တော့တင်ဟမ်ဟော့စပါး – ဝက်စ်ဟမ်း
လန်ဒန် နှစ်သင်း ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး – ဝက်စ်ဟမ်း တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ပွဲကြို အချက်အလက်တွေ၊ နှစ်ဖက်အသင်း သတင်းတွေနဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးချင်ပါတယ်။
တော့တင်ဟမ်ဟော့စပါး ကတော့ မန်စီးတီးကို အနိုင်ယူပြီး ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ လက်စတာကို ဂိုးပြတ် ရှုံးသွားပါတယ်။ အေစီမီလန် ကိုလည်း ချန်ပီယံလိဂ်မှာ အရေးနိမ့်ခဲ့လို့ ဖိအားတွေလည်း ရှိနေပါတယ်။ ဒါက အန်တိုနီယို ကွန်တီ အတွက်တော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းနေပြီး သူကိုယ်တိုင်လည်း အသင်း ကနေ ထွက်ချင်နေတဲ့ ပုံစံမျိုးတွေ ပြောနေလို့ စပါးရဲ့ အခြေအနေက စိုးရိမ်စရာပါ။
ဝက်စ်ဟမ်းက ချဲလ်ဆီးကို သရေကစားနိုင်ခဲ့ပြီး ကစားပုံလည်း ကောင်းခဲ့ပါတယ်။ စပါး ဘက်ကို ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပြီး ဇယားအထက်ကို ရောက်ဖို့ အသားကုန် ညှစ်ကန်နေပါတယ်။ ပွဲပမ်းမှု ဒဏ်လည်း မရှိတာကြောင့် အင်ပြည့်အားပြည့် ကစားနိုင်ဖို့ ရှိပြီး ချန်ပီယံလိဂ် ပွဲရှိတဲ့ စပါးကြောင့် အခွင့်အရေး ပိုရနိုင်ဖို့ ရှိနေပါတယ်။
စပါး ဂိုးသမား လိုရစ်က အနားယူရဦးမှာ ဖြစ်ပြီး ဘစ်ဆူမား ကတော့ ဒဏ်ရာက ပြန်သက်သာလာဖို့ ကြိုးစားနေရတုန်းပါ။ ဟယ်ရီကိန်းက ဂိုးတွေ ဆက်တိုက် သွင်းနေပေမယ့် သူ မသွင်းနိုင်ရင် စပါးမှာ ဂိုးရအော င်ယူပေးမယ့်သူ မရှိတဲ့ ပြသနာကို ကွန်တီ ဖြေရှင်းနေရပါတယ်။ ဝက်စ်ဟမ်းမှာ အဂူရေ့ဒ်နဲ့ ပါကွေတာတို့ ချယ်လ်ဆီးနဲ့ ပွဲမှာ ဒဏ်ရာရသွားလို့ စိုးရိမ်စရာ ကောင်းနေပါတယ်။ အထူးသဖြင့် ပါကေးတား မကစားနိုင်ရင် ဝက်စ်ဟမ်း ကွင်းလယ်က သိသိသာသာ အားပျော့သွားပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
တော့တင်ဟမ်ဟော့စပါး – ဖော်စတာ၊ ရိုမဲယို၊ ဒီယာ၊ ဒေးဗီးစ်၊အီမာဆန်၊ ဟိုးဘာ့ဂျ်၊ စကစ်၊ ဆား၊ ပါရီဆစ်၊ ကူလူဆက်ဗ်စကီး၊ ဆွန်ဟောင်မင်၊ ဟယ်ရီကိန်း
ဝက်စ်ဟမ်း – ဖေဘီယန်စကီး၊ ခါရာ၊ အော့ဘွန်နာ၊ ဂျွန်ဆင်၊ ကူဖယ်လ်၊ ပါကွေတာ၊ ဒီကလန်ရိုက်၊ အီမာဆင်၊ ဘိုဝင်၊ ဘန်ရားမား၊ အန်တိုနီယို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံခဲ့မှုမှာ စပါး ၁ ပွဲတည်းသာ အနိုင်ရခဲ့ပြီး ဝက်စ်ဟမ်း ၂ ပွဲ အနိုင်ရကာ ၂ ပွဲ သရေကျခဲ့ပါတယ်။ စပါးကွင်း နောက်ဆုံး ၂ကြိမ် တွေ့ဆုံမှုမှာ ဂိုးပေါ်တွေချည်း ဖြစ်ခဲ့ပါတယ်။ စပါးက လိဂ်ပွဲ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲ ရှုံး ၂ ပွဲ နိုင်ပြီး သရေ မရှိခဲ့ဘဲ ဂိုးပေါ် ၂ ပွဲသာ ကစားခဲ့ပါတယ်။ ဝက်စ်ဟမ်း ကတော့ နောက်ဆုံး ၅ ပွဲမှာ သရေ ၃ ပွဲ အထိ ကစားခဲ့ပြီး ၁ ပွဲ ရှုံးကာ ၁ ပွဲ နိုင်ခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
1×2 မှာ စပါး နိုင်ရင် ၁.၈၅ ဆ၊ ဝက်စ်ဟမ်း နိုင်ရင် ၄ ဆအထိ ရမှာပါ။ Handicap မှာ စပါးက သရေ အရှုံးပေးထားပြီး ဂိုးပေါင်းက ၂ လုံး အရှုံးပါ။ စပါးက အနိုင်ရတာနဲ့ အပြည့်နီးပါး ရမယ့် ကြေးမျိုး ဖြစ်နေတာက ချန်ပီယံလိဂ်ပွဲ ကစားဖို့ကြောင့်လား ဆိုပြီး တွေးမိပါတယ်။ တကယ်ဆိုရင် သူတို့ ဒီဘက် မှာလည်း ရလဒ်တွေ ညံ့နေလို့ အနိုင်ရအောင် ကစားရမှာပါ။ ဒါဆိုရင် ကြေးပြင်းရမှာ ဖြစ်ပြီး အခု ကတော့ ကြေးပျော့နေပါတယ်။ ဝက်စ်ဟမ်းရဲ့ သရေခံ ကစားနိုင်စွမ်း၊ စပါးရဲ့ ချန်ပီယံလိဂ်ဘက် အားစိုက်နေမှုတို့ကြောင့် ဝက်စ်ဟမ်းကို ရွေးချယ်တာ အကောင်းဆုံးပါပဲ။ X2ကို ရွေးချယ်ပြီး ဂိုးပေါင်း အပေါ်နဲ့ ကာထားသင့်ပါတယ်။
ခန့်မှန်းရလဒ်
တော့တင်ဟမ်ဟော့စပါး ၂-၂ ဝက်စ်ဟမ်း
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.