အဲဗာတန် – ချဲလ်ဆီး
ပြိုင်ပွဲစုံ ၄ ပွဲဆက် ရှုံးနိမ့်မှုကို ရှောင်လွှဲဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီး ကတော့ အခုတပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန်ကို Hill Dickinson မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ လက စတန်းဖို့ဒ်ဘရစ်ချ်မှာ အဲဗာတန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အခုပွဲမှာသာ ထပ်နိုင်ခဲ့ရင် ချဲလ်ဆီး အနေနဲ့ ၂၀၁၆-၁၇ ရာသီနောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အဲဗာတန်ကို တစ်ရာသီအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရတဲ့ မှတ်တမ်းကို ရယူနိုင်မှာ ဖြစ်ပါတယ်။
အဲဗာတန်
အဲဗာတန်ဟာ နယူးကာဆယ်နဲ့ ဘန်လေ တို့ကို ဆက်တိုက် အနိုင်ယူပြီးနောက် ပြီးခဲ့တဲ့ တပတ်က ပရီးမီးယားလိဂ် ဇယားထိပ်က အာဆင်နယ်ကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိမှာ အဲဗာတန်ဟာ အဆင့် ၈ နေရာမှာ ရှိနေပြီး အဆင့် ၇ က ဘရန့်ဖို့ဒ်နဲ့ ၂ မှတ်သာ ကွာဟပါတယ်။ နောက်ဆုံး ၁၀ ပွဲ ရလဒ်ဇယားမှာ အဆင့် ၆ နေရာ အထိ ချိတ်ထားတဲ့ အဲဗာတန်ဟာ ဒီရာသီမှာ အဝေးကွင်း မှတ်တမ်းက ပိုကောင်းနေပြီး အိမ်ကွင်း (၁၉ မှတ်) ထက် အဝေးကွင်း (၂၄ မှတ်) မှာ ရမှတ် ပိုရထားပါတယ်။ သူတို့ဟာ အိမ်ကွင်း နောက်ဆုံး ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားတာပါ။ အဲဗာတန်ဟာ သူတို့ရဲ့ ကွင်းသစ်မှာ ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရဖို့ မျှော်လင့်နေပြီး အိမ်ကွင်းမှာ ၂ ပွဲဆက် နိုင်ပွဲ မရခဲ့တာဟာ ၂၀၁၄-၁၅ ရာသီနောက်ပိုင်း သူတို့အတွက် အကြာဆုံး မှတ်တမ်း တစ်ခု ဖြစ်နေပါတယ်။
ချဲလ်ဆီး
ချဲလ်ဆီးက အိမ်ကွင်းမှာ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့သလို၊ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် မှာလည်း လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်း ၈-၂ နဲ့ အပြတ်အသတ် ရှုံးထားပါတယ်။ လက်ရှိမှာ အသင်း နည်းပြ လီယမ် ရိုစီနီယာ အတွက်လည်း ဖိအားတွေ ပိုများပြားလာနေပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၄ ပွဲသာ အနိုင်ရရှိထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာလည်း ၁ ပွဲသာ နိုင်ထားပါတယ်။ ဒါကြောင့် သူတို့ဟာ အမှတ်ပေးဇယား အဆင့် ၆ နေရာ အထိ ရောက်သွားခဲ့ပေမယ့် ရာသီကုန်ဖို့ ၈ ပွဲအလိုမှာ အဆင့် ၄ နေရာက အသင်းနဲ့ ၃ မှတ်သာ ကွာဟတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်တော့ ရှိနေဆဲပါ။ အနောက် လန်ဒန် ကလပ် ချဲလ်ဆီး