နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖာဘရီဂတ်စ်ကို ချဲလ်ဆီး နည်းပြ အဖြစ် မြင်တွေ့လိုနေတဲ့ အီဒင် ဟာဇက် | ပရီးမီးယားလိဂ်

ချဲလ်ဆီး ကစားသမားဟောင်း အီဒင် ဟာဇတ် ကတော့ လက်ရှိ ကိုမို နည်းပြ ဆက်စ် ဖာဘရီဂတ်စ်ကို ချဲလ်ဆီး နည်းပြ အဖြစ် မြင်တွေ့ချင်လိုကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ဟာဇက်က သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ်ဟောင်းကို အကောင်းဆုံး ဖြစ်စေချင်သလို ဖာဘရီဂတ်စ်ကို နည်းပြ အဖြစ် မြင်တွေ့ရဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

ဆက်စ် ဖာဘရီဂတ်စ်ဟာ စီးရီးအေ ကလပ် ကိုမိုနဲ့ အတူ သူ၏ နည်းပြ စွမ်းဆောင်ရည်ကောင်းတွေကို ပြသပြီး လူအများရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။ ဒါပေမယ့် အသင်းဖော်ဟောင်း ဟာဇက် ကတော့ ဖာဘရီဂတ်စ် အနေနဲ့ သူတို့ရဲ့ ပရီးမီးယားလိဂ် ကလပ်ဟောင်း ချဲလ်ဆီးကို ကိုင်တွယ်ဖို့ အသင့်ဖြစ်နေပြီလို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကြယ်ပွင့်ဟောင်း အီဒင် ဟာဇတ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ကိုမို နည်းပြ ဖာဘရီဂတ်စ်နဲ့ ချဲလ်ဆီးကို ပြန်လာဖို့ ကိစ္စတွေနဲ့ ပတ်သတ်လို့ ဆွေးနွေး ဖြစ်ခဲ့ကြတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ စတမ်းဖို့ဒ်ဘရစ်ချ်မှာ (၇) နှစ်ကြာ ကစားခဲ့တဲ့ ဟာဇက်ဟာ ဖာဘရီဂတ်စ်နဲ့ အတူ ၂၀၁၄ ကနေ ၂၀၁၉ အထိ တွဲဖက်ကစားခဲ့ပြီး အဓိက ဆုဖလားကြီး (၅) လုံးကို ဆွတ်ခူးခဲ့ဖူးသူပါ။

ဟာဇက်က ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ပြီးနောက် ဘောလုံးသမား ဘဝ ကနေ အနားယူခဲ့ပေမယ့် ၂၀၂၃ မှာ ကစားသမား ဘဝ ကနေ အနားယူခဲ့တဲ့ ဖာဘရီဂတ်စ် ကတော့ နည်းပြ လောကထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဖာဘရီဂတ်စ်ဟာ ကိုမို လူငယ် အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၂၄ ဇူလိုင်လမှာ စီနီယာ အသင်းကြီးရဲ့ နည်းပြ အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ သူဟာ ကိုမို ကို စီးရီးဘီ ကနေ စီးရီးအေဆီ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့သူလည်း ဖြစ်သလို လက်ရှိ မှာလည်း ကိုမိုကို အကောင်းဆုံး ဦးဆောင်ထားသူ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်ရဲ့ အောင်မြင်မှုတွေကို ကြည့်မယ် ဆိုရင်တော့ ပထမဆုံး ရာသီ အပြည့် ကိုင်တွယ်ရာမှာ ကိုမိုကို အဆင့် (၁၀) နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။ လက်ရှိ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီ မှာတော့ အသင်းကို အဆင့် (၆) နေရာ အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးထားပြီး ချန်ပီယံလိဂ် ဝင်ခွင့် နေရာနဲ့လည်း (၄) မှတ်သာ ကွာဟပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကြယ်ပွင့်ဟောင်း အီဒင် ဟာဇတ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ကိုမို နည်းပြ ဖာဘရီဂတ်စ်နဲ့ ချဲလ်ဆီးကို ပြန်လာဖို့ ကိစ္စတွေနဲ့ ပတ်သတ်လို့ ဆွေးနွေး ဖြစ်ခဲ့ကြတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဖာဘရီဂတ်စ်ကို အကောင်းဆုံး နည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ထားတဲ့ ဟာဇက်

