နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လာမယ့် ၃ နှစ် အတွင်း ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ဖလား ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ အမှုဆောင်အရာရှိချုပ် အိုမာ ဘာရာဒါ | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်ရဲ့ အမှုဆောင် အရာရှိချုပ် အိုမာ ဘာရာဒါ ကတော့ အသင်းဟာ လာမယ့် ၃ နှစ် အတွင်း ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်မယ်လို့ အခိုင်အမာ ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက ကလပ်ရဲ့ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် အတွက် ပရီးမီးယားလိဂ် ချန်ပီယံဆု ကိုင်မြှောက်နိုင်ဖို့ ‘Project 150’ ဆိုပြီး စီမံကိန်းချထားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် အဆင့် ၁၅ နေရာသာ ရရှိခဲ့တဲ့ ယူနိုက်တက်ဟာ ၁၉၇၃-၁၉၇၄ ရာသီတုန်းက တန်းဆင်းခဲ့ရပြီး နောက်ပိုင်း အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ ဆုဖလားနဲ့ လက်တစ်ကမ်း အကွာကို ရောက်ရှိခဲ့ပြီး လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက်လည်း အခွင့်အရေး ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့ပြီးနောက် ဆုဖလား လက်မဲ့ ရာသီ အဖြစ်နဲ့ အဆုံးသတ်ခဲ့ရသလို လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ မှာလည်း ပြည်တွင်း ပြိုင်ပွဲ ၃ ခု ကိုပဲ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၃၀ ရာခိုင်နှုန်းသာ ရခဲ့ပြီးတော့ ချန်ပီယံ လစ်ဗာပူးလ်နဲ့လည်း ၄၂ မှတ် အထိ စံချိန်တင် ကွာဟခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာရာဒါက ရည်မှန်းထားတဲ့ ပန်းတိုင် အတွက် လိုအပ်နေတဲ့ ပြင်ဆင်မှုတွေကို အမှန်တကယ် ပြုလုပ်နိုင်ရင် အောင်မြင်မှု ရရှိမယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ ဘာရာဒါက “အချိန်အတိုင်းအတာ တစ်ခု အတွင်း ပစ်မှတ်တွေကို ဆက်တိုက် တည်ဆောက်နေတာကြောင့် အဲဒီ ပန်းတိုင် အတွက် ကျွန်တော်တို့ ကြိုးစား အားထုတ်မှုနဲ့ ခွန်အားတွေကို အာရုံစိုက်နိုင်မှာပါ။” လို့ ဘာရာဒါက fanzine United We Stand ကို ပြောကြားခဲ့ပါတယ်။

နည်းပြ ရူဘင် အမော်ရင် ကတော့ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ဖလား ကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း မကြာသေးခင် ကတော့ ဒါဟာ လက်တွေ့မကျကြောင်း ဝန်ခံထားခဲ့ပါတယ်။
လာမယ့် ရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပစ်မှတ်ထားခဲ့ဖူးတဲ့ အမော်ရင်

ဆက်လက်ပြီး ဘာရာဒါက “အသင်း အနေနဲ့ ၂၀၂၈ ခုနှစ်မှာ ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးနိုင်မလား။ ဆိုတော့။ လုပ်နိုင်မှာပါ။ ကျွန်တော် တို့က အဆင့် ၁၅ နေရာနဲ့ ပြီးဆုံးခဲ့လို့ ဒါဟာ မဖြစ်နိုင်တဲ့ အလုပ် တစ်ခုလို့ ထင်ရပါလိမ့်မယ်။ ဒါပေမယ့် ဘာလို့ ရည်မှန်းချက်မထားရမှာလဲ။ ကျွန်တော် တို့ရဲ့ စွမ်းအားနဲ့ အရာအားလုံးကို မလုပ်နိုင်စရာ ဘာအကြောင်း ရှိမလဲ။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

နည်းပြ ရူဘင် အမော်ရင် ကတော့ လာမယ့် ရာသီမှာ ပရီးမီးယားလိဂ် ဖလား ကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း မကြာသေးခင် ကတော့ ဒါဟာ လက်တွေ့မကျကြောင်း ဝန်ခံထားခဲ့ပါတယ်။ “ကျွန်တော်တို့ အနေနဲ့ ယှဉ်ပြိုင်ဖို့ နှစ်ပေါင်းများစွာ လိုအပ်တယ်လို့ ကျွန်တော် မတွေးချင်ပါဘူး။ ကျွန်တော်လည်း စီမံခန့်ခွဲလို့ မရပါဘူး။ အဲဒါကြောင့် ကျွန်တော် ကိုယ့်ကိုကိုယ် ဖိအားတွေ ပေးနေရတာပါ။” ဆိုပြီး အမော်ရင်ပ ပြီးခဲ့တဲ့ ဧပြီလတုန်းက ပြောကြားခဲ့ဖူးပါတယ်။

ဆက်လက်ပြီး “ကျွန်တော်တို့ ကလပ် အတွင်းက အရာ တော်တော်များများကို ပြောင်းလဲနေပြီး အချိန် အများကြီး ယူရမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် နှစ်တွေ အများကြီး လိုတယ်လို့ မပြောပါဘူး။ နောက်နှစ်က ကျွန်တော် တို့ရဲ့ ရည်မှန်းချက်ပါ။ နောက်နှစ်မှာ ဆုဖလားတွေ ဆွတ်ခူးမယ်လို့ ကျွန်တော် မပြောပါဘူး။ ကျွန်တော် မရူးပါဘူး။ ဆုဖလားတွေ ဆွတ်ခူးဖို့ နှစ်တွေ အများကြီး လိုအပ်တယ် ဆိုတဲ့ စကား ကိုပဲ ကျွန်တော် မလိုချင်တာပါ။ ဖြည်းဖြည်းမှန်မှန်လေးပဲ သွားကြရအောင်ပါ။ အလျင်လိုဖို့ မလိုအပ်ပါဘူး။ နောက်နှစ်မှာ အများကြီး ပိုကောင်းလာဖို့ ရုန်းကန်ရဦးမှာပါ။” “လေးနှစ် အတွင်းမှာ ကျွန်တော် မပြောနိုင်ပါဘူး၊ ကျွန်တော်တို့ တစ်ခုခု ရဖို့ ကြိုးစားနေတုန်းပါပဲ။ ကျွန်တော့် အတွက် ကတော့ လာမယ့် ရာသီမှာ ပိုကောင်းလာဖို့ လိုပါတယ်။ ဒါက ကြီးမားတဲ့ ကလပ် အသင်း ဖြစ်လို့ ကျွန်တော်နဲ့ ဒီမှာရှိတဲ့ လူတိုင်းကို ဖိအားတွေ ပေးချင်ပါတယ်။” လို့ အမော်ရင်က ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်