ဇူလိုင်လ ၂၉ ရက်နေ့ အတွက် ရရှိထားသမျှ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး ကတော့ အက်စတွန်ဗီလာ ကွင်းလယ် ကစားသမား မော်ဂန် ရော်ဂျာစ်ကို ခေါ်ယူဖို့ အတွက် နီကိုးလပ်စ် ဂျက်ဆန်၊ တိုဆင် အဒါရာဘိုင်အိုယို တို့နဲ့ အလဲအလှယ်လုပ်ဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ မော်ဂန် ရော်ဂျာစ်ကို ကစားသမား နှစ်ဦးနဲ့ အတူ ပြောင်းရွှေ့ကြေး တစ်ရပ် အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ စပို့တင်း ကွင်းလယ် ကစားသမား မော်တန် ဂျူးလ်မန်းကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ Calciomercato က ဖော်ပြခဲ့ပါတယ်။ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၈၀ (ပေါင် သန်း ၇၀) ရှိနေပေမယ့်လည်း စပို့တင်း ဘက်ကတော့ ယူရို သန်း ၅၀ (ပေါင် ၄၃.၇ သန်း) နဲ့ လက်လွှတ်ပေးသွားဖို့ ရှိနေပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ တို့ကတော့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဇန္တား အိဆက်ကို ၅ နှစ် စာချုပ်ချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း Sky Sports Switzerland က ဖော်ပြခဲ့ပါတယ်။ နယူးကာဆယ် ကတော့ အိဆက်ခ် အတွက် ပေါင် သန်း ၁၂၀ ရရှိဖို့ မျှော်လင့်ထားပေမယ့်လည်း လစ်ဗာပူးလ် ကတော့ ပေါင် သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
တချိန်တည်းမှာပဲ The i Paper ရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က ပေါင် ၆၅ သန်း တန်ကြေး ရှိတဲ့ နီကိုးလက်စ် ဂျက်ဆန်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ချဲ့လ်ဆီးနဲ့ ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ အဲလ်အေအက်ဖ်စီထံ ဆွန်ဟောင်မင်ကို လက်လွှတ်လိုက်ရမယ် ဆိုရင် ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂိုကို ပစ်မှတ်ထားသွားမယ်လို့ TBR Football က ဖော်ပြခဲ့ပါတယ်။ လက်ရှိမှာ ဘရာဇီးလ် လက်ရွေးစင်က အပြောင်းအရွှေ့ လုပ်ဆောင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။
အာဆင်နယ် အနေနဲ့ အသက် ၁၅ နှစ် အရွယ် ကွင်းလယ် ကစားသမားလေး မက်စ် ဒိုးမန်းကို ရီးရဲလ်မက်ဒရစ်ထံ လက်လွှတ်ပေးလိုက်ရဖွယ်ရှိနေကြောင်း Fichajes က ဖော်ပြခဲ့ပါတယ်။ ဆယ်ကျော်သက် ကစားသမားလေး ကတော့ ရာသီကြို ခြေစမ်းပွဲမှာ အာဆင်နယ် အတွက် အထင်ကြီးလောက်စရာ ခြေစွမ်းကောင်းတွေ ပြသနေသူ ဖြစ်ပါတယ်။
ဆဲလ်တစ်နဲ့ စထရက်ဘော့ဂ် ကတော့ မန်ချက်စတာစီးတီး နောက်ခံလူ ဂျာမိုင်း ဆင်ပ်ဆန် ပူဆီကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြောင်း Football Insider က ဖော်ပြပါတယ်။ အသက် ၁၉ နှစ် အရွယ် ကစားသမား ကိုတော့ အငှား သို့မဟုတ် အပြီးသတ်နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေကြပါတယ်။
Foot Mercato ရဲ့ ဖော်ပြချက်အရ ဇာဗီ ဆိုင်မွန်စ် အနေနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ နီးစပ်နေချိန်မှာ လိုက်ပ်ဇစ်က လက်စတာစီးတီး ကွင်းလယ်လူ ဘီလယ် အဲလ် ခန်နော့စ်ကို စောင့်ကြည့်နေကြောင်း သိရပါတယ်။ TBR Football ကတော့ အဲလ်ခန်နော့စ်ကို နယူးကာဆယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဘာစီလိုနာ ကတော့ လေဗာကူဆင် ဘယ်နောက်ခံလူ အလက်ဟန်ဒရို ဂရီမဲလ်ဒိုကို ခေါ်ယူချင်နေပေမယ့် အင်နာကီ ပီနာ၊ ရိုမီယူ၊ ခရစ္စတန်ဆန်တို့ ထွက်ခွာမှသာ သဘောတူညီမှု ရရှိနိုင်မယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.