အတွက် ခံစစ်ပိုင်း အားနည်းချက်က အဓိက ပြဿနာ ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်မှာ ၈ ပွဲ ဆက်တိုက် ဂိုးတွေ ပေးနေရပြီး စုစုပေါင်း ၁၁ ဂိုးအထိ ပေးထားရပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးဟာ အဝေးကွင်း မှတ်တမ်း ဒုတိယ အကောင်းဆုံး အသင်း (၇ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၄ ပွဲရှုံး) အဖြစ် ရပ်တည်နေပါတယ်။
နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ အဲဗာတန် ဘက်က တာကောစကီး၊ ဘရန့်ဝိတ်သ်တို့ ပါဝင်ကစားဖို့ မသေချာသေးပဲ အဲလ်ကာရက်ဇ်၊ ဂရီးလစ်ရှ်နဲ့ တိုင်ရစ် ဂျော့ဂျ်တို့ လွဲချော်မှာပါ။ ချဲလ်ဆီး ဘက်မှာတော့ ဘာဒီယာရှီးလ် ပါဝင် ကစားဖို့ မသေချာသေးပဲ ဂစ်တန်စ်၊ ဂျော်ဂျန်ဆန်၊ ကိုးလ်ဝဲလ်၊ ဂျိမ်းစ်၊ ချာလိုဘာ့ တို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ အိုဘရွိုင်ယန်၊ ကိန်း၊ တာကောစကီး၊ မိုင်ကိုလန်ကို၊ ဂါနာ၊ ဂူရီ၊ အမ်းစတောင်း၊ ဒူးစ်ဘာရီဟောလ်၊ အန်ဒီယေး၊ ဘယ်ရီ
ချဲလ်ဆီး – ဆန်းချက်ဇ်၊ အာချင်မ်ပေါင်၊ ဆား၊ ဖိုဖာနာ၊ ကူကာရယ်လာ၊ ကိုင်စီဒို၊ ဆန်းတို့စ်၊ ပါးလ်မား၊ ဖာနန်ဒက်ဇ်၊ ဂါနာချို၊ ပက်ဒရို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
အဲဗာတန် အတွက် အားတက်စရာ ကတော့ ချဲလ်ဆီးနဲ့ အိမ်ကွင်း နောက်ဆုံး တွေ့ခဲ့တဲ့ ၈ ပွဲမှာ ၁ ပွဲသာ ရှုံးခဲ့တာပါ။ ဒါပေမယ့် ချဲလ်ဆီးနဲ့ နောက်ဆုံး တွေ့တဲ့ ၁၉ ပွဲမှာ ၁၂ ပွဲအထိ ဂိုးမသွင်းနိုင်ခဲ့ဘဲ နောက်ဆုံး ၄ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေပါတယ်။ ဒါဟာ ပရီးမီးယားလိဂ်မှာ ယူနိုက်တက် (၂၉ ပွဲ) ကလွဲရင် ချဲလ်ဆီး (၂၈ ပွဲ) က အဲဗာတန်ကို ဂိုးမသွင်းနိုင်အောင် အများဆုံး တားဆီးထားနိုင်တဲ့ အသင်းလည်း ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အဲဗာတန် နိုင်ရင် ၃.၀၄ ဆ၊ အဲဗာတန် နိုင်ရင် ၂.၁၇ ဆ၊ သရေ ဆိုရင်တော့ ၃.၁၉ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာ ဒီပွဲ အတွက် ဒဲ့ကြေးနဲ့ နှစ်ဖက်စလုံးက ကြေးဖွင့်ပေးထားပါတယ်။ အဲဗာတန်နဲ့ ချဲလ်ဆီးတို့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၁ ပွဲမှာ ၉ ပွဲ အထိဟာ သွင်းဂိုး ၂ ဂိုးထက် မပိုခဲ့ပါဘူး။ ဒါကြောင့် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ လက်ရှိ အခြေအနေတွေ အရ ချဲလ်ဆီးတို့ အဲဗာတန်ရဲ့ ကွင်းကနေ သရေတစ်မှတ် ခွဲယူပြီး ပြန်ရနိုင်ခြေ ရှိနေပါတယ်။
ခန့်မှန်းရလဒ်
အဲဗာတန် ၁-၁ ချဲလ်ဆီး
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


