီကိုးလက်စ် ဂျက်ဆန်၊ ဘင်ချေးဝဲလ် တို့ ပါဝင်နေကြောင်း သိရပါတယ်။

ချဲလ်ဆီးဟာ လက်ရှိအချိန်မှာ ကစားသမားသစ် ၈ ဦး ခေါ်ယူထားပြီးသည့် တိုင်အောင် နောက်ထပ် ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ရှိနေသေးတာကြောင့် ကစားသမားတွေ ထပ်ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးက မနေ့က တစ်ရက်ထဲ မှာတင် ပိုင်ရှင်တူ ကလပ် ဖြစ်တဲ့ လီဂူးဝမ်းက စထရက်ဘော့ဂ်ကို နောကခံလူ မာမာဒူ ဆား၊ ကွင်းလယ်လူ ကန်ဒရီ ပေ့ဇ်နဲ့ ဂိုးသမား ပန်ဒါစ် တို့ကို တစ်ရာသီ အငှားချထားခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ လိုက်ပ်ဇစ် ကြယ်ပွင့် အတွက် ကစားသမား ၄ ဦး အထိ အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
ဇာဗီ ဆိုင်မွန်စ် အတွက် ကစားသမား ၄ ဦး အလိုက်ပေး ကမ်းလှမ်းမယ့် ချဲလ်ဆီး

ချဲလ်ဆီးက ဈေးကွက် မပိတ်မချင်း ကစားသမား အပြောင်းအလဲတွေ ဆက်လက် လုပ်ဆောင်ဖွယ် ရှိနေပြီး အဓိက ကတော့ လိုက်ပ်ဇစ်က ဇာဗီ ဆိုင်မွန်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။ ပရီးမီးယားလိဂ် ကလပ်ဟာ လိုက်ပ်ဇစ် ကြယ်ပွင့် အတွက် ကစားသမား ၄ ဦး အထိ အလိုက်ပေး ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ကစားသမား ကိုယ်တိုင် ကတော့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် မကြာခင်မှာ အထမြောက်နိုင်ချေ ရှိတဲ့ အပြောင်းအရွှေ့လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကလပ် ကမ္ဘာ့ဖလား ချန်ပီယံ တို့က အေဂျက်စ်က နယ်သာလန် နောက်ခံလူ ဂျရဲယ်လ် ဟာတိုကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ + အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလည်း ဖြစ်ပါတယ်။ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ ဗဟိုခံစစ်ရော ဘယ်ခြမ်းခံစစ် မှာပါ ကစားနိုင်တဲ့ ဟာတိုက ချဲလ်ဆီးနဲ့ ၇ နှစ် စာချုပ် ချုပ်ဆိုသွားဖို့ ရှိနေပါတယ်။ 

နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ ချဲလ်ဆီးက မန်ချက်စတာယူနိုက်တက်က အာဂျင်တီးနား တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူချင်နေပြီး ကစားသမား ကလည်း ချဲလ်ဆီးကို ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။ ဂါနာချိုဟာ ယူနိုက်တက်ဟာ အနာဂတ် လုံးဝ ပျောက်ဆုံးသွားပြီ ဖြစ်တာကြောင့် အသင်းသစ် တစ်သင်းသစ် တစ်သင်းကို ပြောင်း‌ရွှေ့ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်တလောမှာ ဂါနာချိုကို ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာ အပြင် စီးရီးအေ ကလပ် နာပိုလီ ကလည်း စိတ်ဝင်စားနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်