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ဖာဘရီဂတ်စ်ကို ဥရောပ ထိပ်သီး ကလပ် တော်တော်များများက စောင့်ကြည့်နေပေမယ့် စပိန်သား ကတော့ ရာသီကုန်အထိ ကိုမိုကို ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။ ချဲလ်ဆီးဟာ မကြာသေးခင်ကမှ နည်းပြ အန်ဇို မာရက်စကာရဲ့ နေရာမှာ လီယမ် ရိုစီနီယာနဲ့ အစားထိုးခဲ့ပေမယ့် ဟာဇက် ကတော့ ဖာဘရီဂတ်စ် တစ်နေ့မှာ ချဲလ်ဆီးကို ပြန်လာမှာက အချိန် တစ်ခုပဲ လိုတော့တယ်လို့ ယူဆနေပါတယ်။

ဟာဇက်က “ပွင့်ပွင့်လင်းလင်း ပြောရရင် နွေရာသီမှာ ကျွန်တော်တို့ နည်းနည်း စကားပြော ဖြစ်ခဲ့တယ်။ သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူတွေ ထဲက တစ်ဦး ဖြစ်သလို အကောင်းဆုံး နည်းပြ တစ်ဦးလည်း ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့တယ်။ သူ့ကို ချဲလ်ဆီးကို ပြန်လာရမယ့် အချိန် ရောက်ပြီလို့ ကျွန်တော် ရှင်းပြခဲ့တော့ သူက ရယ်စရာ တစ်ခုလို နောက်ပြောင်ခဲ့ပေမယ့် ကျွန်တော် ကတော့ ဒါကို တကယ် ယုံကြည်ပါတယ်။ သူက ဘောလုံးကို ချစ်မြတ်နိုးပြီး ဒီအားကစား အကြောင်း အကုန်သိတဲ့သူပါ။ ကျွန်တော်က ချဲလ်ဆီး ပရိသတ် တစ်ယောက် ဖြစ်လို့ အသင်း အတွက် အကောင်းဆုံးပဲ ဖြစ်စေချင်ပါတယ်။ ဒါကြောင့်လည်း ဆက်စ်ကို နည်းပြတန်းမှာ မြင်တွေ့ဖို့ အိပ်မက်မက်နေတာပါ။ ကျွန်တော် ကတော့ သူ့နောက်က ပရိသတ်ခုံမှာ ထိုင်ပြီး ကွင်းထဲက ပွဲကောင်းတွေကို ကြည့်ရှု ခံစားနေမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ကိန်းဂဏန်းအချက်အလက်တွေ အပေါ် အခြေခံပြီး စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်တော့ ဖာဘရီဂတ်စ် နည်းပြ ဖြစ်လာပြီး နောက်ပိုင်း စီးရီးအေမှာ ကိုမို (၈၆ ဂိုး) ထက် ဂိုးပိုသွင်းနိုင်တဲ့ အသင်း (၆) သင်းသာ ရှိပါတော့တယ်။ (အင်တာမီလန်၊ အတ္တလန်တာ၊ အေစီမီလန်၊ ဂျူဗင်တပ်စ်၊ နာပိုလီ နဲ့ ဘိုလော့ဂ်နာ)

ဖာဘရီဂတ်စ်ဟာ ဘောလုံး ပေးပို့ခြင်း (passing) ကို အခြေခံတဲ့ ကစားကွက်ကို အသုံးပြုပြီး သူ့ရဲ့ အသင်းဟာ ထိပ်တန်း လိဂ်မှာ အောင်မြင်တဲ့ ဘောလုံးပေးပို့မှု အကြိမ်ရေ ၂၅,၇၄၇ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ ဒီပမာဏဟာ နာပိုလီ၊ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် တို့ရဲ့ နောက်မှာ စတုတ္ထမြောက် အများဆုံး ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ တပတ်က အတ္တလန္တာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲ မှာလည်း ကိုမို အသင်းရဲ့ တိုက်စစ်ဟာ တော်တော်လေး ခြိမ်းခြောက်နိုင်စွမ်း ရှိခဲ့ပါတယ်။ Opta ရဲ့ မှတ်တမ်းတွေ အရ ကိုမိုဟာ အဲဒီပွဲမှာ မျှော်မှန်းဂိုး (xG) ၅.၂၄ အထိ ရှိခဲ့ပြီး ဒါဟာ ၂၀၁၀-၁၁ နောက်ပိုင်း စီးရီးအေမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ အသင်းတွေ ထဲမှာ ဒုတိယမြောက် (xG) အများဆုံး မှတ်တမ်းပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်